အိန္ဒိယ - မြန်မာနယ်စပ်ဖြတ်ကျော်သည့် လူသွားလမ်းများကို ဧပြီလ ၂ဝ ရက်နေ့ကစပြီး အိန္ဒိယစစ် တပ်က အကန့် အသတ်မရှိ ပိတ်ပင်လိုက်သည်ဟု သတင်းရရှိသည်။
အိန္ဒိယအရှေ.မြောက် မဏိပူရ်ပြည်နယ် နှင့် မြန်မာနိုင်ငံ ချင်းပြည်နယ်အထက်ပိုင်း တွန်းဇံမြို.နယ် အကြား ဖြတ််သန်းသွားလာနိုင်သည့် နယ်စပ်လူသွားလမ်းများကို အိန္ဒိယနယ်ခြားစောင့်အာသံတပ်က ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းသည် မကြာခင်အတွင်း စစ်အစိုးရမှ မောင်းထုတ်လာမည့် မြန်မာနိုင်ငံ အတွင်း အခြေချနေသည့် အိန္ဒိယ အရှေ့မြောက် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများကို ပိတ်ဆို့ဖြိုခွဲလိုသောကြောင့်ဖြစ်သည်ဟု ဒေသခံတဦးက ဆိုသည်။
“နယ်စပ်ဖြတ်တဲ့လူသွားလမ်းတွေဖြတ်သွားခွင့်မရဘူး၊ နယ်စပ်တလျှောက် အိန္ဒိယစစ်တပ် တွေ ပြည့်နေတာပဲ၊ ၂ ပတ်လောက်ရှိပြီ ” ဟု ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ အိုက်ကျင်း ရွာ သား က ပြောသည်။
အလားတူ နအဖစစ်တပ်များသည်လည်း တွန်းဇံမြို့နယ် နှာလန်၊ ဟိုက်ကျင်း၊ အိုက်ကျင်း နှင့် အခြား နယ်စပ်ကျေးရွာတွေမှာ စခန်းချ ထားကြသည်ဟု သိရှိရသည်။
“နယ်စပ်ကျေးရွာတွေမှာလည်း နအဖစစ်တပ်တွေ စခန်း ချ ထားတယ်၊ နမခလက်အောက် ခံတွေလို့ ပြောကြတာပဲ၊ တွေ့နေကျ စစ်သား တွေတော့ မဟုတ်ဘူး” ဟုအဆိုပါဒေသခံကဆက်ပြောသည်။
အိန္ဒိယ အရှေ.မြောက်လူမျိုးစု လက်နက်ကိုင်အဖွဲ့သည် ချင်းပြည်နယ်မြောက်ပိုင်း အထူးသဖြင့် တွန်းဇံမြို့နယ်အတွင်း စခန်းချပြီး ပုံမှန် လှုပ်ရှားနေလျက်ရှိသည်။
အိန္ဒိယ အစိုးရနှင့် နအဖစစ်အစိုးရသည် (၂) ဖက်နိုင်ငံရှိ လူမျိုးစုလက်နက်ကိုင်များ ဖြိုခွဲရေး အတွက် ပူးတွဲစစ်ဆင်ရေးပြုလုပ်ရန် ပြင်ဆင်လျက်ရှိသည်။
၄င်းကိစ္စနှင့် ပါတ်သက်၍ အိန္ဒိယ အစိုးရက စစ်အစိုးရကို ဆန့်ကျင်နေသော ချင်းလူမျိုးစု လက်နက် ကိုင်အဖွဲ့အစည်းဖြစ်သည့် ချင်းအမျိုး သားတပ်ဦးအား ဒေသတွင်းမှ ခေတ္တတိမ်းရှောင်နေရန် ပြောကြားခဲ့ပြီးဖြစ်သည်။