ချင်းလူမျိုးစု ပါတီများ ငွေကြေး အခက်အခဲကြုံတွေ့ 

ချင်းလူမျိုးစု ပါတီများ ငွေကြေး အခက်အခဲကြုံတွေ့ 

နအဖစစ်အစိုးရ ကျင်းပပေးမည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ချင်း နိုင်ငံရေးပါတီများက ရွေးကောက်ပွဲ ကော်မီရှင်မှ သတ်မှတ်ထားသည့် ကိုယ်စားလှယ်လောင်း တဦးအတွက် ကျပ်ငွေ (၅) သိန်း ထည့်ဝင်ရေးအတွက် ခက်ခဲ....

နအဖစစ်အစိုးရ ကျင်းပပေးမည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ချင်း နိုင်ငံရေးပါတီများက ရွေးကောက်ပွဲ ကော်မီရှင်မှ သတ်မှတ်ထားသည့် ကိုယ်စားလှယ်လောင်း တဦးအတွက် ကျပ်ငွေ (၅) သိန်း ထည့်ဝင်ရေးအတွက် ခက်ခဲနေကြသည်ဟု သိရသည်။

ချင်းအမျိုးသားပါတီ(စီအဲန်ပီ)နှင့် ချင်းတိုး တက်ရေး ပါတီ(စီပီပီ) တို့က ၄င်းတို့ ၏ လွှတ်တော်ကိုယ်စားလှယ် လောင်းများကို ရွေးချယ်ထားပြီဖြစ် သော်လည်း ကိုယ်စားလှယ်လောင်းအတွက် ငွေ ပေးသွင်းရေး အခက်ကြုံ နေရခြင်းဖြစ်သည်။

ချင်းတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ပူးနိုးထန်ကပ်က"တော်တော်လေးအခက်အခဲ ရှိတယ်.. တချို့က အိမ် ပေါင်ယာ ပေါင်နဲ့ တချို့ကအတိုးနဲ့ချေးငှါးနေတာ တို့ငွေလုံးဝအဆင် မပြေဘူးဖြစ်နေတယ် ခုထိ တော့ မဖြေရှင်း နိုင်သေးဘူး အမတ် လောင်း တွေက ကိုယ့်ဟာကိုယ် ရှာပြီးတော့ ချီးငှါးပြီးတော့ လယ်ယာ ရှိတဲ့သူက လယ်ရောင်း၊ အိမ်ရှိတဲ့သူ အိမ်ပေါင်ပြီး ဖြေရှင်းနေရ တယ် “ ဟုခိုနူမ်း ထုန် သတင်းဌါနကို ပြောပြခဲ့သည်။

ချင်းတိုးတက်ရေးပါတီ (စီပီပီ)အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄၁ ဦး အတည်ပြု ရွေးချယ်ထားပြီ ဖြစ်ကြောင်းသိရပြီး အမျိုး သားလွှတ်တော်အတွက် ချင်းပြည်နယ်ကနေ ၁၂ ဦး၊ စစ်ကိုင်းတိုင်း ကလေး မြို့နယ် နှင့် တမူးမြို့နယ် ကနေ ၂ ဦး အားလုံးပေါင်း ၁၄ ဦး၊ ပြည်သူ့ လွှတ် တော်အတွက် ၁၁ ဦး နှင့် ပြည်နယ် လွှတ်တော်အတွက် ၁၈ ဦးလျာထားပြီး ဖြစ်သည်။

စီပီပီ ပါတီသည် ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်း တမူး ၊ ကလေးမြို့ နယ်တို့ တွင် အပြင် ချင်းလူမျိုးစု အများစု နေထိုင်သည့် မကွေးတိုင်း နှင့် ရခိုင်ပြည်နယ်တို့ တွင် ၀င် ရောက် ယှဉ်ပြိုင်နိုင်ရန် စီစဉ်ထားသော်လည် ငွေကြေး အခက်အခဲအပြင် ရွေးကောက်ပွဲကျင်းပပေးမည့် ရက်အလွန် နီးကပ်နေပြီ ဖြစ်သောကြောင့်  အဆိုပါ ဒေသများ တွင် ၀င်ရောက်ယှဉ်ပြိုင် နိုင်ဖွယ်မရှိ ကြောင်း သိရသည်။

