အိမ်မီးလောင်မှုအတွက် အာဏာပိုင်များက အိမ်ရှင်များအား တရားစွဲ

အိမ်မီးလောင်မှုအတွက် အာဏာပိုင်များက အိမ်ရှင်များအား တရားစွဲ
ချင်းပြည်နယ် ဟားခါးမြို့နယ် သီနမ်းကျေးရွာတွင် ယခုလ (၁၂)ရက်နေ့ကမီးလောင် မူဖြစ်ပွါးခဲ့ရာ ပျဉ်ထောင် အိမ်နှစ် လုံးပြာကျ သွားခဲ့ပြီး ၄င်းမီးလောင်မှုအတွက် အာဏာ ပိုင်များကအိမ်ရှင်များအား မြို့နယ်တရားရုံးတွင်တရားစွဲထား...

ချင်းပြည်နယ် ဟားခါးမြို့နယ် သီနမ်းကျေးရွာတွင် ယခုလ (၁၂)ရက်နေ့ကမီးလောင် မူဖြစ်ပွါးခဲ့ရာ ပျဉ်ထောင် အိမ်နှစ် လုံးပြာကျ သွားခဲ့ပြီး ၄င်းမီးလောင်မှုအတွက် အာဏာ ပိုင်များကအိမ်ရှင်များအား မြို့နယ်တရားရုံးတွင်တရားစွဲထားသည် ဟု သိရသည်။

“မီးလောင်သည့်အတွက် မြို့နယ်မယက နဲ့ မီးသတ်တွေက အဲဒီအိမ်ရှင်တွေကို စစ်ဆေးပြီး မြို့နယ်တရားရုံးမှာ အမှုဖွင့် ထားတယ်” ဟု ဒေသခံ တဦးက ပြောသည်။

အဆိုပါမီးသည် Pu Hrang Uk ၏ နေအိမ်မှ စလောင်ခြင်းဖြစ်ပြီး   Pu Than Kung အိမ်ကိုပါ မီးထဲ ပါသွားကြောင်း အိမ်အသုံးအဆောင် ပစ္စည်းများ အားလုံးပြာကျ သွား ကြောင်း ဒေသခံများက ဆိုသည်။

“နေမွန်းတည်ချိန် လူသူ ကင်းရှင်းတဲ့ အချိန်ဆိုတော့မီးငြိမ်းသတ်ချိန်မရဘူး၊ အတွင်း ပစ္စည်း အားလုံး မီးထဲပါသွားတယ်၊ခန့်မှန်းခြေ သိန်းပေါင်း ၅၀ ခန့်တော့ ဆုံးရှူံး မယ်” ဟု ဒေသခံ က ပြောသည်။

မီးလောင်မှုကြောင့် Pu HrangUk၏ နေအိမ်၊ ဘီဒို (၄)လုံး၊ စပါး ၅၆ တင်း၊ ၀က်၂ ကောင် နှင့် Pu Than Kung မှာလည်း နေအိမ်၊ စပါး တင်း တစ်သောင်း၊ ဆန်စက်တလုံး၊ အိမ်မွေးတိရိစ္ဆာန်များလည်း ဆုံးရှုံးသွားသည်ဟုသိရ သည်။

ယခုနှစ်အတွင်း ချင်းပြည်နယ်တွင် မီးလောင်မှု အနည်းဆုံး ၅ကြိမ်ခန့်ဖြစ်ပွားခဲ့ရာ ယင်း မီးလောင်မှုနှင့် ပါတ်သက်ပြီး အာဏာပိုင်တွေကတစုံတရာ ထောက်ပ့ံမှုမရှိ သည့် အပြင်  ဒါဏ်ငွေ ဆောင်ခိုင်ခဲ့သည်ဟု သိရသည်။

သီနမ်းကျေးရွာသည် လွန်ခဲ့သည့် ၁၉၅၄-ခုနှစ်ကလည်းတစ်ရွာလုံးနီးပါးမီးလောင် ကျွမ်းခဲ့ရပြီးဖြစ်သည်ဟု သိရသည်။