ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ညမထွက်ရ အမိန့် ရုပ်သိမ်း

ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ညမထွက်ရ အမိန့် ရုပ်သိမ်း
by -
ကုလားတန်

ရခိုင်ပြည်နယ်မြို့နယ်အချို့ဖြစ်သော ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော များမှ ည မထွက်ရ အမိန့်ကို ရုပ်သိမ်းခဲ့သော်လည်း ကျန်မြို့နယ်များတွင် ဆက်လက် ထုတ်ပြန်ထား ဆဲဖြစ်ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်း မှ ပြောဆိုသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ည ၁၀ နာရီ မှ နံနက် ၄ နာရီအထိ ထုတ်ပြန်ထားခဲ့သော ပုဒ်မ ၁၄၄- ညမထွက်ရအမိန့်ကို သြဂုတ်လ ၈ ရက်နေ့ မှ စတင်ပြီး ပြန်လည်ရုပ်သိမ်း လိုက်ကြောင်း သိရသည်။

ကျောက်တော်မြို့နယ်မှာ ၂၀၁၂ ခုနှစ် ဇွန်လ နှင့် အောက်တိုဘာလအတွင်း တွင် ဖြစ်ပွားခဲ့သော အဓိကရုန်း ကြောင့် ပုဒ်မ ၁၄၄- ညမထွက်ရအမိန့်ကို စတင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် အတွင်း လွန်ခဲ့သော ၂၀၁၂ ခုနှစ် ဇွန်လ နှင့် အောက်တိုဘာလအတွင်းတွင် ဖြစ်ပွားခဲ့ သော အဓိကရုန်းကြောင့် မြို့နယ်အတော်များများမှာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်။

သို့သော် မြောက်ဦး၊ မင်းပြား၊ ပေါက်တော စသည့် မြို့နယ်များတွင် ညမထွက်ရအမိန့်ကို  ပြန်လည် ရုပ်သိမ်း ခဲ့ပြီး ဖြစ်သော်လည်း မြို့နယ်အချို့မှာ ဆက်လက်ထုတ်ပြန်ထား ဆဲဖြစ်ကြောင်းူ စစ်တွေမြို့ မှ ရပ်မိရပ်ဖ တစ်ဦးက ပြောဆိုသည်။

ကျောက်ဖြူ၊ ရမ်းဗြဲ၊ စစ်တွေ၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင်မူ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို နောက်ထပ် ၂ လ တိုးမြှင့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။ သို့သော် စစ်တွေတွင် ည မထွက်ရ အချိန်ကို ည ၉ နာရီ မှ နံနက် ၅ နာရီ အထိ ပြောင်းလဲသတ်မှတ်ထားကြောင်းသိရသည်။