ချင်းတိုးတက်ရေးပါတီ ပထမဆုံးအကြိမ် ပါတီညီလာခံ ကျင်းပ၊ ပါတီခေါင်းဆောင်များ ပြန်လည်ရွေးချယ်

ချင်းတိုးတက်ရေးပါတီ ပထမဆုံးအကြိမ် ပါတီညီလာခံ ကျင်းပ၊ ပါတီခေါင်းဆောင်များ ပြန်လည်ရွေးချယ်

ချင်းတိုးတက်ရေးပါတီ (စီပီပီ)၏ ပထမဆုံးအကြိမ် ပါတီညီလာခံ တရပ်ကို ယခုလ ၁၃ - ၁၄ ရက်နေ့က ပါတီရုံးချူပ် အခြေစိုက်ရာ ရန်ကုန်မြို့တွင် အောင်မြင်စွာ ကျင်းပ....

ချင်းတိုးတက်ရေးပါတီ (စီပီပီ)၏ ပထမဆုံးအကြိမ် ပါတီညီလာခံ တရပ်ကို ယခုလ ၁၃ - ၁၄ ရက်နေ့က ပါတီရုံးချူပ် အခြေစိုက်ရာ ရန်ကုန်မြို့တွင် အောင်မြင်စွာ ကျင်းပခဲ့ကြပြီး ပါတီခေါင်းဆောင်သစ်များကို အသစ်တဖန် ပြန်လည်ရွေးချယ်ခဲ့ကြသည်ဟု သိရသည်။

ပါတီဥက္ကဌသစ်အဖြစ် ပူးနိုးထန်ကပ်၊ ဥက္ကဋ္ဌ (၁) အဖြစ် ပူးလျန်ကြယ်၊ ဥက္ကဋ္ဌ (၂) အဖြစ် ပူး ကမ်ဒိုနန်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် ပူး ဒိုက်ထွန်းနှင့် မဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ် (၁၁) ဦးကို ရွေးချယ်ခဲ့ကြကြောင်း ပါတီဥက္ကဌက ဆိုသည်။

ကိုယ်စားလှယ် (၃၃) ဦး တက်ရောက်ပြီး နှစ်ရက်ကြာ ပြုလုပ်သည့် အဆိုပါ တီညီလာခံတွင် ပြည်နယ်လွှတ် တော်အတွက် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အတည်ပြု ရွေးချယ်နိုင်ခဲ့ကြ သည်ဟု စီပီပီ ဥက္ကဋ္ဌသစ်က ဆိုသည်။ သို့သော်လည်း ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကိုမူ မပြောပြချေ။

စီပီပီ၏ အလားအလာနှင့် ပတ်သက်၍ ပါတီ ဥက္ကဋ္ဌသစ်က "ကျတော်တို့ ပါတီဟာ လူထုထောက်ခံမှု ရရှိပြီး ဖြစ်တဲ့အတွက် ပလက်ဝ၊ မင်းတပ်၊ ကန်ပလက်၊ မတူပီ၊ ဖလမ်း၊ တွန်းဇံ၊ ကလေးမြို့နှင့် တမူးမြို့နယ်တွေမှာ အမတ်နေရာ အနိုင်ရမယ၊် ပါတီ စည်းရုံးရေးကိုလည်း ကြိုတင်လုပ်ထားပြီးပြီ" ဟု ခိုနူမ်းထုန်ကို ပြောပြသည်။

ထို့နောက် စီပီပီ ဥက္ကဋ္ဌသစ်က ၎င်းတို့ ပါတီသက်ဆိုင်ရာ ဒေသများတွင် အနိုင်ရရှိပါက နိုင်ငံတော်အစိုးရက ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် ပြဌာန်းသည့် ပြည်နယ်များအတွက် အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်များအတိုင်း ချင်းပြည်နယ်တိုးတက်ရေးအတွက် အမြန်ဆုံး အကောင်အထည် ဖေါ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဦးနိုးထန်ကပ်က ယခု ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည် မဟုတ်သော်လည်း ဆင်းရဲသော ချင်းပြည်သူများ အတွက် တစုံတရာသော အကျိုးဖြစ်ထွန်းစေလိမ့်မည်ဟု ယုံကြည်ထားပြီး  ဤအခွင့်အရေးကို မဆုံးရှုံး သင့်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ ပါတီအနေဖြင့် ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်ကြောင်း လွန်ခဲ့သည့် ဧပြီလ (၂၂) ရက်နေ့ထုတ် Mizzima တွင် ဖေါ်ပြထားသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဦးအကြိမ် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပေးသွားမည်ဟု လက်ရှိ မြန်မာစစ်အစိုးရက ယခုလ ၁၃ ရက်နေ့က တရားဝင် ကြေညာလိုက်ပြီ ဖြစ်သည်။

နအဖ စစ်အစိုးရ ကျင်းပပေးမည့် ရွေးကောက်ပွဲတွင် ချင်းတိုးတက်ရေးပါတီ (စီပီပီ)နှင့် ချင်းအမျိုးသားပါတီ (စီအဲန်ပီ) တို့က ချင်းတမျိုးသားလုံးကို ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ထိုအပြင် ချင်းတမျိုးသားလုံးကို ကိုယ်စားမပြုဘဲ မျိုးနွယ်စုကိုသာ ကိုယ်စားပြု ရပ်တည်ယှဉ်ပြိုင်မည့် မြို (ခေါ်) ခမီးအမျိုးသား ညီညွတ်ရေးအဖွဲ့ (မခမညဖ) MRO or KHAMI NATIONALSOLIDARITY ORGANIZATION (MKNSO) နှင့် မရာမျိုးနွယ် စု ENDP ပါတီများကလည်း ရွေးကောက်ပွဲတွင် မရာမျိုးနွယ်စု ကိုယ်စားပြု ကိုယ်စားလှယ်များ ထွက်ပေါ်လာရေးအတွက် ကြိုးပမ်းလျက် ရှိကြသည်။

 

 

 

 

 

Most read this week