စစ်အစိုးရကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်းရေး နှင့်ဖွံ့ဖြိုးရေး (ယူ အက်စ် ဒီပီ) ပါတီ သို့ တရွာလျင် အနည်းဆုံး လူ(၁၀)ယောက်စီ ၀င်ရောက်ကြရန် ချင်း ပြည်နယ်၊ ဖလမ်းမြိုနယ် အေးချမ်းသာ ယာရေးနှင့်ဖွံ့  ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ က ယခုလ ပထမ အပတ်က နှုတ်မိန့် ထုတ်...
စစ်အစိုးရကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်းရေး နှင့်ဖွံ့ဖြိုးရေး (ယူ အက်စ် ဒီပီ) ပါတီ သို့ တရွာလျင် အနည်းဆုံး လူ(၁၀)ယောက်စီ ၀င်ရောက်ကြရန် ချင်း ပြည်နယ်၊ ဖလမ်းမြိုနယ် အေးချမ်းသာ ယာရေးနှင့်ဖွံ့  ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ က ယခုလ ပထမ အပတ်က နှုတ်မိန့် ထုတ်ထားသည်ဟု သိရသည်။
ဖလမ်းမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှကြီးမှူးပြီး တလတကြိမ် ပုံမှန်ပြု လုပ်သည့် အစည်း အဝေးတွင် ကျေးရွာအုပ်စု ဥက္ကဋ္ဌများအား၎င်းတို့ ကျေးရွာ အုပ်စု အတွင်း ရွာတရွာလျှင် အနည်း ဆုံး(၁၀)ဦးကို ကြံ့ဖွံ့ပါတီသို့ ၀င်ရောက်ခိုင်းရမည်ဟု မယက ဥက္ကဋ္ဌက အမိန့်ပေးလိုက်ခြင်းဖြစ်သည်။
“ဒေသခံတွေတော်တော်များကတော့ ကြံ့ဖွံ့ပါတီကို စိတ်မ၀င်စားကြဘူး၊ ပါတီဝင်မဖြစ်ချင်ကြ ဘူး၊ ဒါကြောင့် အခုလို အာဏာသုံးပြီး လုပ်ခိုင်း တာပါ၊ဒီလ ၂၅ ရက် နေ့ နောက်ဆုံးထားပြီး မယက ဆီကို ပြန်လည် သတင်းပို့ ခိုင်းတယ်”ဟုကျေး ရွာအုပ်စု ဥက္ကဋ္ဌတဦးကပြောသည်။
အုပ်စု ဥက္ကဋ္ဌ များသည် ကြံ့ဖွံ့ပါတီဝင်အဖြစ်ခေတ်လူငယ်များ ကိုမစည်းရုံး နိုင်သဖြင့် သက်ကြီး ရွယ်အိုများ၏ အမည်စာရင်းများကိုကောက်ယူ နေကြ ကြောင်း ဒေသခံတဦးက ဆိုသည်။
“သက်ကြီးတွေကတော့ သူတို့ နာမည်စာရင်းကောက်ယူတာတွေကိုတောင် မသိကြဘူး” ဟုသူကပြော သည်။
ထို့အပြင် ဖလမ်းမြို့ အစိုးရ၀န်ထမ်းများ နှင့်အငြိမ်းစားဝန်ထမ်းများ အား ကြံ့ဖွံ့ ပါတီဝင်များ အဖြစ်အလိုလို သတ်မှတ်ပြီးသားဖြစ်သည်ဟုသိရသည်။
ယခုကဲ့သို့ တရွာလျင် လူ ၁၀ ဦးစီ ကြံ့ဖွံ့ ပါတီသို.မဖြစ်မနေ၀င်ရောက်ခိုင်း ခြင်းသည် ချင်းပြည်နယ် တပြည်နယ်လုံး အတိုင်းအတာဖြင့် သက်ဆိုင်ရာ မြို့နယ် မယက အဖွဲ့က နှုတ်မိန့် ထုတ်ထားခြင်း ဖြစ်သည်ဟုဖလမ်းမြို့  နယ်ခွဲ ရိဒ်ခေါ်ဒါရ်မြို့မရက ရုံးမှ ဝန်ထမ်းတဦးက ဆိုသည်။
၎င်းကိစ္စနဲ့ပတ်သက်ပြီး ဖလမ်းမြို့နယ် ချင်းတိုးတက်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးနာ့ ထန်းက “ အာဏာပိုင်တွေရဲ့ လုပ်ရပ်ကိုကြည့်ရင် ယခုရွေးကောက်ပွဲကတရားမျှတ မှုရှိမှာမ ဟုတ်ဘူး ဆိုတာ သေချာနေပြီ” ဟုပြောသည်။
ဖလမ်းမြို.နယ်တွင် ကျေးရွာပေါင်း ၁၈၀ ရှိပြီး လူဦးရေ ၄၇၀၀၀ခန့်ရှိ သည်ဟုသိရသည်။ ယင်း အနက် အစိုးရ၀န် ထမ်း ၁၅၀၀ နှင့်အငြိမ်း စားဝန်ထမ်းဦးရေ ၅၀၀ခန့်ရှိသည်။ ယခု လက်ရှိဖလမ်းမြို့နယ်တွင် အစိုးရ၀န်ထမ်း နှင့်အငြိမ်းစားဝန်ထမ်းမဟုတ်သူ ကြံ့ဖွံ့ပါတီဝင်ပြည်သူ လူထု အင်အား ၁၀၀၀ခန့်ရှိ သည်ဟုသိရသည်။