ချင်းတိုးတက်ရေးပါတီ (စီပီပီ) ပထမဆုံးအကြိမ် ညီလာခံ မကြာခင်ခေါ်ယူမည်

ချင်းတိုးတက်ရေးပါတီ (စီပီပီ) ပထမဆုံးအကြိမ် ညီလာခံ မကြာခင်ခေါ်ယူမည်
၂ဝ၁ဝ ရွေးကောက်ပွဲ၌ ချင်းပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ချင်းတိုးတက် ရေးပါတီ(စီပီပီ)က ၄င်းတို.၏ ပထမဦးဆုံးအကြိမ် ညီလာခံကို ပါတီဗဟိုရုံးစိုက်ရာ ရန်ကုန်မြို့တွင် မကြာခင်ခေါ်ယူကျင်းပ ...

၂ဝ၁ဝ ရွေးကောက်ပွဲ၌ ချင်းပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ချင်းတိုးတက် ရေးပါတီ(စီပီပီ)က ၄င်းတို.၏ ပထမဦးဆုံးအကြိမ် ညီလာခံကို ပါတီဗဟိုရုံးစိုက်ရာ ရန်ကုန်မြို့တွင် မကြာခင်ခေါ်ယူကျင်းပမည်ဟုသိရသည်၊

“ညီလာခံကို ဇူလိုင်လ ၂၁ ရက်နေ့မှာ ခေါ်ယူဘို့ပြင်ဆင်ထားတယ်။ အဲဒါ စီပီပီရဲ့ ပထမဆုံး ညီလာ ခံပဲ။ ညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ် ဦးရေကိုတော့ အတိအကျမသိသေးပါဘူး” ဟု စီပီပီ ပါတီဝင်တဦးက ပြော သည်၊

အဆိုပါ ညီလာခံတွင် ပါတီရှေ့လုပ်ငန်းစဉ်များဖြစ်သည့် စည်းရုံးရေးလုပ်ငန်းများ၊ မြို့နယ်အဆင့် ကော်မီ တီဖွဲ့ စည်းရေး နှင့် ကိုယ်စားလှယ် လောင်းရွေးချယ်ရေး ကိစ္စများကို အလေးထားဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်၊

“ကျတော်တို့အခု ချင်းပြည်နယ် ဖလမ်းမြို့နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာပဲ မြို.နယ် အဆင့်ကော်မီတီဖွဲ့ စည်းနိုင်သေးတယ််။ ကော်မီတီ တိုးချဲ့ရေးတွေ။ ကိုယ်စားလှယ် လောင်းရွေးချယ်ရေး ကိစ္စတွေ ဒီညီလာခံမှာပဲ ဆွေးနွေးကြမယ်” ဟု ဖလမ်းမြို့နယ် စီပီပီဥက္ကဌ (၁) ဦးနာ့ထန်း က ပြောသည်၊

စီပီပီပါတီအနေဖြင့် တခြားမြို့နယ်များတွင် ပါတီကော်မီတီမဖွဲ.စည်းနိုင်သေးခြင်းမှာ ပါတီခေါင်းဆောင်တချို့အပေါ်အမြင် မကြည်လင်မှုများ ရှိနေခြင်းကြောင့်ဖြစ်သည်ဟု ဦးနာ့ထန်းကဆက်ပြောသည်။ သို့သော်လည်း အသေးစိပ်ကိုမူ ပြောပြခြင်း မရှိခဲ့ပေ။

အလားတူ ချင်းပြည်နယ်အတွင်း မရာမျိုးနွယ်စုများမှ ဖွဲ့စည်းထားသော တိုင်းရင်း သား လူမျိုးများ တိုးတက်ရေး ပါတီ ( အီအဲန်ဒီပီ)ကလည်း ပါတီညီလာခံကို သြဂုတ် လ အတွင်း ပါတီ ဗဟိုရုံးစိုက်ရာ ချင်း ပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီ ရွာတွင် ခေါ်ယူ ကျင်းပမည်ဖြစ် ကြောင်း သိရသည်။

ချင်းလူမျိုးကိုယ်စားပြုပါတီတခုဖြစ်သည့် စီအဲန်ပီပါတီသည်လည်းလွန်ခဲ့သည့် မေလ အတွင်း ချင်းပြည် နယ်၊ ထန်တလန် မြို့နယ်တွင် မြို့နယ် ပါတီကော်မီတီဖွဲ ့စည်းထား ပြီးဖြစ်သည်ဟု သိရ သည်၊

ချင်းပြည်နယ် တွန်းဇံ၊ တီးတိန်၊  ဟားခါး၊ ဖလမ်း၊ ထန်တလန်ဒေသခံများအနေဖြင့် အဆိုပါ စီအဲန်ပီပါတီ လှုပ်ရှားမှုများကို စောင့်နေကြကြောင်း တွန်းဇံမြို့ဒေ သခံတဦး ထံမှသိရသည်၊

၂ဝ၁ဝ ရွေးကောက်ပွဲ၌ ချင်းပြည်နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့်ပါတီများမှာ ချင်းတိုးတက်သောပါတီ(စီပီပီ)၊ ချင်း အမျိုးသား ပါတီ (စီအဲန်ပီ)၊ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးပါတီ(အီးအဲန်ဒီပီ)၊ ပြည်ထောင်စုဒီမို ကရေစီပါတီ (ယူဒီပီ) ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ( အဲန်ယူပီ) ပါတီ နှင့် ပြည် ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေး( ယူအက်စ်ဒီပီ) ပါတီတို့ ဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ချင်းပြည်နယ်တွင် ပါတီဝင်အဖြစ် သတ်မှတ်ရန် စာရင်းစတင်ကောက်ခံနေ ပြီးဖြစ်သော်လည်း ဟောပြောပွဲပြုလုပ်ပြီး စည်းရုံးရေးလုပ်ခြင်းကိုမူ မလုပ်ရသေးကြောင်း သိရသည်။

လက်ရှိမြန်မာဝန်ကြီးချူပ် ဦးသိန်းစိန်ဦးဆောင်မည့် ကြံ့ဖွံ.ပါတီအစိုးရတက်လာပါက စစ်အုပ်ချုပ််ရေးကို အသွင်ပြောင်းခြင်း သာဖြစ်မည် ဖြစ်သောကြောင့် ချင်းပြည်သူများ အနေဖြင့် ကြံ့ဖွံ.ပါတီကို လာမည့်ရွေးကောက်ပွဲတွင် မဲပေးကြမည်မဟုတ် ကြောင်း ဟားခါးမြို.ခံ ဦးပန်လျှန်က အင်္ဂါနေ.တွင်ဘီဘီစီမြန်မာအသံမှတဆင့်ပြောကြားခဲ့သည်။

ချင်းတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသားပါတီတို.သည် ဇူလိုင်လမှ စပြီးချင်းပြည် နယ်တွင် စညး်ရုံးရေးလုပ်ငန်းစတင်လုပ်ဆောင်မည်ဟုသိရပြီး ၄င်းတို.အခြေအနေကို စောင့်ကြည့်ရအုံးမည်ဖြစ်ကြောင်းဦးဗန်လျှန်က ဆက်လက်ပြောသွားခဲ့သည်။