ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်သည့် ချင်းပြည်နယ်က ကြံ့ဖွံ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၂ ဦးကို ပြန်လည်လက်ခံ....
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်သည့် ချင်းပြည်နယ်က ကြံ့ဖွံ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၂ ဦးကို ပြန်လည်လက်ခံလိုက်သည်ဟု သိရသည်။
ကြံ့ဖွံ့ပါတီမှ ဟားခါးမြို့ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးဟရမ်းကျဲအိုနှင့် ထန်တလန် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးငွန်ဟရမ်းတို့ကို တရားမ၀င် နိုင်ငံခြား သွားရောက် နေထိုင်မှုကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင်က ပြီးခဲ့သည့် စက်တင်ဘာလတုန်းက ပယ်ချခဲ့ခြင်း ဖြစ်သည်။
၎င်းကိစ္စအတွက် ဗဟိုရွေးကောက်ပွဲကော်မရှင်ထံ အယူခံလွှာ တင်သွင်းခဲ့ပြီး ယခုလဆန်းပိုင်းက ပြန်လည်လက်ခံလိုက်ခြင်း ဖြစ်သည်ဟု ဟားခါးမြို့ဒေသခံ တဦးက ပြောသည်။ သူတို့က နေပြည်တော်ကို သွားပြီး အယူခံလွှာ တင်သွင်း တယ်လေ… ဗဟိုရွေးကောက်ပွဲေ က်ာမရှင်က ပြန်စီစစ်ပြီးတော့ သူတို့ နှစ်ဦးက နိုင်ငံခြားကို တရားဝင် သွားရောက်တာ ဖြစ်တယ် ဆိုပြီး ပြန်လက်ခံလိုက်တာဟု ဒေသခံက ပြောသည်။
အလားတူ ချင်းအမျိုးသားပါတီမှ မင်းတပ်မြို့နယ် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဟုန်းနိုင်းကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့ရာ ငွေရေးကြေးရေး ခက်ခဲမှုကြောင့် အယူခံလွှာ တင်သွင်းနိုင်ခြင်း မရှိကြောင်း ချင်းအမျိုးသား၏ ပါတီ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘခ်ထောင်းက ပြောသည်။
ချင်းအမျိုးသားပါတီ အနေဖြင့် အဆိုပါ မဲဆန္ဒနယ်ကို လက်လွှတ်လိုက်ကြသော်လည်း အမှတ် ၁ မဲဆန္ဒနယ်တွင် ပြည်နယ် ကိုယ်စားလှယ် အဖြစ် ဦးဖွေးအာက ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း သိရသည်။
“ဘာပဲဖြစ်ဖြစ် အမှတ် ၁ မဲဆန္ဒနယ်အတွက် ဖိဖိစီးစီး လုပ်ရမယ်၊ ကိုယ့်အမျိုးသားရေအတွက်ပဲ” ဟု မင်းတပ်မြို့နယ်မှ ချင်း အမျိုးသားပါတီ ခေါင်းဆောင် တဦးက ပြောသည်။
မင်းတပ် မဲဆန္ဒနယ်မြေ (၂) တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကြံ့ဖွံ့ပါတီမှ ဗိုလ်မှူးချူပ်ဟောင်း ဦးဟုန်းငိုင်၊ တစညပါတီမှ ဦးဂေဟုန်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချူပ်ပါတီမှ ဦးချွဲရိုင်းတို့သာ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။