ရယကအဖွဲ့ဝင်များနှင့် အစိုးရ ဝန်ထမ်းများအား ကြံ့ခိုင်ရေးကပ် အတင်းထုတ်ပေး

ရယကအဖွဲ့ဝင်များနှင့် အစိုးရ ဝန်ထမ်းများအား ကြံ့ခိုင်ရေးကပ် အတင်းထုတ်ပေး
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ကြံ.ဖွံ.)က ကျေးရွာ ရယကအဖွဲ့ဝင်များ နှင့် အစိုးရဝန်ထမ်းများအား ကြံ့ခိုင်ရေးကပ်ပြား အတင်းအဓမ္မ ထုတ်ပေးပြီး ကပ်ပြားတခုအတွက်ကျပ်ငွေ ၃ဝဝဝ စီ ကောက်ယူနေသည်ဟု....

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ကြံ.ဖွံ.)က ကျေးရွာ ရယကအဖွဲ့ဝင်များ နှင့် အစိုးရဝန်ထမ်းများအား ကြံ့ခိုင်ရေးကပ်ပြား အတင်းအဓမ္မ ထုတ်ပေးပြီး ကပ်ပြားတခုအတွက်ကျပ်ငွေ ၃ဝဝဝ စီ ကောက်ယူနေသည်ဟု သိရသည်။

“မယက ဥက္ကဌအမိန့်အရ ကြံ့ဖွံ့အတွင်းရေးမှူး ဦးအုန်းလွင်ကိုယ်တိုင်က ပိုက်ဆံ ကောက်ပြီး အတင်းဘဲထုတ်ပေးတယ် ” ဟု အမည်မဖော်လိုသူ ဒေသခံက ပြော သည်။

ကြံ့ဖွံ့ကပ်ပြားကိုင်ဆောင်သူများသည်  ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီကို မဲပေးရမည်ဖြစ်ပြီး အကယ်၍ မဲမပေးခဲ့ပါက အရေးယူခြင်းခံရမည်ဖြစ်သည်ဟု အမည်မဖော်လိုသူ နယ်စပ်ရောက် ကျောင်းဆရာတဦးကလည်းပြောသည်။

“ကပ်ပြားကိုင်ဆောင်သူတွေဟာ ကြံ့ဖွံ့ပါတီကို မဲပေးရမယ်၊ မပေးဘူးဆိုယင် အရေး ယူခံရမည်လို့ပြောသွားကြတယ်” ဟု ကျောင်းဆရာက ပြောသည်။

ထို.အပြင် ပြည်သူများအနေဖြင့် ကြ့ံဖွံ.ပါတီကြီးကို ရွေးကောက်ပွဲတွင် မဲထည့်ပေး ကြရန် ရယကအဖွဲ.၀င်များနှင့် အစိုးရ ၀န်ထမ်းများကစည်းရုံးရမည်ဟု ဒေသခံ အာဏာပိုင်များကညွန်းကြားထားသည်ဟု မတူပီမြို့ရှိ  ရယက အဖွဲ့ဝင်တဦးက ပြော သည်။

ချင်းပြည်နယ်တခြားမြို့နယ်ကြံ့ဖွံ့ပါတီခေါင်းဆောင်များသည်လည်း ဒေသတွင်း စည်း ရုံးရေးလုပ်ငန်း စတင်လုပ် နေကြပြီဖြစ်သည် ဟုသိရသည်။

ပြည်ထောင်စုကြံ.ခိုင်ရေးနှင့်ဖွံ.ဖြိုးရေးအသင်းသည် မကြာသေးခင်ကဘဲ နိုင်ငံပါတီ အဖြစ်သို.ပြောလဲလိုက်ပြီး လက်ရှိစစ်အစိုးရဝန်ကြီးချူပ်ဦးသိန်းစိန်ဦးဆောင်မှုဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင်ပါ၀င်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။