ချင်း ပြည်နယ်တွင် ရွေးကောက်ပွဲ ကော်မီရှင်ဖွဲ့ပြီ

ချင်း ပြည်နယ်တွင် ရွေးကောက်ပွဲ ကော်မီရှင်ဖွဲ့ပြီ
နအဖစစ်အစိုးရကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအတွက်တာဝန်ယူဆောင်ရွက်ပေးမည့် ရွေးကောက်ပွဲ ကော်မီရှင်များကို သက်ဆိုင်ရာမြို့နယ် အေးချမ်းသာယာရေး နှင့်ဖွံ.ဖြိုးရေးကောင်စီက ဦးဆောင်ပြီး ချင်းပြည်နယ်မြို့နယ်အသီးသီးတွင်စတင်ဖွဲ့စည်းလိုက်ပြီလို့.....

နအဖစစ်အစိုးရကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအတွက်တာဝန်ယူဆောင်ရွက်ပေးမည့် ရွေးကောက်ပွဲ ကော်မီရှင်များကို သက်ဆိုင်ရာမြို့နယ် အေးချမ်းသာယာရေး နှင့်ဖွံ.ဖြိုးရေးကောင်စီက ဦးဆောင်ပြီး ချင်းပြည်နယ်မြို့နယ်အသီးသီးတွင်စတင်ဖွဲ့စည်းလိုက်ပြီလို့သိရသည်။

ရွေးကောက်ပွဲကော်မီရှင်ကိုအဖွဲ့ဝင် ၁၅ဦးစီဖြင့်ချင်းပြည်နယ်မြို့နယ်တိုင်းတွင်ဖွဲ့စည်းထားပြီး အစိုးရ ၀န်ထမ်းအငြိမ်းစားများနှင့် ရပ်မိရပ်ဖ များအသီးသီး ပါ၀င်ကြသည် ဟုသိရသည်။

ပြည်နယ်၏မြို့တော်ဟားခါးမြို.နယ်တွင် ကော်မီရှင်ဥက္ကဌအဖြစ်မြို.နယ်ပညာရေးမှူးဟောင်းဦး Bawi Hoe၊ အတွင်းရေးမှူးအဖြစ် အထွေ ထွေအုပ်ချူပ်ရေးမှဒုဦးစီးမှူး နှင့်အစိုးရ အငြိမ်စားဝန်ထမ်းများ ပါ၀င်ကြကြောင်း ချင်းပြည်နယ် အဲန်အယ်လ်ဒီဥက္ကဌဦးVan Lian ကပြော သည်။

ဖလမ်းမြို့နယ်ရွေးကောက်ပွဲကော်မီရှင် ဥက္ကဌအဖြစ် Pu Saliankap အတွင်းရေးမှူးအဖြစ် ခရိုင် အထွေတွေအုပ်ချူပ်ရေးမှူးနှင့်တခြား အဖွဲ့ဝင်များအဖြစ် အရပ်သား ၆ ဦး၊ ၀န်ထမ်း ရ ဦးတို့ ပါ၀င် ကြောင်းဖလမ်းမြို.ခံတဦးကပြောသည်။

အလားတူတီးတိန်မြို့နယ်နှင့် ထန်တလန်မြို့နယ်မှာလည်းအငြိမ်းစားအစိုးရဝန်ထမ်းအပါအဝင် အဓိက အားဖြင့် ရပ်မိရပ်ဖများဖြင့် ရွေးကောက်ပွဲကော်မီရှင်ကို ဖွဲ့စည်း ထားကြကြောင်း တီးတိန်မြို.မှ PuThangdolian ကပြောသည်။

မတူပီမြို့နယ်တွင်မူ ကျေးရွာ၊ ရပ်ကွက် အဆင့်အထိ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။

Most read this week