ချင်းကျောင်းသားများ သမဂ္ဂ ညီလာခံအောင်မြင်စွာ ကျင်းပ

ချင်းကျောင်းသားများ သမဂ္ဂ ညီလာခံအောင်မြင်စွာ ကျင်းပ
အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီ အခြေစိုက် ချင်းကျောင်းသားများ သမဂ္ဂအဖွဲ. (Chin Students Union) ညီလာခံကို မေလ ၁ ရက်နေ့က အောင်မြင်စွာ ကျင်းပ ခဲ့ကြသည်ဟု....

အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီ အခြေစိုက် ချင်းကျောင်းသားများ သမဂ္ဂအဖွဲ. (Chin Students Union) ညီလာခံကို မေလ ၁ ရက်နေ့က အောင်မြင်စွာ ကျင်းပ ခဲ့ကြသည်ဟု သတင်းရရှိသည်။

ညီလာခံတွင် ဒေလီရောက် ချင်းကျောင်းသားလူငယ် ၂၀ ကျော်တက်ရောက်ကြပြီး ၂၀၁၀- ၁၂ ခုနှစ် အတွင်း အဖွဲ.၏ လုပ်ငန်းဆောင်တာများ ဆက်လက်တာဝန်ယူမည့် တာဝန်ရှိသူများကို ရွေး ချယ်ခြင်း၊ ရှေ့လုပ်ငန်းများ ချမှတ်ခြင်း များပြု လုပ်ခဲ့ကြကြောင်း ဥက္ကဌသစ် ဆလိုင်း Lai Tha ကပြောသည်။

"နေ့ကျောင်းသားတွေနဲ့ ဖွဲ ့ထားတယ် ဆိုတော့ အဖွဲ့ဝင်နည်းတယ်၊ ကျတော်တို့ ကျောင်းသားတွေ ဟာပညာဆည်းပူး တဲ့နေရာမှာ ငွေကြေး၊ ဘာသာစကား အခက်အခဲ တွေတွေ့တယ်။ အဲဒါတွေ အချင်း ချင်းပ့ံပိုးဘို့၊ admission လုပ်တဲ့ နေရာမှာ အခက်အခဲတွေ ဘယ်လိုဖြေရှင်း ကြမယ်ဆိုတာတွေ ဆွေးနွေးကြ တယ်" ဟု သူက ဆက်လက်ပြောပြခဲ့သည်။

ယင်းညီလာခံတွင် ချင်းအမျိုးသားတပ်ဦး၏ ဒုတိယဥက္ကဌတာဝန်နှင့် ချင်းအမျိုး သားကောင်စီ အလှည့် ဥက္ကဌ တာဝန်ထမ်း ဆောင်နေသူ ပူးထန်ယဲန်း (Thang Zen) လည်းပါ၀င်တက် ရောက်ခဲ့ကြောင်း၊ ၄င်းတို့၏ ရှေ့လုပ်ငန်းစဉ် များနှင့်ပတ် သက်သည့် ဆွေးနွေး ချက်အပေါ် ချင်းအမျိုးသားကောင်စီမှ ထောက်ခံကြောင်း ပြောကြားခဲ့သည်။

စီအဲန်စီဥက္ကဌက "သူတို ့ဖာသာ ရပ်တည်ပြီး ချင်းမျိုးဆက်သစ်လူငယ် ပညာရေး တိုးတက်စေ ဖို့အ တွက် ကြိုးပမ်းလုပ် ဆောင်ဖို ့ ဆိုတာ တော်တော်ကောင်းတယ်၊ လူငယ်တွေဆိုတော့ ရှေ့ဆက် လုပ်ငန်း တွေ လုပ်ဆောင်နိုင်မယ် လို ့ယုံကြည် ပါတယ်။ ကျတော်တို ့စီအင်စီကလည်း သူတို ့လုပ်တာထောက်ခံ တယ်။ သူတို့ ဖာသာ လွတ်လွတ်လပ်လပ်ရပ်တည်ပြီး တော့ ဒေလီမှာ ကျောင်းတက်နေကြတဲ့ ချင်း ကျောင်းသားတွေရဲ့အရေးလုပ်ဆောင်ဖို ့မှာ သူတို ့ ဟာကျစ်ကျစ်လစ်လစ် ရှိဖို ့က အဓိက ပါဘဲ" ဟုခိုနူးမ်ထုန်သတင်းဌာနကို ပြောကြားခဲ့သည်။

ညီလာခံတွင် ပြည်တွင်းပြည်ပရှိ ချင်းကျောင်းသားများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရေးအတွက် ကွန်ယက် (network) တခု လုပ်သွားရန် အစီအစဉ်ရှိကြောင်း၊ ပညာရေး အပြင် မြန်မာနိုင်ငံတွင် လူအခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေး ရရှိရေး အတွက် အတတ်နိုင်ဆုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆလိုင်း လိုင်ထာက ပြောကြား ခဲ့သည်။

ဤကျောင်းသားသမဂ္ဂညီလာခံကို ၂နှစ်တစ်ကြိမ်ကျင်းပရန်ဖြစ်ပြီး ယခုကျင်းပသည့် ညီလာခံတွင် ဥက္ကဌအဖြစ် ဆလိုင်း လိုင်ထာ၊ ဒုတိယဥက္ကဌ Salai Tluangzathang၊ အတွင်းရေးမှူး ဆလိုင်း နေလင်း၊ တွဲဘက်အတွင်းရေးမှူး ဆလိုင်း Lallenmawi, ဘဏ္ဍထိန်းအဖြစ် မိုင် Biaknemmawi, ဘဏ္ဍာရေးအတွင်းရေးမှူးအဖြစ် မိုင် Lalnunpui တို ့ရွေးချယ်ခဲ့ ကြကြောင်း သိရသည်။

ချင်းကျောင်းသားများသမဂ္ဂသည် ၁၉၉၁ ခုနှစ်မှစတင်ဖွဲ ့စည်းခဲ့ခြင်းဖြစ်ပြီး ချင်းကျောင်းသားများ၏ အရေး ကိုဆောင်ရွက် နေကြသည်။ ယခု နယူးဒေလီမြို ့တွင် ဒုက္ခသည်အဖြစ် UNHCR မှခိုလှုံခွင့်ပေးသူ ချင်းလူ မျိုး ၆၀၀၀ ခန် ရှိသည့်အနက် အခြေခံအဆင့် ကျောင်းတက်နိုင်သူ နည်းပါးနေသေးကြောင်း သိရသည်။

မြန်မာစစ်အစိုးရ၏ နည်းမျိုးစုံဖိနှိပ်မှုများကြောင့် ချင်းလူမျိုးများသည် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် ထိုင်း၊ မလေးရှား၊ အိန္ဒိယနိုင်ငံများအပြင် တတိယနိုင်ငံများသို ့အစုလိုက် အပြံုလုက်ထွက်ပြေး ခိုလှုံ နေကြသည်။