ချင်းပြည်နယ် ရွေးကောက်ပွဲ လက်ရှိ အခြေအနေ

ချင်းပြည်နယ် ရွေးကောက်ပွဲ လက်ရှိ အခြေအနေ
by -
ခိုနူမ်းထုန်သတင်း

ယခုလက်ရှိ ချင်းပြည်နယ် ရွေးကောက်ပွဲ အခြေအနေတွင် ဟားခါးနှင့် ထန်တလန်မြို့နယ်တွင် ချင်းအမျိုးသားပါတီ (စီအဲန်ပီ)၊ တီးတိန်မြို့နယ်တွင် ကြံ့ဖွံ့ပါတီ၊ ဖလမ်းမြို့နှင့် ပလက်ဝ၊ စစ်ကိုင်းတိုင်း ကလေးမြို့ ...

ယခုလက်ရှိ ချင်းပြည်နယ် ရွေးကောက်ပွဲ အခြေအနေတွင် ဟားခါးနှင့် ထန်တလန်မြို့နယ်တွင် ချင်းအမျိုးသားပါတီ (စီအဲန်ပီ)၊ တီးတိန်မြို့နယ်တွင် ကြံ့ဖွံ့ပါတီ၊ ဖလမ်းမြို့နှင့် ပလက်ဝ၊ စစ်ကိုင်းတိုင်း ကလေးမြို့နှင့် တမူးမြို့နယ်များတွင် ချင်းတိုးတက်ရေးပါတီ (စီပီပီ)က ဦးဆောင်နေသည်ဟု သိရသည်။

hakha-p-b-300x190“ခုလောလောဆယ်မှာတော့ ပြည်နယ်မြို့တော် ဟားခါးနဲ့ ထန်တလန်မြို့တွေက မဲဆန္ဒနယ်အားလုံးမှာ စီအဲန်ပီက ထိပ်ဆုံးကနေ ဦးဆောင်နေပြီးတော့ နယ်ဘက်က မဲစာရင်းများ မြို့ပေါ်ကို မရောက်လာသေးတဲ့အတွက် အတိကျ ပြောဖို့ ခက်နေသေးတယ်” ဟု ချင်းအမျိုးသားပါတီ ဥကဌ ဦးဇိုဇမ်းက ပြောသည်။

ယခုအထိ ထန်တလန်မြို့ပေါ်တွင် စီအဲန်ပီပါတီသည် တခြားပါတီများနှင့် မဲပေးသူ အင်မတန်ကွာဟ ဦးဆောင်နေသည်ဟု သိရသည်။ ထန်တလန်မြို့နယ် Hmun helh ကျေးရွာတွင် စီအဲန်ပီမှ စုစုပေါင်း ၄၈၈၊ ယူအက်စ်ဒီပီမှ ၁၉၂၊ အဲန်ယူပီမှ ၃၀၅ အသီးသီး ရရှိကြကြောင်း၊ သို့သော် မဲမထည့်ချင်သူ ၅၀ ခန့် ရှိသည်ဟုလည်း သိရသည်။

“ထန်တလန်မြို့နယ် မဲဆန္ဒနယ် ၂ မှာ တော့ ချင်းအမျိုးသားပါတီက အနိုင်ရလိမ့်မယ်လို့ မျှော်လင့်တယ်။ ဒါပေမယ့် နယ်ဘက် မဲစာရင်းတွေ ရောက်မလာသေးတော့ အတိအကျတော့ ပြောလို့ မရသေးဘူး” ဟု ခေါနှုမ်းထုန်သတင်း နယ်စပ်သတင်းထောက်က ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်းဒေသများတွင် ဖုန်းလိုင်းများကို အစိုးရ ပိတ်လိုက်သည့် အတွက်ကြောင့် ချင်းပြည်နယ် တောင်ပိုင်းဒေများမှ အခြေအနေကို မသိရှိနိုင်သေးကြောင်း ဦးဇိုးဇမ် ဆက်ပြောသည်။

“ကျတော်တို့ ချင်းတိုးတက်ရေးပါတီ (စီပီပီ)က စစ်ကိုင်းတိုင်း တမူး၊ ကလေးမြို့နဲ့ ချင်းပြည်နယ် ဖလမ်း၊ ပလက်ဝမြို့နယ်တွေမှာ အခုချိန်ထိတော့ အခြေအနေ ကောင်းနေပါတယ်” ဟု စီပီပီ ပြောခွင့်ရသူ တဦးက ပြောသည်။

