နယ်ခြားမဲ့ ဆရာဝန်များ အသင်း၏ ဆေးခန်းတွင် ဆေးကုသရန် ငွေပေးနေရ

နယ်ခြားမဲ့ ဆရာဝန်များ အသင်း၏ ဆေးခန်းတွင် ဆေးကုသရန် ငွေပေးနေရ
by -
ကုလားတန်

နယ်ခြားမဲ့ ဆရာဝန်များ အသင်း၏ ဂိတ်စောင့်သည် ဆေးခန်းသို့ ဆေးကုသရန် သွားသောဘင်္ဂါလာ ဒေ့ရှ်နိုင်ငံ ရှိ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏ အသိအမှတ် ပြုခြင်း မခံရသော ရိုဟင်ဂျာ ဒုက္ခသည် များထံမှ ငွေကောက်ခံနေ ကြောင်း ဒုက္ခသည်တဦး၏ပြောပြချက်အရသိရ သည်။

“ဆရာဝန်နဲ့ အမြန်ဆုံး တွေ့ပြီး စစ်ဆေး ဆေးကုရန် လိုပါက ဂိတ်စောင့်ကို တာကာငွေ ၅၀ ပေးရတဲ။”

“ဂိတ်စောင့်မှာ ကော်ဘိရ် ဖြစ်ပြီး၊ ယူခီယာ ရဲစခန်း လက်အောက်ရှိ ကူတူဖါလောင် ကျေးရွာ မှ ဖြစ်တယ်။”

ကော်ဘိရ်ကို ငွေမပေး နိုင်ပါက တာဝန်ကျ ဆရာဝန်ကို တွေ့ရန်အတွက် အချိန် အကြားကြီး စောင့်နေရ ကြောင်း ပြောပြသည်။

“ကျွန်တော်တို့ နယ်ခြားမဲ့ ဆရာဝန်များ အသင်းရဲ ဆေးခန်းမှာ ကောင်းမွန်စွာ ဆေးကုသခွင့်ရခဲတဲ၊သို့သော် ယ္ခုအချိန်မှာ ဆေးကုသရန် အတွက် သွားယင် ဒေသခံပြည်သူကို အယင်ပေးတဲ၊ ဒုက္ခသည်တွေ့ကို နောက်ဆုံးမှာ ဘဲပေးတဲ့ အတွက် တခါတရံ ဆေးမရ၊ ဆရာဝန် မတွေ့ရ ဘဲ စခန်းပြန်ရတယ်” ဟု ဒုက္ခသည် လူကြီးတဦး၏ ကြောပြချက်အရ သိရသည်။

ထို့အပြင် နယ်ခြားမဲ့ ဆရာဝန်များ အသင်း၏ ဆေးခန်းသည် သာမန် အဆင့် ဆေးကုသမှုများပေးသော် လည်း ဒုက္ခသည်စခန်းတွင် ရာသီဥတုကြောင်း ဖြစ်တတ်သည့် ငှက်ဖျား၊ဖျားခြင်း၊ ၀မ်းလျှော့ရောဂါ၊ တီဘီ နှင့် အသားဝါရောဂါ အများအပြားတွေးနေရကြောင်း ပြောပြသည်။

နိုင်ငံခြားသား ဧည်သည်များနှင့် ကူညီထောက်ပံကူညီသည် အဖွဲ့ဝင်များ နယ်ခြားမဲ့ ဆရာဝန်များ အသင်း၏ ဆေးခန်းသို့ လာရောက်ကြည့်ရှုနေစဉ် တာဝန်ကျ ဆရာဝန်များနှင့် ဂိတ်စောင့်များသည် နယ်ခံပြည်သူများ နှင့် ဒုက္ခသည်များကို တန်းတူ ဆက်ဆံပြီး ဆေးကုသပေးတတ်ကြောင်း ပြောပြသည်။