ကြံ့ဖွံ့ ပါတီက တောင်သူများကို အတိုးနှုန်းဖြင့် ချေးငွေ ထုတ်ပေးနေ

ကြံ့ဖွံ့ ပါတီက တောင်သူများကို အတိုးနှုန်းဖြင့် ချေးငွေ ထုတ်ပေးနေ

၁၆ စက်တင်ဘာလ ၂၀၁၀ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လာမယ့် ရွေးကောက်ပွဲအတွက် စည်းရုံးရေး ဆင်းသည့် အနေဖြင့် တောင်သူများကို အတိုးနှုန်းဖြင့် ချေးငွေ ထုတ်ပေးလျက် ရှိ.....

၁၆ စက်တင်ဘာလ ၂၀၁၀ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လာမယ့် ရွေးကောက်ပွဲအတွက် စည်းရုံးရေး ဆင်းသည့် အနေဖြင့် တောင်သူများကို အတိုးနှုန်းဖြင့် ချေးငွေ ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

အခုလို ကြံ့ခိုင်ရေးပါတီမှ အတိုးငွေနှုန်းဖြင့် ချေးငွေထုတ်ပေးခြင်းသည် ချေးငွေ ထုတ်ယူသူ မိသားစုဝင်များ အလိုအလျောက် ကြံ့ဖွံ့ ပါတီဝင်အဖြစ် သတ်မှတ်ခြင်း ခံရကြောင်း ကလေးမြို့မှ ဒေသခံတစ်ဦးက ဆိုသည်။

“ကြံ့ခိုင်ရေး ပါတီက လယ်တစ်ဧကကို ကျပ်ငွေ ၂ သောင်းနှုန်းဖြင့် သတ်မှတ်ပြီး ငွေထုပ်ပေးတယ်၊ ကျွန်ုတော် တို့က လယ်ယာ (၄) ဧကအတွက် ငွေသွားချေးတော့ ငွေပမာဏအားဖြင့် ကျပ်ငွေ ၁ သိန်း ရတယ်ပေါ့။ ဒါပေမဲ့ တကယ်ထုတ်ပေးနိုင်တာက ၈ သောင်းဘဲ ရတယ်။ ကျန် ၂ သောင်းအစား ဓါတ်မြေသြဇာ တစ်အိတ် ထုတ်ပေး တယ်” ဟု အမည်မဖော်လိုသူ ကလေးမြို့နယ် စခန်းကြီးအုပ်စု အေးချမ်းရွာသား တစ်ဦးက ခိုနှုမ်းထုန် သတင်း ဌာနကို ရှင်းပြခဲ့သည်။

ဆက်လက်၍ ချေးထားသော ငွေများကို စပါးရိုတ်သိမ်းချိန်တွင် သက်ဆိုင်ရာ အာဏာပိုင်များထံ အကုန်ပေးချေ ရမည် ဖြစ်ကြောင်း သိရသည်။

“သူတို့က တစ်ရွာကို ဘယ်လောက်ပေးရမယ် ဆိုပြီး သတ်မှတ်တယ်၊ အိမ်ခြေ ၂၀၀ ခန့် ရှိတဲ့ ကျွန်ုပ်တို့ ရွာမှာ ကျပ်ငွေ သိန်း ၂၀ ချပေးဖို့ ကြံ့ဖွံ့ ပါတီက သတ်မှတ်ပေးတယ်၊ ကျပ်ငွေ သိန်း ၂၀ ဆိုတော့ လယ် ၈၅ ဧက ခန့်သာ ပေးနိုင်တယ်၊ တစ်ရွာလုံးက ငွေယူချင်ရင်လည်း သူတို့ သတ်မှတ် ပေးတာ မလုံလောက်ဘူး” ဟု ကလေး မြို့နယ် အေးချမ်းကျေးရွာသားက ဆက်ပြောခဲ့သည်။

သူကဆက်လက်ပြီး လာမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ ပါတီက တနိုင်ငံလုံး အနိုင်ရနိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်ပြီး မနိုင်ရင်တောင် လက်ရှိ အစိုးရက နည်းအမျိုးမျိုး သုံးကာ အနိုင်ရရှိကြောင်း ကြေညာသွားမည် ဖြစ်ကြောင်း၊ ယခုအခါ လူထုဖက်က ဘယ်အခွင့်အရေးဘဲလာလာ ရယူဖို့ ကိုသာ စဉ်းစားသင့်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့ ရွာဘက်မှာတော့ အခုလို ကြံ့ဖွံ့ပါတီများ ရောက်လာပြီး ငွေချေးပေးတာမျိုး မရှိသေးဘူး၊ ဒို့ရွာဟာ ဆိုရင် အိမ်ခြေ ၁၀၀၀ ကျော် ရှိတဲ့ ကျေးရွာ ဖြစ်တယ်၊ ခက်တာက ပြည်သူပြည်သား အားလုံး လိုလိုက ချင်းလူမျိုးများ ဖြစ်ကျတယ်လေ ဟု အမည်မ ဖော်လိုသူ ကလေးမြို့နယ် လက်ပံချောင်း ရွာသားတစ်ဦးက ဆိုသည်။

ပြီးခဲ့သော ဇွန်လ ၂၀၁၀ ခုနှစ်မှ စ၍ ကြံ့ခိုင်ရေး ပါတီသည် မိမိတို့၏ ပါတီထဲသို့ ဝင်ရောက်နိုင်ရန်အတွက် ကလေး ခရိုင်နှင့် တမူးခရိုင်များတွင် အတိုးနဲ့ တောင်သူများထံ ချေးငွေပေးခြင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ချေးငွေပေးရာတွင် တစ်အိမ်ထောင်တွင် အသက် ၁၈ နှစ်ပြည့်သူ အများစု နေထိုင်ကြသည့် တောင်သူ မိသားစုများကို ပိုပြီးဦးစားပေးနေကြောင်း သိရသည်။