ချင်းတိုးတက်ရေးပါတီ (စီပီပီ)က ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် မဲအပြတ်အသတ်ဖြင့် လွှတ်တော် သုံးရပ် စလုံးတွင် အနိုင်ရရှိသွားကြောင်း သိရသည်။ ဖလမ်းမြို့နယ်တွင် အမျိုးသားလွှတ်တော် (၂) နေရာ၊ ပြည်သူ့လွတ်တော် (၁)နေရာနှင့် ပြည်နယ်လွတ်တော် (၂) စုစုပေါင်း ၅ နေရာ ရှိပြီး ချင်းတိုးတက်ရေးပါတီက ယင်းနေရာအားလုံးတွင် အနိုင်ရရှိသွားသည်ဟု စီပီပီကနေ ဖလမ်းမြို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်အရွေးခံပြီး အနိုင်ရရှိခဲ့သည့် ဦးနထန်းက ပြောသည်။

စီပီပီမှ အနိုင်ရရှိသွားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ U Khuang Ling ပြည်သူ့လွှတ်တော်၊ U Con Kheng အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၁)၊ U Zung Hlei Thang အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၂)၊ U Nah Thang ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁)၊ U No Sun ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၂) တို့ ဖြစ်ကြသည်။

ဖလမ်းမြို့နယ်တွင် ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ပြည်ထောင်စု ကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ စုစုပေါင်း မဲပေးနိုင်သူ ၂ သောင်းခန့် ရှိသော်လည်း ၁ သောင်းခွဲခန့်က မဲပေးခဲ့ကြသည်ဟု သိရသည်။

မတူပီ မြို့ပေါ်တွင် လေးရပ်ကွက်အနက် ငလားရပ်ကွက်တွင် အဲန်ဒီအက်ဖ်က အများဆုံး ဖြစ်ပြီး စန်ဘောင်ရပ်ကွက်တွင် ယူအက်စ်ဒီပီက အများဆုံး ဖြစ်သည်။ မတူပီမြို့နယ် ရေဇွာမြို့ခွဲတွင် စီပီပီက အသာစီးရပြီး လိုင်လင်းပီတွင် ယူအက်စ်ဒီပီက အများဆုံး ရရှိကြောင်း သိရသည်။

ယခုလက်ရှိ အခြေအနေတွင် တီးတိန်မြို့တွင် ကြံ့ဖွံ့ပါတီက ဦးဆောင်နေပြီး လွှတ်တော်အသီးသီးတွင် အနိုင်ရရှိသူများမှာ ပြည်သူ့လွှတ်တော်တွင်- U Pum Khan En ( USDP)၊ အမျိုးသားလွှတ်တော်တွင်၊ U Kham Suan Mung ( USDP) နှင့် U Suan Do Cin ( USDP)၊ ပြည်နယ်လွှတ်တော်တွင် U Nang Za Mung (USDP) နှင့် U Zam Cin Pau (B) Zozam (CNP) တို့ ဖြစ်ကြသည်။
တီးတိန်မြို့နယ် လွှတ်တော် အသီးသီးတွင် အနိုင်ရရှိသူများနှင့် ရရှိသော မဲစာရင်း-
USDP: ပြည်သူ့လွှတ်တော် Pa Pum Khan En (12247)
အမျိုးသား လွှတ်တော်တွင် Pa Kham Suan Mung (5771)နှင့် Pa Suan Do Cin (6038)
ပြည်နယ် လွှတ်တော်တွင် Pa Nang Za Mung(5779)နှင့် Pa Hang Khan Khai (5396)
NUP: ပြည်သူ့လွှတ်တော် Pa Vum Lian Thang (9074)၊ အမျိုးသားလွှတ်တော် Pa Khup Cin Pau (5118)နှင့် Pa Thawng Sawm Pau (3674)
ပြည်နယ်လွှတ်တော် Pa Thang Go Khai (4686)နှင့် Pa Hau Za Dal (2944)
CPP: ပြည်သူ့လွှတ်တော် Pa PS Kham Do Nang (2250)
အမျိုးသား လွှတ်တော်Pa Gin Heh Lian (1207)နှင့် Pa SB Khan Zam Vungh(1763)
ပြည်နယ် လွှတ်တော်Pa Thuam Go Thang (728)နှင့် Pa Gin Thang (2185)
CNP: ပြည်သူ့လွှတ်တော် Dr Pa Kam Cin Dal (10257)
အမျိုးသားလွှတ်တော် Pa Khup Lian (4580)နှင့် Pa Lang Za Mang (5635)
ပြည်နယ်လွှတ်တော် Pa Kam Lian Thang (4756)နှင့် Pa Zam Cin Pau ( Zozam) (6292)

တီးတိန်မြို့နယ်တွင် မဲရုံပေါင်း ၁၇၇ ရုံ ရှိပြီး မဲဆန္ဒနယ် ၂ ခု မှ မဲပေးနိုင်သူ ၄၃၇၄၉ ခန့် ရှိသည်ဟု သိရသည်။

ချင်းပြည်နယ်တွင် အစိုးရက ကောက်ခံခဲ့တဲ့ ကြိုတင်မဲက ရွေးကောက်ပွဲ ရလဒ်ကို ထိရောက်သော ပြောင်းလဲမှု ပေးနိုင်လိမ့်မည် မဟုတ်ဟု ဒေသခံများက ပြောပါသည်။