ကျောက်ဖြူမြို့တွင် စစ်ကားတိုက်မိ၍ ရိုဟင်ဂျာ တဦးသေဆုံး

ကျောက်ဖြူမြို့တွင် စစ်ကားတိုက်မိ၍ ရိုဟင်ဂျာ တဦးသေဆုံး
by -
ကုလားတန်

ကျောက်ဖြူမြို့တွင် စစ်တပ်မှ ဗိုလ်ကြီးတဦး မောင်းနှင်း လာသော ဂျစ်ကား တစီးသည် စက်ဘီးစီးလာသော ရိုဟင်ဂျာ လူငယ်တဦးအား  မတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် ၀င်တိုက်မိကြောင်း ကျောက်ဖြူမြို့ မှ လူကြီးတဦး၏ သတင်းပေးပို့ချက်အရ  သိရသည်။

စစ်တပ်မှ ဗိုလ်ကြီးတဦး မောင်းနှင်း လာသော ဂျစ်ကားမှာ ခြေမြန်တပ်ရင်း (ခလရ) ၃၄ မှ ဖြစ်ပြီး၊ စက်ဘီး စီး လာသော ရိုဟင်ဂျာ လူငယ် အား တိုက်မိပြီး၊ ၎င်း လူငယ်ကို ဂျစ်ကားတင်ပြီး ကျောက်ဖြူ မြို့နယ် ဆေးရုံးသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

စစ်ဗိုလ်ကြီးသည် ရိုဟင်ဂျာ လူငယ်အား ဆေးရုံး အရေးပေါ်ဌာနသို့ပေးပို့ပြီး၊ ချက်ချင်းဆေးရုံးမှ ထွက်သွား သည့် အတွက် မည်သူ မည်ဝါ မသိရကြောင်း၊ လူနာကိုလည်း မသိရကြောင်း ဆေးရုံးမှ ၀န်တမ်းတဦး မှ ပြောပြသည်။

၎င်းလူငယ်မှာ ဘော်လုံးရပ်ကွက်နေ ဦးမုစ်တာမျာ ၏ သား နာဆိရ် (၂၁) နှစ် ဖြစ်ကြောင်း၊ အခင်းဖြစ်ပွါးရာ နေရာမှ ပြည်သူများ၏ သတင်းပေးပို့ချက် အရ မိသားစုမှ လာရောက်သတင်းမေးမြန်းခြင်းမှ သိရကြောင်း ၎င်း ၀န်တမ်းကပင် ပြောပြသည်။

နာဆိရ်သည် ဆေးရုံးတွင် ည ၉နာရီ အချိန်မှာ ကားတိုက်မှုမှ ရရှိသော ဦးခေါင်း ဒဏ်ရာဖြင့် သေဆုံး သွား ကြောင်း သိရသည်။

ခလရ ၃၄ မှ မည်သည်စုံးစမ်းခြင်း၊ လူနာအား လာရောက် ကြည်ရှုခြင်း၊ မိသားစုများ လာရောက် အားပေးခြင်း များ မပြုလုပ်ခဲ့ကြောင်း၊ မည်သူ တိုက်သည့်ကို ယခုချိန်ထိ မသိရကြောင်း မိသားစုဝင် တဦးက ပြောပြသည်။

Most read this week