နစက ဆွဲတင်စစ်ဆေးရေးကြောင်း ရိုဟင်ဂျာ အထိနာ

နစက ဆွဲတင်စစ်ဆေးရေးကြောင်း ရိုဟင်ဂျာ အထိနာ
by -
ကုလားတန်

မြန်မာအစိုးရ ၏ လက်အောက်ခံ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး နှင့် ကွက်ကဲမှုဌာန(နစက)  မှ နှစ်စဉ် စစ်ဆေးလျက်ရှိသော ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ လူမျိုးများ၏ လူဦးရေး စာရင်း ကောက်ယူရေး (၂၀၁၁ ခုနှစ်၊ ဆွဲတင်စစ် လုပ်ငန်း) ကို ဇန်နို၀ါရီ ၁ ရက်နေ့မှ စ၍ ယနေတိုင် ပြုလုပ်နေသဖြင့် ရိုဟင်ဂျာ လူမျိုးများ၏ နိုင်ငံရေး၊ စီးပွါးရေး နှင့် လူမှုရေး ကဏ္ဍများတွင် များစွာ ထိခိုက် ဆုံးရှုံး နစ်နာ လျက် ရှိကြောင်း မောင်တောမြို့မှ နိုင်ငံရေးသမား တဦး၏ ပြောပြချက်အရ သိရသည်။

လူဦးရေး စာရင်း ကောက်ယူစစ်ဆေးရေး(သို) ဆွဲတင်စစ် လုပ်ငန်း သည် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ လူမျိုး ဘယ်လောက်ကို မြန်မာနိုင်ငံ လူဦးရေးစာရင်းမှ ဖယ်ထုတ် နိုင်သည့်ကို၎င်း၊ ရိုဟင်ဂျာ လူမျိုး ဘယ်လောက်ကို ရခိုင်ပြည်နယ်မှ လျော့နိုင်သည့်ကို၎င်း လေ့လာ စစ်ဆေးပြီး မည်သည့် စီမံကိန်းဖြင့် ဆက်လက် အကောင်အထည်ဖော်နိုင်ရန် ပြုလုပ်သော စစ်ဆင်းရေးသာ ဖြစ်သည်ဟု ၎င်းကပင် ပြောသည်။

နစကများ၏ လူဦးရေးစာရင်း ကောက်ယူ စစ်ဆေးရေးတွင် အိမ်ထောင်စု အလိုက် လူဦးရေးကို ဓါတ်ပုံတင် ထားခြင်း၊သေဆုံးသူများ နှင့် အိမ်မှ ထွက်ခွါသွားသူများ၊ စစ်ဆေးစဉ်မရှိသူများကို အိမ်ထောင်စု စာရင်းမှ ဖယ်ထုတ်ခြင်း၄င်း၊ တနေရာ မှ တနေရာသို့ လက်ထပ်ပြီး ပြောင်းရွေ့သော်၎င်း၊ တခြား ကိုယ်ရေးကိုယ်တာ ကိစ္စအတွက်ပြောင်းရွေ့သော်၎င်း၊ မွေးဖွါးခလေးများကို တရားမဝင် ခလေးဟူ၍သော်၎င်း ပြောဆိုပြီး စာရင်းတင်မပေးပြီး စာရင်းမဲ့ဖြစ်အောင် ပြုလုပ်လေ့ရှိသည်ဟု မောင်တောမြို့မှ မြိုခံ လူကြီးတဦးက ပြောသည်။

ထို့အပြင် ၎င်း နစကများ၏ လူဦးရေးစာရင်း ကောက်ယူ စစ်ဆေးရေးတွင် ရိုဟင်ဂျာ လူမျိုးများထံမှ အတင်းအဓမ္မ ငွေ ကောက်ခံနေသည့်အတွက် ရိုဟင်ဂျာလူမျိုးများ၏ စီးပွါးရေးမှာလည်း ပျက်စီးသွားနေသဖြင့် စာဝတ်နေရေး ခက်ခဲ့လျက်ရှိကြောင်း ပြောပြသည်။

