ကြံ.ဖွံ.ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ရာထားခံရသူက လူနာများအား အခမဲ့ဆေးဝါးကုသ

ကြံ.ဖွံ.ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ရာထားခံရသူက လူနာများအား အခမဲ့ဆေးဝါးကုသ
ပြည်ထောင်စုကြံ.ခိုင်ရေးနှင့်ဖွံ.ဖြိုးရေးပါတီ (ယူအက်စ်ဒီပီ)မှ ချင်းပြည်နယ်အထက်ပိုင်း ထန်တ လန်မြို.နယ်အတွက် အမတ်လောင်း အဖြစ်ရာထားခံရသူ ဒေါက်တာ မှူထန်းက ချင်းပြည် သူများအား အခမဲ့ဖြင့် ဆေးဝါးကုသ ပေးနေသည်ဟု....

ပြည်ထောင်စုကြံ.ခိုင်ရေးနှင့်ဖွံ.ဖြိုးရေးပါတီ (ယူအက်စ်ဒီပီ)မှ ချင်းပြည်နယ်အထက်ပိုင်း ထန်တ လန်မြို.နယ်အတွက် အမတ်လောင်း အဖြစ်ရာထားခံရသူ ဒေါက်တာ မှူထန်းက ချင်းပြည် သူများအား အခမဲ့ဖြင့် ဆေးဝါးကုသ ပေးနေသည်ဟု သိရသည်။

ထန်တလန်မြို့ပေါ် Bethsaida  ဆေးခန်းပိုင်ရှင် ဒေါက်တာ Hmuhthang သည် ယခုတ လောတွင် သူ၏ဆေးခန်းသို. လာရောက်သူ လူနားများကို အခကြေးငွေမယူဘဲ ကုသပေး လျက်ရှိသည်ဟု ထန်တလန်မြို.မှ တစည ပါတီဝင်တဦးကပြောသည်။

“ဒေါက်တာမှုထန်က အခုတလောလူနာတွေကို အခမဲ့ဆေးဝါးကုသနေတယ်။ အယင်က အခုလိုအခမဲ့မကုသဘူးဘူး ” ဟု သူကပြော သည်။

အဆိုပါဆေးခန်းသည် ယူအဲန်ဒီပီ ထောက်ပံ့မှုဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။

ယခုကဲ့သို့လူနာများအား အခမဲ့ဆေးဝါးကုသခြင်းသည် ရွေးကောက်ပွဲတွင်မဲအနိုင်ရရှိရေး အတွက်ဖြစ်မည် ဟု ပြည်သူများက ဝေဖန်နေ ကြသည်ဟုကုန်သည်တဦးက ဆိုသည်။

“အခမဲ့ဆေးကုတာ နှစ်လ သုံးလခန့်ရှိပီ။ ပြည်သူတွေကတော့မဲအနိုင်ရရှိဖို့အတွက် ဖြစ် မည်ဟု ဝေဖန်ကြတယ်။ သူက ယူအက်စ်ဒီပီ ပါတီကကိုယ်စားလှယ်လောင်း အဖြစ်ရာ ထား ခံရသူဖြစ်တယ်လေ ” ဟု အဆိုပါ ကုန်သည်ကပြောသည်။

ဒေါက်တာမှူထန်းသည် ၁၉၉ဝ ရွေးကောက်ပွဲကာလတွင် ထန်တလန်မြို့နယ် မဲဆန္ဒနယ်မှ တသီးပုဂ္ဂလအဖြစ်အရွေးခံထားရသူဖြစ် သည့်အပြင် နအဖစစ်အစိုးရ၏ ညောင်နှစ်ပင်ညီလာခံ တက်ရောက်သူလည်းဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ယူအက်စ်ဒီပီပါတီမှ ချင်းပြည်နယ် ထန်တလန်မြို့နယ်မဲဆန္ဒနယ် အတွက်ဝင်ရောက်ယှဉ်ပြိုင်ရန် ဒေါက်တာ မှုထန်းအပါအဝင် Pu HrangHlun, Pu Ngun Kio, Pu Ngun Hrang, Nawlceu တို့အား ရွေးချယ်ထားကြသည်ဟုသိရသည်။

ယူအက်စ်ဒီပီပါတီသည် ချင်းပြည်နယ်အတွင်း မဲဆွယ်စည်းရုံးခြင်း၊ ပါတီရုံးဆောက်လုပ်ခြင်း၊ ဘာသာရေးအသင်းအဖွဲ.များထံအလှူငွေ ထည့်ဝင်ခြင်းများပြုလုပ်နေသည်။