အသက် (၁၇) နှစ်အရွယ် ချင်း အမျိူးသမီးတဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရ

အသက် (၁၇) နှစ်အရွယ် ချင်း အမျိူးသမီးတဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း၊ ကလေးမြို.နယ် ရှုခင်းသာ (Phulmawi)ကျေးရွာတွင် အသက် ၁၇ နှစ် အရွယ် ချင်းအမျိူးသမီးငယ်တဦး ယခုလ ရ ရက်နေ.က မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရ....

စစ်ကိုင်းတိုင်း၊ ကလေးမြို.နယ် ရှုခင်းသာ (Phulmawi)ကျေးရွာတွင် အသက် ၁၇ နှစ် အရွယ် ချင်းအမျိူးသမီးငယ်တဦး ယခုလ ရ ရက်နေ.က မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရ သည်ဟုသိရသည်။

ကလေးမြို.မှ ၂၅ မိုင်ခန်.ဝေးသော ရှုခင်းသာကျေးရွာတွင်နေထိုင်သည့် ချင်းမျိူးနွယ် ဟားခါးအမျိူးသမီးတဦးသည် ဇွန်လ ရ ရက်နေ.နံနက် ၆ နာရီခန်.တွင် ၀က်စာရှာ ဖွေရန် လယ်တောသို.အသွားတွင် အမည်မသိသူများက မုဒိမ်းပြုကျင့်ခဲ့ပြီး ထို နောက် သူမကို သတ်ဖြတ်ခဲ့ကြသည်ဟု ကလေးမြို.ဒေသခံတဦးကပြောသည်။

“အဲဒီကလေးမက မနက်တိုင်း ၀က်စာရှာဖို.အတွက် လယ်တောထဲကိုသွားလေ့ရှိ တယ်..ဒါပေမဲ့အဲဒီနေ.ကတော့ ခါတိုင်း ပြန်လာချိန်မှာမပြန်လာတဲ့အတွက်ကြောင့် သူ့ အဖေက စိတ်ပူလို့သွားကြည့်လိုက်တော့အလောင်းကိုသွားတွေ့လိုက်တယ်” ဟု ကလေးဒေသခံကပြောသည်။

သူမ၏ရုပ်အလောင်းကို ရှုခင်းသာရွာအပြင်ဘက် လယ်တောဘက်သွားသည့် လမ်း ဘေးတွင် အဖေဖြစ်သူကတွေ.ရှိခဲ့ ခြင်းဖြစ်သည်။  အလောင်းကို ကလေးမြို.ပြည်သူ. ဆေးရုံကြီးတွင် ဒီကနေ.ဇွန်လ ၉ ရက်တွင် ခွဲစိတ်စစ်ဆေးနေ သည်ဟုလည်းသိရ သည်။  

“လည်ပင်း နှင့် ပေါင်မှာ ဓားနဲ.လှီးခံရတယ်၊ နံရိုးနားမှာ တချက်ဓားထိုးခံရတယ် လို.ကြားတယ်….ပြီးတော့ သူ.ခန္ဓာကိုယ် တခြားနေရာတွေမှာလည်း ဒဏ်ရာတွေ အများကြီး ဘဲလို.သိရတယ်”ဟုအဆိုပါကလေးဒေသခံကဆက်ပြောသည်။

ယင်းကိစ္စနဲ.ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူမှာ မည်သူမည်ဝါဖြစ်သည်ကို ယခုချိန်ထိ မသိရသေးသော်လည်း ရှုခင်းသာ ကျေးရွာသားအများစုက ၄င်းတို.ကျေးရွာနား တွင်တည်ရှိသည့် ရာဇဂြိုလ်ကျေးရွာက စစ်ထွက်တဦးဖြစ်နိုင်သည်ဟုထင်မြင်ယူဆ နေကြသည်။ ယင်းစစ်ထွက်သမားသည် ယခင်က မုဒိမ်း မှုရှိခဲ့ဖူးသူလည်းဖြစ်သည် ဟုသိရသည်။