ပြည်သူ ထောက်ခံမှု ရရှိရေးအတွက် စစ်တပ်က ဒေသခံများထံ အခမဲ့ ဆား ဖြန့်ဝေ

ပြည်သူ ထောက်ခံမှု ရရှိရေးအတွက် စစ်တပ်က ဒေသခံများထံ အခမဲ့ ဆား ဖြန့်ဝေ

ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်အတွင်း အခြေချထားသည့် စစ်တပ်က ပြည်သူ ထောက်ခံမှု ရရှိရေးအတွက် အခုတလော ဒေသအတွင်း ဆားများ အခမဲ့ ဖြန့်ဝေလျက် ရှိသည်ဟု သိရသည်။ ...

ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်အတွင်း အခြေချထားသည့် စစ်တပ်က ပြည်သူ ထောက်ခံမှု ရရှိရေးအတွက် အခုတလော ဒေသအတွင်း ဆားများ အခမဲ့ ဖြန့်ဝေလျက် ရှိသည်ဟု သိရသည်။

ခလရ ၂၃၃ တပ်ရင်း၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ တပ်စခန်းမှ ဒုတိယ တပ်မှူးကတပ်နယ်အတွင်း ကျေးရွာ အုပ်စု ၈ အုပ်စုအတွင်း တအုပ်စုလျှင် ဆား ၂၅ အိတ်စီ အခမဲ့ဖြန့်ဝေပေးထားခြင်းဖြစ်သည်။

“တပ်မှူးက ကျတော်တို့ ရယက အဖွဲ့တွေကို ခေါ်ပြီး ဆား ၂၅ အိပ်စီ အခမဲ့ထုတ်ပေးတယ်” ဟု ဒေသခံ ရယက အဖွဲ့ဝင်တဦးက ပြောသည်။

ဆားတပိသာ၏ ကာလပေါက်စျေးသည် ကျပ်ငွေ ၁၂ဝဝ⁄- ဖြစ်ပြီး ဆား တအိတ်တွင်အနည်းဆုံး ဆားပိသာ ၂ဝ ခန့်ရှိသည်။

ယခုကဲ့သို့ စစ်တပ်က ဆားအခမဲ့ဖြန့်ဝေခြင်းသည် ၂ဝ၁ဝ ရွေးကောက်ပွဲ တွင် ယူအက်စ်ဒီပီ ပါတီမဲပေးရေး အတွက်ပြည်သူအား စည်းရုံးခြင်း ဖြစ်သည်ဟုဒေသခံများက ပြောဆိုကြသည်။

“စစ်တပ်က တလျှောက်လုံး ဒီလိုမျိုး ဆားတွေဘာတွေ အခမဲ့ ဖြန့်ဝေ တာမရှိဘူး၊ ဒေသခံကျေးရွာတွေကို တလ ကြက်တပိသာပုံမှန် တောင်း တာပဲရှိတယ်” ဟု ဒေသခံတဦးကပြောသည်။

အလားတူ ထန်တလန်မြို.နယ် လုံလဲရ်ကျေးရွာအခြေစိုက် တပ်သားများက တပ်နယ်မြေအတွင်း ဒေသခံများအား အခမဲ့ ဆေးဝါးကုသမှုများ ယခုလ ဆန်းပိုင်းက လုပ်ဆောင်ခဲ့ပြီး လူနာများကိုလည်း အခမဲ့ဖြင့် ဆေးဝါးပေး အပ်ခဲ့ ကြောင်း သိရသည်။