မဲရုံမှူးများ အသုံးစရိတ် ပြည်သူ ကျခံမည်

မဲရုံမှူးများ အသုံးစရိတ် ပြည်သူ ကျခံမည်
by -
ခိုနူမ်းထုန်သတင်း

ပြီးခဲ့သည့် နိုင်ဝင်ဘာ ရ ရက်နေ့က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ၌ ချင်းပြည်နယ်အတွင်း တာဝန်ကျ မဲရုံမှူးများ ၏ အသုံးစရိတ် ...

ပြီးခဲ့သည့် နိုင်ဝင်ဘာ ရ ရက်နေ့က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ၌ ချင်းပြည်နယ်အတွင်း တာဝန်ကျ မဲရုံမှူးများ ၏ အသုံးစရိတ်အတွက် ပြည်သူများထံ ငွေကောက်ခံမည်ဖြစ်ကြောင်း အမည်အဖော်လိုသူ မဲရုံမှူးတဦးက ပြောသည်။

ရွေးကောက်ပွဲကာလအတွင်း မဲရုံမှူးများ၏ စားစရိတ် နှင့် ခရီးစရိတ် စသည့် ကုန်ကျစရိတ်များကို သက်ဆိုင်ရာ ကျေးရွာအုပ်စု နှင့် ရပ်ကွက်ပြည်သူများက ကျခံ ရမည်ဖြစ်ကြောင်း အဆိုပါ ကုန်ကျငွေကို ဒေသခံ ရယက တွေက ကောက်ခံပေးမည်ဟုဖြစ်ကြောင်း သိရသည်။

ဖလမ်းမြို့နယ် Tiau ကျေးရွာတွင် တာဝန်ကျမဲရုံမှူးတဦးက “ တနေကုန်မဲရုံမှာ နေရတယ်၊ အဲဒီအတွင်း ၀က်တကောင်ကို ကျပ်ငွေ တသိန်းလေးသောင်းနဲ့ ၀ယ်စားကြတယ်၊ အဲဒါကို ပြည်သူတွေထံ ငွေပြန်ကောက်ရမယ် ဟု ပြောသည်။

ဒေသခံပြည်သူများသည် မဲပြား နှင့် မဲပုံးများကို သက်ဆိုင်ရာ မြို့များသို့ လူထုအား သွားယူခိုင်းခြင်းဖြစ်ပြီး ခရီးစရိတ်ကို
တစုံတရာထုတ်ပေးခြင်းမရှိကြောင်းသိရသည်။

အမည်အဖော်လိုသူ ဒေသခံတဦးက “ အတော်ကိုစိတ်ပျက်စရာကောင်းတယ်၊ အစိုးရမှကျင်းပတဲ့ရွေးကောက်ပွဲမှာ အစိုးရ ကသာ အားလုံးတာဝန်ယူသင့်တယ်၊ အခုတော့ ပြည်သူများက လုပ်အားလည်းပျက်၊ ဧည့်ခံစရိတ်ကိုပါ တာဝန်ယူ တယ်ဆို တော့ ဒါလုံးဝကို မတရားတဲ့လုပ်ရပ်ဖြစ်တယ်” ဟု ပြောသည်။

စစ်အစိုးရသည် ရွေးကောက်ပွဲကာလတွင် အစိုးရဝန်ထမ်းများနှင့် ရယကတွေကို မဲရုံစောင့်အဖြစ် တာဝန်ပေးထားခြင်းဖြစ် ပြီး ယင်းတာဝန်အတွက် ထောက်ပ့ံမှု တစုံတရာ မရှိပေ။

မတူပီမြို့နယ်တွင် ကျေးရွာ ကော်မရှင်များအတွက် အထက်က ကျပ်ငွေ ၈ ထောင်ထုတ်ပေးထားသော်လည်း တံဆိပ်တုံး နှင့် တခြား
လိုအပ်ချက်များအတွက်ဆိုပြီး ပြန်လည်ဖြတ်တောက်ထားကြောင်း သိရသည်။

” မဲပုံးတွေ၊မဲပြားတွေကို ကိုယ့်စရိတ်နဲ့ကိုယ်ပဲ မြို့နယ်ကော်မရှင်သို့ပို့ရတယ်” ဟု ဒေသခံတဦးက ပြောသည်။