ချင်းပြည်နယ် ကြံ့ဖွံ့  လွှတ်တော် ကိုယ်စားလှယ်လောင်း ၂ ဦး ပယ်ချခံရ

ချင်းပြည်နယ် ကြံ့ဖွံ့  လွှတ်တော် ကိုယ်စားလှယ်လောင်း ၂ ဦး ပယ်ချခံရ

လာမည့် နိုဝင်ဘာ ၇ ၇က်နေ့ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ ) ကနေ လွှတ်တော်ကိုယ်စားလှယ်လောင်အဖြစ် ၀င်ရောက်အရွေးခံကြမည့် ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန် မြို့နယ်က ချင်းအမတ်လောင်း ၂ ဦးကို လွန်ခဲ့တဲ အပတ်က  ရွေးကောက်ပွဲ ကော်မရှင်ကနေ ပယ်ချ....

 

လာမည့် နိုဝင်ဘာ ၇ ၇က်နေ့ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ ) ကနေ လွှတ်တော်ကိုယ်စားလှယ်လောင်အဖြစ် ၀င်ရောက်အရွေးခံကြမည့် ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန် မြို့နယ်က ချင်းအမတ်လောင်း ၂ ဦးကို လွန်ခဲ့တဲ အပတ်က  ရွေးကောက်ပွဲ ကော်မရှင်ကနေ ပယ်ချလိုက်သည်ဟု သိရသည်။

နိုင်ငံခြားသို့  သွားရောက်နေထိုင်ခဲ့ဖူးသူများ ဆိုသော အကြောင်းပြချက်ဖြင့် ဟားခါးမြို့နယ်တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ ပါတီရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ပူး ဟရမ်ကျဲအို (Hram ceu) နှင့် ထန်တလန်မြို့နယ်တွင် ၀င်အရွေးခံမည့် ကြံ့ဖွံ့ ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ပူး ငွန်ဟရမ်း( Pu Ngunhram) တို့ကို ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်သည်ဟု ဟားခါးမြို့တွင် နေထိုင်သည့် ချင်းပြည်နယ် အဲန်အယ်လ်ဒီ ဥက္ကဌ ဦးဗန်လျန်က ပြောသည်။

“သူတို့က နိုင်ငံခြားကို တရားမ၀င် သွားတာလား၊ ဒါမှမဟုတ် နိုင်ငံခြားကနေ ပြန်လာတာ ၁၀ နှစ် မပြည့်သေး တာလားတော့ မသိဘူး၊ ဗဟိုကော်မီရှင်ကနေ ပယ်ချလိုက်တယ်” ဟု ဦးဗန်လျန်က ပြောသည်။

ပူး ဟရမ်းကျဲအိုသည် ယခင်က မလေးရှားနိုင်ငံကို သွားရောက်ခဲ့ဘူးသူ ဖြစ်ပြီး ပူး ငွန်ဟရမ်းလည်း အမေရိကန် နိုင်ငံကို သွားရောက်ခဲ့ဘူးသူ ဖြစ်သည်ဟု သိရသည်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ အခန်း (၅) တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်တင်မြောက် ခံရသည့် အချိန်နှင့် တဆက်တည်း ပြည်ထောင်စု မြန်မာနိုင်ငံတွင် အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်ခဲ့သူမှသာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရှိသည်ဟု ဖော်ပြထားသည်။

အလားတူ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ မဲဆန္ဒနယ် အမှတ် (၂) ဗိုလ်မှူးချူပ် ဟုန်းငိုင် အရွေးခံမည့် နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ချင်းအမျိုးသား ပါတီရဲ့ အမတ်လောင်း ဦးဟုန်းနိုင်းကိုလည်း တရားမ၀င် နိုင်ငံခြား သွားရောက်ခဲ့မှု ဆိုတဲ့ အကြောင်းပြချက်နဲ့ ကော်မီရှင်က ပယ်ချလိုက်သည်ဟု သိရသည်။

ယင်းဒီကိစ္စနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူးက ဦးဟုန်းနိုင်းကို ပယ်ချကြောင်း ရွေးကောက်ပွဲ ကော်မီရှင်နေ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသည့်အတွက် အတည်ပြုလို့် မရသေး ဘူးလို့ ပြောသည်။

သို့သော် အကယ်၍ ရွေးကောက်ပွဲကော်မရှင်က ဦးဟုန်းနိုင်းကို ပယ်ချကြောင်း တရားဝင် ထုတ်ပြန်ကြေညာ ခဲ့ရင်လည်း ယူခံတင်သွင်းဖို့ စီစဉ်ထားတယ်လို့  အတွင်းရေးမှူးက ဆက်ပြောသည်။

 

 

 

 

Most read this week