ချင်းတိုးတက်ရေးပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်း ၄၁ ဦး တင်သွင်းနိုင်ခဲ့

ချင်းတိုးတက်ရေးပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်း ၄၁ ဦး တင်သွင်းနိုင်ခဲ့

မြန်မာနိုင်ငံတွင် လာမည့် နိုဝင်ဘာလ ၇ ရက်နေ့၌ ကျင်းပတော့မည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ချင်းတိုးတက်ရေးပါတီ (စီပီပီ) က လွှတ်တော် ကိုယ်စားလှယ် လောင်း ၄၁ ဦး တင်သွင်း....

မြန်မာနိုင်ငံတွင် လာမည့် နိုဝင်ဘာလ ၇ ရက်နေ့၌ ကျင်းပတော့မည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ချင်းတိုးတက်ရေးပါတီ (စီပီပီ) က လွှတ်တော် ကိုယ်စားလှယ် လောင်း ၄၁ ဦး တင်သွင်းနိုင်ခဲ့သည်ဟု သိရသည်။

ချင်းတိုးတက်ရေးပါတီ အနေနဲ့ နဂိုက လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း အယောက် ၅၀ ခန့် တင်သွင်းနိုင်ရန် စီစဉ် ထားသော်လည်း ငွေရေး ကြေးခက်ခဲမှုကြောင့် အမတ်ဦးရေ ၄၁ ဦးသာ ရွေးကောက်ပွဲ ကော်မီရှင်ထံ အချိန်မှီ တင်သွင်းနိုင်ခဲ့ကြောင်း ပါတီဥက္ကဋ္ဌ ပူးနိုးထန်ကပ်က ခိုနူမ်းထုန်ကို အတည်ပြု ပြောဆို လိုက်သည်။

“ကျနော်တို့ ငွေ ၅ သိန်း စီစဉ်ဖို့ အချိန် မလုံလောက်ဘူး၊ ဒီတော့ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၀ ဦး ခန့် လျော့သွားတယ်’’ ဟု ခိုနူမ်းထုန်ကို ပြောသည်။

အဓိကအားဖြင့် ချင်းလူမျိုးများ အများအပြား နေထိုင်ကြသည့် မကွေးတိုင်းနှင့် ရခိုင်ပြည်နယ် ဒေသတချို့ရှိ မဲဆန္ဒနယ်များကို လက်လွှတ်ခဲ့ရခြင်း ဖြစ်ပြီး ချင်းပြည်နယ်တွင်လည်း ထန်တလန်မြို့နယ်နှင့် ဟားခါးမြို့နယ် များတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့ကြောင်း သိရသည်။

စီပီပီက လာမည့် ရွေးကောက်ပွဲ၌ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်း အမျိုးသားလွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ တိုင်းဒေသကြီး (သို.မဟုတ်) ပြည်နယ်လွှတ်တော် စသည့် လွှတ်တော်သုံးရပ် စလုံးတွင် ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး ၄င်းတို့ ပါတီအနေနဲ့ မဲဆန္ဒနယ်မြေတိုင်းတွင် အနိုင်ရဖို့ အလားအလာ ကောင်းမွန် ကြောင်း ပါတီဥက္ကဋ္ဌက ဆက်ပြောသည်။

အလားတူ ချင်းမျိုးနွယ်စုပါတီတခု ဖြစ်သည့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးပါတီသည်လည်း လွှတ်တော် ကိုယ်စားလှယ်လောင်း (၃) ဦးအမည် စာရင်းကို ပေးပို့ပြီး ဖြစ်ကြောင်း သိရသည်။

ချင်းတမျိုးသားလုံးကို ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်မည့် ချင်းအမျိုးသားပါတီ (စီအဲန်ပီ)၏ လွှတ်တော် ကိုယ်စားလှယ် လောင်းတင်သွင်းမှု အခြေအနေနဲ့ ပတ်သက်ပြီး ပါတီ ဥက္ကဋ္ဌ အပါအ၀င် အထွေထွေ အတွင်းရေးမှူးနှင့် ပါတီထိပ်ပိုင်းခေါင်းဆောင်များ ချင်းတောင်သို့ ရောက်ရှိနေကြသောကြောင့် မဆက်သွယ် နိုင်သေးပေ။