မီဇိုရမ်ရောက် မြန်မာပြည်သားများ၏ ကိုယ်ရေးမှတ်တမ်း ဒေသအာဏာပိုင်များက ကောက်ယူ

မီဇိုရမ်ရောက် မြန်မာပြည်သားများ၏ ကိုယ်ရေးမှတ်တမ်း ဒေသအာဏာပိုင်များက ကောက်ယူ

အိန္ဒိိယနိုင်ငံ အရှေ့မြောက်ရှိ မီဇိုရမ်ပြည်နယ်၊ ဒုတိယမြို့တော်လုံးလေခရိုင်တွင် ဇူလိုင်လ ၂၁ ရက်နေ့မှ စပြီး မြန်မာပြည်သားများ စာရင်းကို မီဇိုရမ်ပြည်သူ့ရဲတွေက ကောက်ယူ...

အိန္ဒိိယနိုင်ငံ အရှေ့မြောက်ရှိ မီဇိုရမ်ပြည်နယ်၊ ဒုတိယမြို့တော် လုံးလေခရိုင်တွင် ဇူလိုင်လ ၂၁ ရက်နေ့မှ စပြီး မြန်မာပြည်သားများ စာရင်းကို မီဇိုရမ် ပြည်သူ့ရဲတွေက ကောက်ယူသည်ဟု သိရသည်။

ထိုသို့ ကောက်ယူရာတွင် နာမည်၊ မြန်မာပြည် နေရပ်လိပ်စာ၊ မြန်မာပြည်ရှိ အမျိုးသား မှတ်ပုံတင်နံပါတ်၊ လက်ရှိနေရပ် လိပ်စာ၊အိမ်ရှင်အမည် နှင့် အတူဓါတ်ပုံများရိုက်ယူ ထားသည်ဟု သိရသည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး လုံးလေတွင် နေထိုင်သူ ဦးကပ်သဲက“ပြည်သူ့ရဲတွေ ပြောတာက ပြစ်မှုမှာ ဗမာပြည်သားတွေ ပါလာတဲ့အခါ ဘယ်သူဘယ်ဝါဆိုတာ အမှုလိုက်ရလွယ်အောင် ကောက်တာဖြစ်တယ်၊ ဘာမှ စိုးရိမ်စရာ မရှိပါလို့ပြောကြတယ် ” ဟု ပြောသည်။

ပြည်သူရဲများသည် လုံးလေမြို့ရှိ Venglai နှင့် Electric ရပ်ကွက်နှစ်ခုတွင် နေထိုင်သူ ဗမာပြည်သားများအား ဦးရေ ရ၀ ကျော်ကို  စစ်ဆေးပြီး ကျန်ရပ်ကွက်တွင်လည်း ဆက်လက် စစ်ဆေးသွားမှာ ဖြစ်သည်ဟု ထပ်မံ သိရသည်။

ယခုတလော မီဇိုရမ်တွင် မူးယစ်ဆေးဝါး၊ ငွေတု၊ လူသတ်မှုများတွင် မြန်မာနိုင်ငံမှ ချင်းလူမျိုးများ ပါ၀င်နေသည်ဟု ဒေသသတင်းစာများတွင် ဖော်ပြထားသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က လုံးလေမြို့ရှိ မြန်မာနိုင်ငံမှ ချင်းလူမျိုးနှစ်ဦး ဖဲဝိုင်းအတွင်း ရိုက်ပွဲဖြစ်ပွားခဲ့ပြီး တဦး သေဆုံးခဲ့ကြောင်း ၊ ဇူလိုင်လ ၁၀ ရက်နေ့ကလည်း လောင်တလိုင်ခရိုင်အတွင်း အမျိုးသမီး သေဆုံးမှုတွင် ပါ၀င်သည်ဟု ယူဆသူ ချင်းအမျိုးသား တဦးသည် ဗမာပြည်သို့ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း ဒေသထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

အလားတူ  ဆိုင်ဟားခရိုင်အတွင်း ဇူလိုင်လ ဒုတိယပတ်အတွင်း ၅၀၀ တန် ငွေစက္ကူ အတု ရူပီးငွေ တသိန်း လေးသောင်းကျော် ဖမ်းဆီးခဲ့ရာ ယင်းအမှုကြောင့် လောင်တလိုင် ခရိုင်၊ ဆငေါင်ရွာတွင် နေထိုင်သူ တရားခံ ချင်းလူမျိုးတဦးအား ဖမ်းဆီးထားသည်ဟု ဒေသသတင်းစာများတွင် ဖော်ပြထားသည်။

အထူးသဖြင့် မီဇိုရပ်ပြည်နယ်၏မြို.တော် အိုက်ဇောလ် နှင့် ဒုတိယမြို.တော် လုံးလေမြို.နယ်တို့တွင် ယခုတလော မှုးယစ်ဆေးဝါး ထူပြောလာနေသည်ကို တွေ.မြင်ရသည်။

ယခုနှစ် မေလ ၂၉ ရက်နေ.မှ ဇူလိုင် ၂ ရက်နေ.အထိ ပြည်နယ်၏မြို.တော် အိုက်ဇောလ်တွင် ရူပီး ငွေ ၁၉ သိန််းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် အရက်သေစာများ မီဇိုးလူငယ်(မူးယစ်ဆေးဝါး တိုက်ဖျက်ရေး) အဖွဲ.က ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

အလားတူ မေလ ၂၃ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ လုံးလေမြို.နယ်အတွင်း ရူပီးငွေ လေးသိန်း ငါသောင်း တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် အရက်သေစာများ ဖမ်းဆီးနိုင်ခဲ့ကြောင်း Lunglei Ramthar Kumpuan Committee ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။