ရေကန်ပြုပြင် စရိတ်အတွက်ဟု ဆိုကာ စည်ပင်က အခွန်ငွေ တိုးကောက်

ရေကန်ပြုပြင် စရိတ်အတွက်ဟု ဆိုကာ စည်ပင်က အခွန်ငွေ တိုးကောက်

ချင်းပြည်နယ် ဟားခါးမြို့နယ် စည်ပင်သာယာရေး ဌာနက မြို့ပေါ်နေ ပြည်သူများ သောက်သုံးရေ ရရှိရေး ဆိုသည့် အကြောင်းပြချက်ဖြင့် နှစ်စဉ် ကောက်ခံလျက်ရှိသည့် အခွန်များကို တိုးမြှင့်ကောက်ခံနေ ...

ချင်းပြည်နယ် ဟားခါးမြို့နယ် စည်ပင်သာယာရေး ဌာနက မြို့ပေါ်နေ ပြည်သူများ သောက်သုံးရေ ရရှိရေး ဆိုသည့် အကြောင်းပြချက်ဖြင့် နှစ်စဉ် ကောက်ခံလျက်ရှိသည့် အခွန်များကို တိုးမြှင့်ကောက်ခံနေသည်ဟု သိရသည်။

ဟားခါး တမြို့လုံး အသုံးပြုနိုင်ရန် ဆောက်လုပ်နေဆဲ ဖြစ်သည့် တော်လှန်ရေး ရေကန် ပြုပြင်မွန်းမံ စရိတ်အတွက်ဟု ဆိုကာ စည်ပင်ဌါနက ဟားခါးမြို့ခံများထံ အခွန် ငွေတိုးပြီး ကောက်ခံနေခြင်း ဖြစ်သည်။

စည်ပင်ဌါနမှ လွန်ခဲ့သည့် ၂၀၀၉-ခုနှစ်က အဆောက်အဦးနှင့် မြေခွန်အတွက်ကျပ် (၁၅၀၀)၊ ရေခွန်အတွက် ကျပ် (၃၅၀၀)၊ လမ်းမီးခွန်အတွက် ကျပ် (၃၀၀) နှင့် အညစ်ကြေး ခွန်အတွက် ကျပ် (၃၀၀) စသည်ဖြင့် အသီးသီး ကောက်ခံခဲဲ့ရာမှ ယခု၂၀၁၀-ခုနှစ်တွင် အဆောက်ဦးနှင့် မြေခွန်အတွက်  ကျပ်(၂၀၀၀)၊ ရေခွန် အတွက်ကျပ် (၄၈၀၀)၊ လမ်းမီးခွန်အတွက် ကျပ် (၅၀၀) နှင့် အညစ်ကြေးခွန်အတွက် ကျပ် (၅၀၀) စသည့်ဖြင့် တိုးကောက်နေကြောင်း ဟားခါးမြို့ခံများက ပြောသည်။

အထက်ပါ ဖော်ပြသည့် အခွန်စျေးနူန်းများသည် ပျဉ်ထောင်အိမ် တစ်ထပ်နှင့် ခြံမြေ (၁) ဧက မပြည့်သူများနှင့် မြို့စွန်မြို့ဖျားပိုင်းတွင် နေထိုင်သူများအတွက် ဖြစ်ပြီး  မြို့လယ်ပိုင်း တွင်နေထိုင်သူများမှာ အဆောက်ဦးနှင့်မြေခွန်အတွက် ကျပ် (၁)သိန်းခွဲအထိပေးနေရ ကြောင်း သိရှိရသည်။

အခွန်ငွေများကောက်ခံရာတွင်လည်း အဆောက်အဦးတည်နေရာ၊ အဆောက်အဦး အမျိုးစား၊မြေအကျယ်အဝန်းပေါ်မူတည်ပြီးအခွန်စျေးနူန်းများကွာခြားလျက်ရှိကြောင်း သိရသည်။

ဟားခါးမြို့အလယ်ပိုင်းတွင်တည်ရှိသည့်ပြည််တော်သာရပ်ကွက်တိုက်အိမ်ပိုင်ရှင်တဦး က“ ကျနော်တို့ကတော့အဆောက် ဦးနှင့်မြေခွန်မှာ ကျပ်(၁)သိန်းကျတယ်။ ရေခွန်က (၃)သောင်းကျတယ်။လမ်းမီးခွန်ကတော့ (၁၀၀၀) ၊ အညစ်ကြေးခွန်က (၂) သောင်း ကျတယ်”ဟု ပြောသည်။

ဟားခါးတမြို.လုံးသောက်သုံးရေပေးဝေနိုင်ရန်စီစဉ်ထားသည့်တော်လှန်ရေးရေကန်အ တွက် မြန်မာနိုင်ငံအနောက်မြောက် တိုင်းမှူးမှကျပ်ငွေသိန်း(၅၀)၊ ဟားခါးမြို.ခံများ ထံတွင် တစ်အိမ် ကျပ် ( ၆၀၀၀)နှုန်းစီဖြင့် ကောက်ခံထားသည့် ရံပုံငွေများ ရှိသည့် အပြင်နိုင်ငံတော်အစိုးရမှ ထောက်ပံ့ကူညီပေးသည့် တခြားရံပုံ ငွေများလည်း ရှိထား ပြီဖြစ်သော်လည်း အခုလို အခွန် များထပ်မံတိုးကောက်လိုက်ခြင်းသည်မတရားသော လုပ် ရပ်ဖြစ် သည်ဟုဟားခါးမြို.ခံများပြောဆိုနေကြသည်။

အဆိုပါတော်လှန်ရေး ရေကန်ကို ဟားခါးမြို.စည်ပင်ဌါနမှ ယခုပြုပြင်နေကြဆဲဖြစ်ပြီး အကျယ်အဝန်းမှာ ပေ ၂၀၀၀ ပတ် လည်ဝန်းကျင်ခန်.ရှိသည်ဟုသိရသည်။

ဟားခါးမြို့ပေါ်တွင် ရပ်ကွက်ကြီး(၆)ခုရှိပြီး အိမ်ခြေ(၁)သောင်းကျော်ခန်.ရှိကြောင်း သိရှိရသည်။