မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်းရှိ် သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်များမှ မုန်တိုင်း သတိပေး နှိုးဆော် နေသည်ဟု သိရသည်။
ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိနေသော မုန်တိုင်းငယ်မှာ တဖြည်းဖြည်း ကြီးလာနေပြီး ရခိုင်ပြည် မြောက်ပိုင်းစွန်း ကမ်းရိုးတန်းသို့ နောက်ထက် ၄၈ နာရီအတွင်း ၀င်ရောက် လာနိုင်ဖွယ် ရှိနေသဖြင့် စစ်တွေ၊ ပုဏ္ဍားကျွန်း၊ ၊ဘူးသီးတောင် ၊မောင်တောမြို့နယ်တိုတွင် သက်ဆိုင်ရာမြို့နယ် အာဏာပိုင်များမှ ပင်လယ်ပြင် ငါးဖမ်သမားများ နှင့် ခရီးသွားပြည်သူများကို ညအိပ်မသွားရန်နှင့် မုန်တိုင်း အန္တရာယ် ကြိုတင် ကာကွယ် ထားကြရန် သတိပေး နှိုးဆော်နေသည်ဟု မောင်တောမြို့ခံတဦးမှ ပြောပြသည်။
လေပြင်းတိုက်နေသဖြင့် အိမ်အမိုးများ လွင့်ပါးသွားကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်သဖြင့် စပါးများစွာ ရေ လွှမ်းသွားသည့် အတွက် စပါးများစွာ ပျက်စီးသွားမည် ဖြစ်ကြောင်း မောင်တောမြို့ မှ လူကြိးတဦး၏ ပြောပြချက်အရ သိရသည်။
“မိုးကလည်း အဆက်မပြတ် ရွာနေတာလဲ ၂ ရက်ရှိပါပြီ လေကတော့ အနည်းငယ် တိုက်နေတဲ ၊ ပြည်သူတွေ့က တော့ စိုးရိမ်နေကြပါတဲ အာဏာပိုင်တွေ့ကတော့ သတိပေးနှိုးဆော်တာလောက်ဘဲရှိပါတဲ ပြည်သူအတွက် ဘာမှလည်း ကြိုတင် လုပ်တာကို မတွေ့ရဘူး၊ ကိုယ့်နည်း ကိုယ့်ဟန်နဲ့သတိထားပြီး နေကြရတာဘာဘဲ” လို့ ဘူးသီတောင်မြို့ခံ တဦးက ပြောပြသည်။
စစ်တွေမြို့မှာ ဒီနေ့ နံနက် ရ နာရီခန့်က မုန်တိုင်း သတိပေး နှိုးဆော်နေတာကို ကြားနေရတယ်၊ မုန်တိုင်းမှာ စစ်တွေမြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၃၀၀ ကျော်ခန့်တွင်တည်ရှိနေပြီး နောက်ထက် ၂၄ နာရီခန့်အတွင်း တနာရီ ရ၀ မိုင်မှ ၉၀ နှုန်းထိ တိုက်ခတ် လာနိုင်ကြောင်း ကြေငြာနေသည် ဟု စစ်တွေမြို့ခံ တဦးမှ သတင်း ပေးပို့သည်။
အန္ဒိယနိုင်ငံ၊မိုးလေဝသဌာန၏ ယနေ့ နံနက် ကျေညာချက်အရ ဘင်္ဂါလာပင်လယ်အော်တွင် လေဖိအားနည်း ရာသီဥတုအခြေအနေကြောင်း၊ လေမုန်းတိုင်းဖြစ်နိုင်ကြောင်း၊ ၎င်းမုန်းတိုင်းသည် ယနေ့ညနေ ဘင်္ဂါလာဒေ့ရှ် နိုင်ငံ ကောစ်ဘဇားခရိုင် တဝိုက် နှင့် ရခိုင်ပြည်နယ်၊ စစ်တွေ နှင့် ရခိုင်ကမ်း ရိုးတန်း တလျှောက် ၀င်ရောက်နိုင် ကြောင်း ပြောပြထားသည်။
ယနေ့ နေ့ပိုင်းအချိန်မှာ အားပိုကောင်း လာပြီး ဆိုင်ကလုန်းမုန်တို်င်း ဖြစ်လာနိုင်ပါတယ်။ မုန်တို်င်းရဲ့ အင်အား အခြေအနေကို လိုက်ပြီး အန္တရာယ်ရှိနို်င်မှု ပြောင်းလဲသွားမှာကို သတိိပြုရမှာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံ ရခိုင် ပြည်နယ် မြောက်ပို်င်း နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း အစပ်ဒေသကို ဖြတ်ကျော်ပြီး ကုန်းတွင်းပို်င်းကို ဖြတ်ကျော် ၀င်ရောက် လိမ့်မယ်လို့ ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှု စောင့်ရှောက်ရေး အဖွဲ့၏ ၀ဖ်ဆိုက် ပေါ်တွင် ဖေဓပြထားသည်။
မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှု စောင့်ရှောက်ရေး အဖွဲ့၏ ၀ဖ်ဆိုက် ညနေ ၄ နာရီ ကျေညာချက်အရ ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက် ပို်င်းရှိ မုန်တို်င်းငယ်ဟာ သိသိသာသာ အားကောင်းလာခြင်း မရှိပဲ ယနေ့ မွန်းလွဲပို်င်းမှ စတင်ကာ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံ ကောစ်ဘဇားမြို့ နဲ့ ရခိုင်ပြည်နယ် မောင်တောမြို့ ကြားမှ ကုန်းတွင်း ပိုင်းကို ဖြတ်ကျော် ၀င်ရာက်နေပြီ ဖြစ်ပါကြောင်း ဖေါ်ပြသည်။