နတ်မြစ်တွင် လူသေအလောင်း များ ပေါလောပေါ်နေ

နတ်မြစ်တွင် လူသေအလောင်း များ ပေါလောပေါ်နေ
by -
ကုလားတန်

မောင်တောမြို့နယ်၊ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနှင့် ကွက်ကဲမှုဌာန (နစက) နယ်မြေ အမှတ် ၈ အတွင်း မြင်းလွှတ်ကျေးရွာအုပ်စုအနီး ရှိ နတ်မြတ်တလျှောက်တွင် ၁၀ ဦးထက်များ သော လူသေအလောင်းများ ပေါလောပေါ်နေ သည့် ကို ဖေဖေါ်ဝါရီလ ရ ရက်နေ့ မှစ၍တွေ့ နေ ရကြောင်း မြင်းလွှတ် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တဦး၏ ပြောပြချက်အရ သိရသည်။

၎င်းလူသေအလောင်းများ ကို သယ်ယူခြင်းနှင့် သင်ဂြိုတ်ခြင်းမပြုရန် နစက နယ်မြေ ၈ ၏ နယ်မြေမှူးမှ တားမြစ် ထားကြောင်းသိရသည်။

၎င်း လူသေ အလောင်းများ မှာ လွန်ခဲ့သော လေးရက်နေ့တွင် နယ်မြေ ၈ နစက များမှ လူတဦးလျှင် ငွေ ၅၀၀၀၀ ယူ၍ ခွင့်ပြုထားသော မလေးရှာသွား ရိုဟင်ဂျာ စက်လှေစီးသမားများဖြစ်နိုင်ကြောင်း၊ ၎င်းစက် လှေမှာ ဘင်္ဂါလာ ပင်လယ်အော် တွင် ပျက်စီးနှစ်မြှုပ်သွားသည့်အတွက် သေဆုံးသူများဖြစ်နိုင်ကြောင်း ၎င်းကပင် ပြောပြသည်။

နစကများသည် လှေလူကုန်ကူးမှု တွင် ပါ၀င် ပတ်သက် နေသည့်ကို ဖုံးကွယ်ရန် အတွက် နတ်မြစ်ထဲမှ လူသေ အလောင်းများကို သယ်ယူ၊ သင်ဂြိုတ်ခွင့် မပေးခြင်းဖြစ်သည့်ဟု ၎င်း ကျေးရွာနေ ကျောင်းဆရာ တဦး၏ ပြောပြချက်အရ သိရသည်။

လူသေ အလောင်းများ မြစ်ကမ်းနားသို့ကပ်လာပါက မြစ်အတွင်းသို့ တွန်းချပေးရန် နစက မှ ရွာသားများကို ညွန့်ကြား ထားကြောင်း သိရသည်။

နစကများသည် လူသေ အလောင်းများကို  ပျက်စီး ပျောက်ကွယ်ချင်သောလည်း လွန်ခဲ့သောနှစ် နို၀င်ဘောလ ၂၃ ရက်နေ့တွင် ဖြစ်ပျက်ခဲ့သော နယ်မြေ ရ နစကများမှ ငွေယူပြီး မလေးရှာ သွားရန် ခွင့်ပြုမှု၊ လူ ၁၃၈ ပျောက်သွားမှု၊ အလောင်း ပျောက်မှု စသည့်တို့ကို စစ်ဆေးရန် လူကုန်ကူးမှု အဖွဲ့ လာရောက် ခဲ့သည်များကို ကြောက် ၍ မလုပ်ကြောင်း နစက အကျိုးတော်ဆောင် တဦး မှ ပြောပြသည်။

ဘင်္ဂါလာဒေးရှ် နှင့် မြန်မာနိုင်ငံ မှ မလေးရှာသို့သွားသည် ပင်လယ်ခရီးသည် ကြမ်းတမ်း၍ အန္တရာယ်အများ ဆုံး ခရီးဖြစ်ကြောင်း၊ ၎င်းခရီးတွင် စက်လှေ မှောက်ပြီး လူ အမြောက်အများ သေဆုံးသည့် အပြင် ထိုင်း နှင့် မြန်မာ အစိုးရ များ၏ ဖမ်းဆီးခြင်းလည်း ခံရကို မကြောက်၍ ယနေတိုင် ၎င်းခရီးကို ဆက်လက် သွားလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ လူမျိုးတို့သည် ယခင်နည်းတူ ဖိနှိပ်ချုပ်ချယ်မှုများသော ခရီးသွား လာမှု၊ ထိမ်းမြားမှု၊ ပညာရေး၊ ကျန်းမာရေး နှင့် အလုပ်အကိုင် ရရှိရေးများ ဆက်လက်ခံနေရကြောင်း သိရသည်။

နစကများသည် ရိုဟင်ဂျာ လူမျိုးများ ထံမှ ငွေယူပြီး နိုင်ငံခြားသို့ ထွက်ခွါ ခွင့်ပြု ခြင်းသည် ခဲတလုံးဖြင့် ငှက် နှစ်ကောင် ပစ်နည်းကို သုံးနေခြင်းဖြစ်ကြောင်း၊ နစက စီမံကိန်းတွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ လူဦးရေး လျှော့ချရေး အတွက် အသုံးဝင်သလို ငွေ လည်း ရနေသည်ဟု ဆိုလိုသည်။