ချင်းပြည်နယ် ဗျူဟားမှူးက ခရစ်ယာန်အသင်းတော်များထံ အလှူငွေများထည့်ဝင်၊ ရွေးကောက်ပွဲအတွက် မဲဆွယ်ခြင်းလော

ချင်းပြည်နယ် ဗျူဟားမှူးက ခရစ်ယာန်အသင်းတော်များထံ အလှူငွေများထည့်ဝင်၊ ရွေးကောက်ပွဲအတွက် မဲဆွယ်ခြင်းလော
ချင်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌလည်းဖြစ် ချင်းပြည် နယ်ဗျူဟာမှူးက ဟားခါးမြို့ပေါ်ရှိ အသင်းတော်များထံ မကြာသေးခင်ရက်ပိုင်းက အလှူငွေ ထည့်ဝင်...

ချင်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌလည်းဖြစ် ချင်းပြည် နယ်ဗျူဟာမှူးက ဟားခါးမြို့ပေါ်ရှိ အသင်းတော်များထံ မကြာသေးခင်ရက်ပိုင်းက အလှူငွေ ထည့်ဝင်ခဲ့သည်ဟု သိရသည်။

ယင်းကဲ့သို. ဗျူဟားမှူးမှ အလှူငွေများထည့်ဝင်ခြင်းအပေါ် အသင်း တော်များအနေ ဖြင့် ကျေးဇူးတင် ၀မ်းသာကြ သော်လည်း ဒေသခံတချိူ.က သွေးရိုးသား ရိုးနဲ. လှူဒါန်းခြင်းမဖြစ်နိုင်ကြောင်း ဝေဖန် ပြောဆိုနေကြသည်။

ချင်းပြည်နယ်ဗျူဟာမှူးဗိုလ်ချူပ်ဟုန်းငိုင်သည် ယခုလ ၁၆ ရက်နေ.က ဟားခါးမြို. ပေါ်ရှိ ဗေသလ နှစ်ခြင်းအသင်းတော် အတွက် ကျပ်ငွေ ၂ သိန်းလှူဒါန်းခဲ့သည်။ အလားတူ ဟားခါးမြို့ပေါ်ရှိ တခြား အသင်းတော်များဖြစ်သော(ဇိအုန်) နှင့် (ကာရာနီ) နှစ်ခြင်း တို့တွင်လည်း မကြာသေး ခင်က ငွေကြေး များလှူဒါန်းခြင်းပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်တွင် ယခုကဲ့သို. နအဖစစ်ဗိုလ်ချူပ်များက ခရစ်ယာန်အသင်းတော်များ ထံအလှူငွေ ထည့်ဝင်ခဲ့ဘူးခြင်းမရှိခဲ့ သည့်အပြင် ယခုအချိန် မြန်မာနိုင်ငံရွေးကောက်ပွဲအကြိုကာလတွင် ချင်းပြည် နယ်ဗျူဟာမှူးမှ ခရစ်ယာန်အသင်းတော်ထံငွေ ကြေးလှူဒါန်းခြင်းသည် ၂၀၁၀ ရွေးကောက် ပွဲတွင် ပါ၀င်ယှဉ်ပြိုင်မည့် ကြံ.ဖွံပါတီ အတွက် မဲဆွယ်စည်းရုံးခြင်းဖြစ်နိုင် သည်ဟုဟားခါးမြို.ခံမှနိုင်ငံရေးသမား လူငယ် တဦးကပြောသည်။

“ကျနော်သိသလောက်တော့ စစ်ခေါင်းဆောင်တွေယခုလို ခရစ်ယာန်အသင်းတော် အတွက် လှူဒါန်း တာမျိုးတခါမှမရှိသေး ပါဘူး၊ မမှားယင်တော့ ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် ပြည်သူကို စည်းရုံး တာမျိုးဖြစ်နိုင်တယ်”ဟုသူကပြောသည်။

ဗိုလ်မှူးချုပ်ဟုန်းငိုင်သည် ချင်းပြည်နယ် ပယက ဥက္ကဌနှင့် ချင်းပြည်နယ်ဗျူဟာမှူး တာဝန်ကို ပထမဦးဆုံးတာဝန်ပေး အပ်ခြင်းခံရသည့် ချင်းလူမျိုး ဖြစ်ပြီး သူသည့် ဗုဒ္စဘာသာဝင် တဦးဖြစ်သည်။

ထို.အပြင်အတည်မပြုနိုင်သေးသောသတင်းများအရ ချင်းပြည်နယ်ဗျူဟားမှူးဟုန်းငိုင်သည် အရပ်ဝတ် လဲပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ.ဖွံ.ပါတီမှဝင်ရောက်ယှဉ်ပြိုင်ဖို.အစီစဉ်ရှိနေသည်ဟုလည်းသိရ သည်။

ယခုဗျူဟာမှူးလှူဒါန်းလိုက်သော ဟားခါးမြို.မှအသင်းတော်သုံးခုစလုံးသည် အသင်း ၀င်အရေအတွက်ဦးရေ အများဆုံး အသင်းတော် ဖြစ်ကြပြီး မြို.နေလူထုသုံးပုံ နှစ်ပုံခန်သည် ထိုအသင်းတော်သုံးခုတို.၏ အသင်းသားများဖြစ်ကြသည်။