၂၀၁၀ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ဇွန်လ ၁၃ ရက်နေ.ကမြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌါနမှထုတ်ပြန်ကြေညာခဲ့ရာ ချင်းပြည်နယ်မှ ၁၆.၃၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြသည်ဟု သိရသည်။
ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကျောင်းသူ၊သား စုစုပေါင်း ၈၇၀၆ ဦးရှိသည့် အနက် ၁၄၂၆ ဦးအောင် မြင်ခဲ့ကြသည်ဟုဟားခါးမြို့မှ ကျူရှင်ဆရာ တဦးထံမှ သတင်းရရှိ သည်။
အမှတ် ၂ အခြေခံပညာဦးစီးဌာန ( အထက်မြန်မာပြည်)၊ မန္တလေးမြို့၏ ၂၀၁၀ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ၊ ပြည်နယ်၊ တိုင်းအသီး သီး၏မြို့နယ်အလိုက် အောင်ချက်ပြ ဇယားတွင်ဖော်ပြထားချက်အရ ချင်းပြည်နယ်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျား ၃၈၂၈ဦး ၊ မ ၄၈၇၈ ဦးရှိသည့်အနက် ကျား ၆၅၁ ဦး နှင့် မ ရ၇၅ ဦး အောင်မြင် ခဲ့ကြသည်ဟုဖော်ပြ ထားသည်။
စာမေးပွဲအောင်မြင်သူများအနက် ၅ ဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ ၄ဘာသာဂုဏ်ထူးရှင် ၁ ဦး ၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၁၀ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ရဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၈၃ ဦး၊ ဂုဏ်ထူးရှင်ပေါင်း ၁၀၂ ဦးပါ၀င် ကြောင်း အဆိုပါအောင်ချက်ပြဇယားထဲတွင် ဖော်ပြထားချက် အရသိရသည်။
မြို.နယ်ပေါင်း ၉ မြို.နယ်ရှိသည့် ချင်းပြည်နယ်တွင် အောင်ချက်အကောင်းဆုံး မြို.နယ်မှာ တွန်းဇံမြို.နယ်ဖြစ်ပြီး စာမေးပွဲဖြေဆိုသူ ကျောင်းသူ၊သား စုစုပေါင်း ၁၅၀ တွင် ၃၆ ယောက် အောင်မြင်ခဲ့ကြသည်။ အောင်ချက်ရာခိုင်နှုန်းအရ ၂၄ ရာခိုင်နှုန်းရှိသည်။
အောင်ချက်အနည်းဆုံးမြို.နယ်မှာ ပလက်ဝမြို.နယ်ကဖြစ်ပြီး စာမေးပွဲဖြေဆိုသူကျောင်းသူ၊ သား စုစုပေါင်း ၁၃၂၆ တွင် ၁၀၄ ယောက်အောင်မြင်ခဲ့ကြသည်။ အောင်ချက် ရာခိုင်နှုန်းအရ ရ.၈၄ ရာခိုင်နှုန်းသာရှိသည်ဟု အောင်ချက်ပြဇယားတွင် ဆက်လက်ဖော်ပြ ထားသည်။
လက်ရှိချင်းပြည်နယ်၏ ပြည်နယ်ပညာရေးမှူးသည် ဦးမြင့်စိုးဖြစ်သည်။
http://www.khonumthungburmese.org/index.php?subaction=showfull&id=127667...