ချင်းပြည်နယ် ဗျူဟားမှူးကားမှောက် ဦးခေါင်းဒဏ်ရာ ရ ချက်ချူပ်ရ

ချင်းပြည်နယ် ဗျူဟားမှူးကားမှောက် ဦးခေါင်းဒဏ်ရာ ရ ချက်ချူပ်ရ
ချင်းပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္တဌ၊ ဗျူဟာမှူးဗိုလ်မှူးချုပ်ဟုန်းငိုင်သည် ယမန်နေ့က ကား တိမ်း မှောက်မှုကြောင့် ဦးခေါင်းတွင်ပြင်းထန်စွာ ဒဏ်ရာ ရရှိပြီး (၇) ချက်ချူပ်ခဲ့ရသည်ဟု...

ချင်းပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္တဌ၊ ဗျူဟာမှူးဗိုလ်မှူးချုပ်ဟုန်းငိုင်သည် ယမန်နေ့က ကား တိမ်း မှောက်မှုကြောင့် ဦးခေါင်းတွင်ပြင်းထန်စွာ ဒဏ်ရာ ရရှိပြီး (၇) ချက်ချူပ်ခဲ့ရသည်ဟု သတင်းရရှိသည်။

ဗိုလ်မှူးချုပ်ဟုန်းငိုင်သည် တိုင်းမှူးဗိုလ်ချူပ်သာအေးတို့နဲ့အတူ ချင်းပြည်နယ်၊ တီးတိန်မြို့မှ အိန္ဒိယ-မြန်မာနယ်စပ်ဖ လမ်း မြို့နယ် ရိဒ် မြို့သို့ မေလ ၃ ရက်နေ့က ထွက်ခွာလာပြီး ညနေပိုင်းတွင် သူစီးလာသည့်ကားဘရိတ် ပေါက်သွား သော ကြောင့် တီးတိန်မြို့ အထွက် မံဆောင်းတံတားနား တွင်တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။

“ သူတို့က တီးတိန်မြို့မှာ အသစ်ဆောက်ထားတဲ့ပြည်သူ့ဆေးရုံသစ်ဖွင့်ပွဲကို တက်ရောက်ပြီး တဆက်တည်း ့ရိဒ်မြို့ကို ခရီးဆက်ဖို့အလာမှာ ခုလိုဖြစ်သွားတာပါ၊ သူနဲ့ အတူ တခြား လူကြီး ၄ ဦးဒဏ်ရာရတယ်လို့သိရတယ်၊ သေဆုံးမှုတော့ မရှိပါဘူး” ဟုတီးတိန်မြို့ခံ တဦးကပြောသည်။

ယခုကားလမ်းသည် အမှတ် (၂) အိန္ဒိယ - မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ပြီး မိုးရာသီတွင် ကားလမ်း မကြာခဏ ပျက်လေ့ရှိသည်ဟု သိရသည်။

“ကားဘီးပေါက်မှာပေါ့၊ ကားလမ်းက မြေနီလမ်းဆိုတော့ ကြမ်းတယ်၊ မိုးတွင်းဆို မကြာခဏပျက်တယ်” ဟု ဒေသခံ တဦး ကပြော သည်။

ယခုကိစ္စကြောင့် ရိဒ် ခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရပြီး ဒီကနေ့မေလ ၄ ရက်နေ့တွင် တီးတိန်မြို့ကနေ ဟားခါး မြို့သို့ ပြန်လှည့်သွားခဲ့ကြသည်ဟုသိရသည်။

ဗိုလ်မှူးချုပ်ဟုန်းငိုင်သည် ချင်းပြည်နယ်၏ ပထမဦးဆုံးဗျူဟာမှူးတာဝန်ပေးအပ်ခြင်းခံရသော ချင်းအမျိူး သား ဖြစ်သည်။