ကျေးရွာအုပ်ချုပ်ရေးမှူး လစဉ်ပုံမှန် အစည်းအဝေးတွင် အဆောက်အဦး ဆောက်ခွင့် နှင့် ပြုပြင် အမိန့် ပေါ်တွင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၏ ကန့်သတ်ချက်များကို တိတိကျကျ လိုက်နာပြီး ထုတ်ပေးပါရန် မြို့နယ် အုပ်ချုပ်ရေးမှူး မှ အမိန့်ပေးထားကြောင်း အစည်းအဝေးတက်ရောက်သူ ကျေးရွာ အုပ်ချုပ်ရေးမှူး တဦးမှ ပြောပြသည်။
မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စန်းသည် ကျေးရွာ အုပ်ချုပ်ရေးမှူး များအား အဆောက်အဦး ဆောက်ခွင့် နှင့် ပြုပြင် အမိန့် များကို အတိုင်းအထွား၊ အမျိုးအစားများကို စစ်ဆေးပြီးမှသာ ထုတ်ပေးပါရန် အမိန့်ပေးထားကြောင်း သိရသည်။
အဆောက်အဦးပုံစံ အတိအကျများကို - မြေ အိမ်၊ ၀ါးအိမ်၊ သစ်အိမ် နှင့် တိုက် - ဖေါ်ပြရမည်အပြင် ၎င်း အဆောက်အဦး၏ အလျား၊အနံ နှင့် အမြင့်များကိုလည်းဖေါ်ပြရမည်ဖြစ်သည်။ ထို့သို့ဖေါ်ပြပြီးမှသာ အဆောက် အဦး ဆောက်ခွင့် နှင့် ပြုပြင်ခွင့် အမိန့်ကို ထုတ်ပေးနိုင်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စန်းမှ အမိန့်ပေး ပြောထားသည်။
အတိအကျ မပြုလုပ်ပါက ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်းလည်း ၎င်းကပင် ပြောပြသည်။
အဆောက်အဦး တမျိုး မှ နောက်တမျိုးသို့ပြောင်းလဲပြုပြင်ရန်သော်၎င်း၊ အသစ်ဆောက်ရန် သော်၎င်း အမိန့်မပေးရဟူ၍လည်း ပြောထားသည်။
အိမ် အမျိုးအစား ပေါ်မူတည်ပြီး ခွင့်ပြုမိန့်တခုအတွက် ရိုဟင်ဂျာ လူမျိုးများသည် ကျပ်ငွေ တသန်းထိ ပေးရ ကြောင်း၊ ယခုကဲ့သို့ပေးရာတွင်လည်း ရိုဟင်ဂျာများသာ ပေးနေရကြောင်း၊ တခြားလူမျိုးများပေးရန် မလိုကြောင်း မောင်တောမြို့မှ လူကြီးတဦးမှ ပြောပြသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အဆောက်အဦး ဆောက်ခွင့် အမိန့်မရှိပါက မြို့နယ် အုပ်ချုပ်ရေးမှူး မှ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား အဘယ်ကြောင်း လစဉ်ပုံမှန် အစည်းအဝေးတွင် အမိန့်ထုတ် ကန့်သတ်မှုများအား ပြုလုပ်နေသနည်းဟု ၎င်းကပင် ပြောပြသည်။
ရိုဟင်ဂျာ အများဆုံးနေထိုင်ရာ မောင်တော နှင့် ဘူသီးတောင်မြို့နယ် များတွင် အစိုးရ အရာရှိများ သည် ဥပဒေကို မိမိတို့ လိုအပ်သလို ပြုလုပ် နေကြောင်း မောင်တောမြို့မှ နိုင်ငံရေးသမား တဦးမှ ပြောပြသည်။
မောင်တော နှင့် ဘူသီးတောင်မြို့နယ်ရှိ ရိုဟင်ဂျာ လူမျိုးများ၏ အိမ်များသည် များသောအားဖြင့် ၀ါး၊သစ် နှင့် ဓနီသက်ကယ်မိုးများဖြစ်သည့်အတွက် တနှစ် (၀ါ) နှစ်နှစ် အတွင်း ပြုပြင် နေရသည့် အတွက် အဆောက်အဦး ပြင်ဆင်ခွင် လိုပါက အရာရှိများကို ငွေပေးမှ သာ ပြုပြင်ခွင်ရကြောင်း၊ ငွေမရှိပါက မပြုပြင်နိုင်သည့်အတွက် အိမ်များမှာလည်း ပျက်စီးနေကြောင်းသိရသည်။ ငွေပေးနိုင်လျှင် အိမ်ပြုပြင်နိုင်သော မောင်တော နှင့် ဘူသီးတောင်ရှိ ရိုဟင်ဂျာများ၏ ဘဝသာဖြစ်သည်။