မောင်တောမြို့ မြောက်ပိုင်း၊ နယ်စပ်ဒေသလူဝင်မှု စစ်ဆေးရေး ကွက်ကဲမှုဌာန(နစက) နယ်မြေ ၅ လက် အောက်ရှိ စစ်ထောက်လှမ်းရေး အရာရှိ တဦး နှင့် အတူ လောင်းတုံကျေးရွာ အုပ်ချုပ်ရေးမှူး တဦးတို့ ပှုးပေါင်၍ အောက်တိုဘောလ ၉ ရက်နေ့ တွင် ၎င်းကျေးရွာနေ ရိုဟင်ဂျာတဦးထံမှ မြန်မာ ကျပ်ငွေ အတု ၅ သန်း ဖမ်းဆီးမိကြောင်း ကျေးရွာ လူကြီးတဦး၏ ပြောပြချက်အရ သိရသည်။
မြန်မာကျပ်ငွေ အတု ၅၀၀၀ တန်၊ ၅ သန်း နှင့် အတူ အဒုလ်လော်တိဖ် ကို ဖမ်းမိထားကြောင်း ပြောပြ သည်။
နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွက်ကဲမှုဌာန(နစက) နယ်မြေ ၅ လက် အောက်ရှိ စစ်ထောက်လှမ်းရေး အရာရှိ ဦးမြင့်သိန်း နှင့် အတူ လောင်းတုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းညွန့်တို့သည် အဒုလ်လော်တိဖ် ကို ငွေ အတု ၅ သန်းအတူ နေလည် ၁၁ နာရီ အချိန်တွင် ၎င်း၏ အိမ်မှာ ဖမ်းဆီးမိကြောင်း ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တဦး၏ ပြောပြချက်အရ သိရသည်။
အရာရှိ နှစ်ဦးသည် ငွေအတုများကို သိမ်းယူထားသော်လည် အဒုလ်လော်တိဖ်ကို မှု ငွေ ၂ သန်းခွဲ ရရှိပြီး နောက် ပြန်လည် လွှတ်ပေးကြောင်း ပြောပြသည်။
စစ်ထောက်လှမ်းရေး အရာရှိ ဦးမြင့်သိန်း သည် ငွေအတုများကို သက်ဆိုင်ရာ ဌာနသို့ လွှဲပြောင်း မပေးသည့် အတွက် ၎င်းငွေအတု ဖြင့် ဒေသခံ ပြည့်သူများအား မတရားငွေညှစ်ရန် အတွက် အသုံးပြုမည် ဟု စိုးရိမ်နေ ကြောင်း ပြောဆိုနေကြသည်။
ဘင်္ဂါလာဒေ့ရှ် မိုဘိုလ်၊ ယာဘာ (မြင်းဆေး) များကို အိမ်၊ခြံဝင်း အတွင်းတွင် လျှိုဝှက်စွာ ထားပြီး ငွေညှစ် နေသည့်နည်းများ မှာ မောင်တောမြို့ရှိ အရာရှိများအတွက် ရိုးနေကြောင်း၊ ယ္ခုတဖန် ငွေ အတုများကို အိမ်၊ ခြံဝင်း နှင့် ဆိုင်များတွင် အရာရှိများ၏ သတင်းပေးများ အကူအညီဖြင့် ထားနိုင်ပြီး ငွေညှစ်စားရန်လွယ်ကူ မည် ဖြစ်ကြောင်း ကြိမ်ချောင်းကျေးရွာမှ ကျောင်းဆရာ တဦး၏ ပြောပြချက် အရ သိရသည်။