မြန်မာ အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် အရ ဘင်္ဂါလာဒေ့ရှ် နိုင်ငံသား ရ ယောက် လွတ်လာ

မြန်မာ အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် အရ ဘင်္ဂါလာဒေ့ရှ် နိုင်ငံသား ရ ယောက် လွတ်လာ
by -
ကုလားတန်

မြန်မာ အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် အရဘင်္ဂါလာ ဒေ့ရှ် နိုင်ငံသား ရ ယောက်သည် ဘူးသီတောင် ထောင် မှ အောက်တိုဘောလ ၁၅ ရက်နေ့တွင် လွတ်မြောက်လာကြောင်း မောင်တောမြို့မှလူကြီး တဦး၏ ပြောပြချက် အရ သိရသည်။

releasedbangladeshiအောက်တိုဘော ၁၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဘင်္ဂါလာဒေ့ရှ် နိုင်ငံသား ရ ယောက် ကို နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွက်ကဲမှုဌာန(နစက) နယ်မြေ ၆ မှ တပ်ဖွဲ့ဝင် အချို့က စက်လှေတစီးပေါ်တွင် တင်ပြီး နတ်မြစ် တဘက်ခြမ်း ဘင်္ဂါလာဒေ့ရှ်နိုင်ငံဘက်၌ တရားဝင် အသိမပေးဘဲ ချထားပေးကြောင်း သိရသည်။

ဘင်္ဂါလာ နယ်ခြားစောင့်တပ်မှ သတင်းရပြီး ၎င်းနေရာသို့ သွားရောက် စစ်ဆေးရာ ဘင်္ဂါလာဒေ့ရှ်နိုင်ငံသား ရ ယောက် ကို ဖမ်းဆီးမိကြောင်း ဘင်္ဂါလာ နယ်ခြားစောင့်တပ်မှ ပြောဆိုသည်။

ဘင်္ဂါလာဒေ့ရှ်နိုင်ငံသား ရ ယောက် ကို ဆက်လက် စစ်ဆေးရန် အတွက် တဲခ်နာဖ်မြို့ ရဲစခန်းသို့ လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။

၎င်းတို့မှာ အဒုလ်ရော်ဟိမ် ၂၆၊ ဆော်ယာဒ် ကော်ရိမ် ၂၈၊ မိုဟာမတ် အီစ္စလာမ် ၃၃၊ ချမ်းထွန် မာရ်မာ ၂၆၊ မှုဘာရက် ၂၇၊ မိုဟာမတ် ရာဆောလ် ၂၉ နှင့် ဆော်ယာဒ် အာလာမ်တို့ဖြစ်သည်။ ၎င်းတို့သည် ဘင်္ဂါလာဒေ့ရှ်နိုင်ငံ၏ နေရာ အမျိုးမျိုးတွင် နေထိုင်ကြောင်း သိရသည်။

ဘင်္ဂါလာဒေ့ရှ်နိုင်ငံ နယ်စပ်တလျှောက်တွင် အလုပ်လုပ်နေစဉ် နစက တပ်သားများ၏ ၀င်ရောက် ဖမ်းဆီးမှု ခံရပြီး မောင်တောတရားရုံး မှ ထောင်ဒဏ် ၅ နှစ်မှ ရ နှစ် ချမှတ်ပြီး၊ ဘူးသီးတောင် ထောင် တွင်အကျဉ်းထား ကြောင်း ဆော်ယာဒ် အာလာမ်မှ ပြောဆိုသည်။

ထောင်ထဲတွင် ရှိနေစဉ် မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် အရ လွှတ်မြောက်လာကြောင်း၊ ၎င်း မှ နစက မှ တဆင့် ဘင်္ဂါလာဒေ့ရှ် အစိုးရကို အသိမပေးဘဲ နတ်မြစ် ကမ်းခြေတွင် ချပေးကြောင်း ပြောပြသည်။

ထို့အပြင် ဘူးသီးတောင် ထောင်တွင် ဘင်္ဂါလာဒေ့ရှ်နိုင်ငံသား ၄၈ ဦး ရှိကြောင်း ပြောပြသည်။

ဘင်္ဂါလာဒေ့ရှ်နိုင်ငံသားများကို စစ်ဆေးပြီး မိမိနေရပ်သို့ ပြန်လည် ပေးပို့မည်ဖြစ်ကြောင်း တဲခ်နာဖ် ရဲစခန်းမှူး ရှိူဖေါင်း ကုရ်မာရ် မူဂျေဒါရ်က ပြောဆိုသည်။