ပူး နိုးထန်ကပ်က လက်ရှိ ရွေးကောက်ပွဲအနေအထားမှာ တရားမမျှတမှု တွေ၊ ဘ၀င်မကျစရာတွေ တွေ့နေရ သော်လည်း နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပမည့် ရက်တွင်မူ တရားမျှတ မှုရှိမည်ဟု ယုံကြည် ကြောင်းဆက်ပြောသည်။

အလားတူ ချင်းအမျိုးသားပါတီ( စီအဲန်ပီ)ကလည်း ၄င်းတို့၏ လွှတ်တော် ကိုယ်စားလှယ် လောင်းများကို ရွေးချယ်ထားပြီ ဖြစ်သော်လည်း ငွေကြေး အခက်ကြုံနေ ရကြောင်း စီအဲန်ပီ အထွေထွေ အတွင်းရေးမှူး ကျဲအိုဘခ်ထောင်းကပြောသည်။

“ကိုယ်စားလှယ်လောင်းတ၀က်တော့ ကျပ်ငွေ ၅သိန်း တွက်သူတို့ ဟာနဲ့ သူတို့စိုက်နိုင်ကြပေမဲ့ ကျန် ကိုယ်စား လှယ်တ၀က်နီးနီးတော့ ဒီငွေ ၅သိန်း ကိစ္စမှာ အခက်အခဲတွေ့နေရသေးတယ် ” ဟု ပြောသည်။

စီအဲန်ပီပါတီသည် ရန်ကုန်ရှိ ချင်းလူကြီးများနှင့် ပါတီလူကြီးများ ၏ငွေကြေး ပံ့ပိုးမှူဖြင့်  ပါတီလုပ်ငန်းများကို လည်ပတ်နေကြသည်ဟု သိရသည်။

စီအဲန်ပီပါတီအနေဖြင့် ပလက်ဝမြို့နယ်က လွဲပြီး ကျန်(၈)မြို့နယ် တွင်ပါတီ ရုံးခွဲများ ဖွင့်လှစ်ခဲ့ပြီးဖြစ် ကြောင်း သိရပြီး ချင်းတပြည်နယ်လုံးတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

အလားတူ ချင်းအနွယ်ဝင် မရာမျိုးနွယ်စုကိုယ်စားပြု တိုင်းရင်းသား လူမျိုး များဖွံ့ ဖြိုးတိုး တက်ရေးပါတီ (အီးအဲန်ဒီပီ) ကလည်းလွှတ်တော် ကိုယ်စား လှယ်ရွေးချယ်ထားပြီဟုသိရသည်။

အီးအဲန်ဒီပီ အနေနဲ့ အမျိုးသားလွှတ် တော်အတွက် ကိုယ်စားလှယ်ေ လာင်းတဦးနှင့် ပြည်နယ် လွှတ်တော် အတွက် ကိုယ်စားလှယ်လောင်း ၂ ဦးတို.ကို ရွေးချယ် နိုင်ကြကြောင်းသိရသည်။ ပြည်သူ့ လွှတ်တော်အတွက် ၀င်ရောက်ယှဉ်ပြိုင် မည်မဟုတ်ကြောင်းလည်း သိရသည်။

အီးအဲန်ဒီပီ အနေနဲ့ မရာမျိုးနွယ်အများစုနေထိုင်ကြသည့် ချင်းပြည်နယ် မတူပီ၊ ပလက်ဝ၊ ထန်တ လန်မြို့နယ် သုံးခုတွင် သာ ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပါသည်။