ယူအက်စ်ဒီပီ ပြည်သူ့ကိုယ်စားလှယ် ကျပ်ငွေ သိန်း ၂၀ ဂတိဖြင့် အနိုင်မဲရသွား

ယူအက်စ်ဒီပီ ပြည်သူ့ကိုယ်စားလှယ် ကျပ်ငွေ သိန်း ၂၀ ဂတိဖြင့် အနိုင်မဲရသွား
by -
ခိုနုမ်းထုန်

ချင်းပြည်နယ်၊ မတူပီမြို့နယ် မဲဆန္ဒနယ်၊ ပြည်သူ့ကိုယ်စားလှယ်ဖြင့် အရွေးခံရသူ ဒေါက်တာ ရိုအုပ်သည် ၎င်းမဲဆန္ဒနယ်အတွင်း ဒေသခံများအား ကျပ်ငွေ သိန်း ၂၀ ဂတိဖြင့် ...

ချင်းပြည်နယ်၊ မတူပီမြို့နယ် မဲဆန္ဒနယ်၊ ပြည်သူ့ကိုယ်စားလှယ်ဖြင့် အရွေးခံရသူ ဒေါက်တာ ရိုအုပ်သည် ၎င်းမဲဆန္ဒနယ်အတွင်း ဒေသခံများအား ကျပ်ငွေ သိန်း ၂၀ ဂတိဖြင့် အနိုင်မဲရရှိသွားကြောင်း ဒေသခံများက ဆိုသည်။

usdp-n-money-300x176အောက်တိုဘာလတုန်းက လိုင်လင်းပီ ရွာသားတွေကို စည်းရုံးရာတွင် ရွာသားများက သိန်း ၂၀ ကျပ် ပေးပါက မဲပေးမည်ဟု တောင်းဆိုခဲ့ခြင်းကြောင့် လိုင်လင်းပီရွာတွင် မဲ ၈၀၀ ခန့် ရသွားကြောင်း သိန်း ၂၀ ဒေသခံများ ရရှိခြင်း ရှိမရှိကိုမူ မသိရသေးကြောင်း ပြောကြသည်။

“လိုင်လင်းပီထဲ မကဘူး၊ စခိုင်း၊ ဆဘောင်းပီ၊ ဆဘောင်းသဲ စတဲ့ မတူပီမြို့နယ် မရာဒေသ ရွာကြီးတွေကိုလည်း ဂတိခထားတယ်” ဟု ဒေသခံပြည်သူ တဦးက ပြောသည်။ အသေးစိပ်ကိုမူ မသိရပေ။

ထို့အပြင် ရွေးကောက်ပွဲ ကာလတွင် မတူပီမြို့နယ်၊ လေရိန်းရွာနှင့် အောက်လားရွာရှိ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များသည် မဲဆန္ဒရှင်များ ဘုရားကျောင်း သွားနိုင်ရေး အကြောင်းပြပြီး ၎င်းတို့၏ မဲပြားများကို ယူကာ ကိုယ်စား မဲပေးခဲ့ကြောင်း သိရသည်။

“အဲဒီကိစ္စ ကော်မရှင်ကို သွားပြောတယ်၊ ဒါပေမဲ့ ကော်မရှင်က နောက်မှ ရှင်းပေးမယ်လို့ပဲ ပြောကြတယ်၊ ရှင်းလဲ မပေးဘူး” ဟု အဲန်ဒီအက်ဖ် ပါတီဝင် တဦးက ပြောသည်။

နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြည်သူ့လွှတ်တော်အတွက် အဲန်ဒီအက်ဖ် ကိုယ်စားလှယ် ဦးရွှေထန်းက ၅၉၀၀ မဲ ၊ ယူအက်စ်ဒီပီ ကိုယ်စားလှယ် ဒေါက်တာ ရိုအုပ်က ၃၇၄၃ မဲ ရကြသော်လည်း ကြိုတင်မဲ ၂၃၅၀ ကြောင့် ဦးရွှေထန်း ရှူံးသွားခြင်း ဖြစ်ကြောင်း ၀န်ထမ်းတဦးက ဆိုသည်။

“ကြိုတင်မဲပြားက ယူအက်စ်ဒီပီမဲ ဖြစ်သွားလို့ပါ” ဟု အဆိုပါ ၀န်ထမ်းက ပြောသည်။

၎င်းကိစ္စနှင့် ပါတ်သက်ပြီး ရယက ဥက္ကဌ တဦးက “ကျတော်တို့ ရလာတဲ့ အခွင့်အရေးကို အသုံး မချတတ်ဘူး၊ ပေါ်တာ ဆက်ထမ်းကြအုံးမှာပေါ့” ဟု ငြိးငြူပြောဆိုသွားသည်။