ချင်းမျိူးနွယ်စု ကိုယ်စားပြုပါတီ ENDP ကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြု

ချင်းမျိူးနွယ်စု ကိုယ်စားပြုပါတီ ENDP ကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြု
၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း ပါ၀င်ယှဉ်ပြိုင်မည့်  ချင်းမျိူးနွယ်စု ကိုယ်စားပြုသည့် တိုင်းရင်းသား လူမျိူးစု များဖွံ.ဖြိုးရေးပါတီ Ethnic National Development Party ( ENDP)ကို ပြီးခဲ့သည့် မေလ ၁၁ ရက် နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မီရှင်က နိုင်ငံရေး ပါတီ....

၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း ပါ၀င်ယှဉ်ပြိုင်မည့်  ချင်းမျိူးနွယ်စု ကိုယ်စားပြုသည့် တိုင်းရင်းသား လူမျိူးစု များဖွံ.ဖြိုးရေးပါတီ Ethnic National Development Party ( ENDP)ကို ပြီးခဲ့သည့် မေလ ၁၁ ရက် နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မီရှင်က နိုင်ငံရေး ပါတီ တည်ထောင်ခွင့်ပြုလိုက်ပြီဟုသိရသည်။

ENDP ပါတီကို ချင်းပြည်နယ် ထန်တလန်၊ မတူပီ၊ ပလက်ဝ စသည့်မြို့နယ်များတွင် နေထိုင်ကြသည့် ချင်း လူမျိုးစုဝင် မရာမျိုးနွယ်စုများမှ ဖွဲ့စည်းတည်ထောင်ထားခြင်း ဖြစ်ပြီး လက်ရှိ ဥက္ကဌ တဦးနှင့် အဖွဲ့ဝင် ၁၄ ဦးမှ ယာယီ ဦးဆောင်နေ သည်ဟုသိရ သည်။

ယခုကဲ့သို. အီးအဲန်ဒီပီအနေဖြင့် ရွေးကောက်ပွဲတွင်ပါ၀င်ယှဉ်ပြိုင်မည့်ကိစ္စနဲ.ပတ် သက်ပြီး ပါတီလူကြီးတဦးဖြစ်သူ ပူးဗန်ကျင်က “ဘာပဲဖြစ်ဖြစ် မရာမျိုးနွယ်စုတွေ တစုတစည်းတည်းနေထိုင်ချင်တာ အဓိကပဲ ”ဟုခိုနူမ်းထုန်ကိုပြောသည်။

ENDP ပါတီသည် ပြီးခဲ့သည့် ဧပြီလ ၁၀ - ၁၃ ရက်အကြား မရာဒေသခံ ၁၀၀ ကျော်မှ စည်းဝေးပြီး National Progressive Party(NPP) ပါတီဖြင့် နိုင်ငံရေးမှတ်ပုံ တင်ရန်ဆုံးဖြတ်ခဲ့သော်လည်း NPP မှ ENDP ပါတီအဖြစ် ပါတီအမည် ပြောင်းလဲ လိုက်ခြင်း ဖြစ်သည်။

ချင်းပြည်နယ်ရှိ မရာလူမျိုးနွယ်စုများသည် ၁၉၉၀ ရွေးကောက်ပွဲကာလတုန်းက မရာပြည်သူ့ပါတီကို ဖွဲ့စည်း ကြပြီး ကိုယ်စားလှယ်နေရာ တနေရာရရှိခဲ့သော်လည်း စစ်အစိုးရက ဖျက်သိမ်းခဲ့သည်။

အလားတူ ချင်းပြည်နယ်တောင်ပိုင်းဒေသမှ ခမီးလူမျိူးစုတွေကလည်း ခမီးအမျိူး သားဖွံ.ဖြိုးတိုးတက်ရေးပါတီ အမည်ဖြင့် မေလ ၁၇ ရက်နေ.က နိုင်ငံရေးပါတီတည် ထောင်ခွင့်ကို ရွေးကောက်ပွဲကော်မီရှင်ထံလျှောက်ထားခဲ့ကြသည်ဟုသိရသည်။

ယနေ.အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင်ထံသို. နိုင်ငံရေးပါတီတည်ထောင် ခွင့်လျှောက်ထားသည့်အဖွဲ. (၃၈) ရှိ သည့်အနက် (၂၈)ဖွဲ.ကို နိုင်ငံရေးပါတီတည် ထောင်ခွင့်ပြုလိုက်ပြီးဖြစ်သည်။