နစကများ၏ လူဦးရေးစာရင်း ကောက်ယူ စစ်ဆေးရေးတွင် ရိုဟင်ဂျာ လူမျိုးများထံမှ အတင်းအဓမ္မ ငွေ ကောက်ခံနေသည့်နည်းများမှာ အိမ်ထောင်စု တစ်စု ကို ဓာတ်ပုံရိုက်ရန် အတွက် ရိုက်ခ ၂၅၀၀မှ ၃၀၀၀ ကျပ်ထိ ကောက်ခံခြင်း၊ အိမ်ထောင်စု စာရင်းမှ လူတစ်ဦး သေဆုံလျှင် ဖယ်ဖျက်ရန် ၁၀၀၀မှ ၃၀၀၀ ကျပ်ထိ ကောက်ခံ ခြင်း၊ မွေးဖွားလာသောကလေးတစ်ဦး ကို အိမ်ထောင်စု စာရင်းသို့သွင်းလျှင် မွေးတိုးခ  ၅၀၀၀မှ ရ၀၀၀ကျပ်ထိ ကောက်ခံခြင်း၊ နစက နယ်မြေ တခု အတွင်းရှိ ကျေးရွာ အုပ်စု တခုမှ တခုသို့ ပြောငး်ဝင်/ထွက်လျှင် အိမ်ထောင်စု တစုလျှင်- ၁၀၀၀၀ ကျပ် နှင့် နှစ်ဖက် စလုံးမှ ၂၀၀၀၀ကျပ် ကောက်ခံခြင်း၊ အိမ်ထောင်စုတခု မှ တစ်ဖက်နိုင်ငံသို့ အိမ်ထောင်စုဝင် တဦးဦး ထွက်ပြေးလျှင် ဘင်္ဂါလားပြေးအဖြစ် သတ်မှတ်ခ ၄၀၀၀ မှ ၆၀၀၀ ကျပ် ထိ ကောက်ခံခြင်း၊ ဘာသာရေး အဆောက်အအုံ တခုလျှင် ဓာတ်ပုံရိုက်ခ ၁၀၀၀၀ ကျပ်ထိ ကောက်ခံ ခြင်း၊ မလိုအပ်ဘဲ အိမ်ထောင်စုစာရင်းလဲလှယ်ခ တစ်စောင်လျှင် ၅၀၀၀ ကျပ်ထိ ကောက်ခံခြင်း၊ မလဲလှယ်ပါက မူလ အိမ်ထောင်စု စာရင်းကို စုတ်ပြဲ၍ အမှိုက်ပုံးထဲသို့ ပစ်တည် ခြင်း၊ အိမ်ထောင်စုဝင် တဦးဦးမှာ ဖြစ်မှုတစ်ခုခုရှိပါက ဓာတ်ပုံရိုက်မပေးဘဲ ငွေ ၅၀၀၀၀ မှ ၅ သိန်းအထိ တောင်းယူရရှိမှသာ ဓာတ်ပုံရိုက်ပေးခြင်း၊
နယ်မြေမှူး၊စခန်းမှူး၊စစ်ဦးစီး နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် မသင့်သည့် အိမ်ထောင်စုအချို့ကို မိမိ ဒေသ တွင် ရှိသော်လည်း ဘင်္ဂါလား ပြေးအဖြစ် သတ်မှတ်ပေးခြင်း၊ အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ခြင်း တို့ကို ဤ စစ်ဆေးရေးတွင် နစကများသည် ရိုဟင်ဂျာ လူမျိုးများထံမှ ငွေ အတင်းအဓမ္မ တောင်းလျှက် ရှိနေသဖြင့် ရိုဟင်ဂျားလူမျိုးများ၏ ဘဝမှာ တဖြည်းဖြည်း ဆုတ်ဖြဲလျက်သာရှိနေကြောင်းပြောပြသည်။

၂၀၁၂ ခု မတ်လ ၁၁ ရက်နေ့တွင် အောက်ပြူးမကျေးရွာတွင် ဆွဲတင်စစ် လုပ်ငန်း ဆောင်ရွက်နေစဉ် အောက်ပြူးမကျေးရွာနေ ဦးအေဇာဟူဆိန်း(ဘ)ဦးဖွေရာမတ်ဆိုသူအား အောက်ပြူးမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘသန်းသည် ဆွဲတင်စစ် လုပ်ငန်းဆောင်ရွက်သည့်နေရာ မှ ၎င်း၏ဆိုင်ကယ်ပေါ်တင်၍ အမှတ်(၅) နယ်မြေ သို့ ခေါ်ယူ၍ ချုပ်ထားခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး ဦးဘသန်းနှင့် စစ်ဦးစီးအဖွဲ့တို့ပူးပေါင်းပြီး ငွေကျပ် ၈ သိန်း အတင်းတောင်းယူပြီးမှသာ အချုပ်ခန်းမှ လွှတ်မြောက်ပေးလိုက်ကြောင်း သိရှိရပါသည်။

အတည်မပြုနိုင်သော သတင်းအရ နစကများ၏ လူဦးရေး စာရင်းစစ်ဆေးရေးတွင် နှစ်စဉ် ရိုဟင်ဂျာ လူမျိုးများ ထံ မှ ငွေ ကျပ်သိန်းပေါင်း ၂၅၀၀၀ ရရှိနေကြောင်း၊ ၎င်းငွေများသည် ပြည်ထဲရေး ၀န်ကြီးအဆင့်ထိ ရောက်ရှိ နေသဖြင့် နစက ကွက်ကဲရေးမှူး ဦးအောင်ကြီးသည် ရခိုင်ပြည်မြောက်ပိုင်း မှ ပြောင်းရွေ့ခြင်း မရှိ ရကြောင်း ဖြစ်ကြောင်း ပြောသည်။