မောင်တောမြို့နယ် ၃ ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းပွဲတော် ကျင်းပ

မောင်တောမြို့နယ် ၃ ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းပွဲတော် ကျင်းပ
by -
ကုလားတန်

မောင်တောမြို့နယ်၊ ၃ ကြိမ်မြောက် ဆွမ်းတန်စိမ်း လောင်းပွဲတော် ကို ယနေ့ ညနေတွင် ကျင်းပပြု လုပ်နေ ကြောင်း မောင်တောမြို့မှ အရာရှိ တဦး၏ ပြောပြချက်အရ သိရသည်။

ပွဲတော်ကို မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဦးစီးပြီးကျန်ဌာနဆိုင်ရာရုံးများ နှင့် အတူ မောင်တော မြို့ပေါ် ရှိ ဗုဒ္ဓဘာသာအသင်းများ၊ ဘုန်းတော်ကြီးကျောင်းများ ပါ၀င်နေကြောင်း သိရသည်။

ယနေ့ ညနေပိုင်းတွင် ကျင်းပမည့် ဆွမ်းဆန်စိမ်းလောင်းပွဲတော်တွင် ကိုယ်တိုင် ပါ၀င်နိုင်ရန်အတွက် ဘုန်းကြီး အပါး ၂၀၀ ကျော် မှာ သီရီမင်္ဂလာခန်းမဆောင်တွင် ယနေ့ နံနက်မှစ၍ ကြွရောက်နေကြောင်း သိရသည်။

၎င်းဘုန်းကြီး အပါး ၂၀၀ ကျော်မှာ မောင်တောမြို့ရှိ ဘုန်းကြီးကျောင်း ၃၀ မှ ဖြစ်ကြောင်း သိရသည်။

ဆွမ်းတန်စိမ်းလောင်းပွဲတော် တွင် ကိုယ်တိုင် ပါ၀င် လှူဒါန်းနိုင်ရန် အတွက် မောင်တောမြို့ရှိ  ဗုဒ္ဓဘာသာ ၀င် များ ညနေ ၃ နာရီ မှစ၍ လှူဖွယ်ပစ္စည်း အမျိုးမျိုး နှင့်အတူ သီရီမင်္ဂလာ ခန်းမဆောင် မှ စပြီးမောင် တောမြို့ လမ်းမကြီးတလျှောက်၊ ၎င်း မှ တဆင့် မြိုကို ပတ်ပြီး အရှေ့ဘက်လမ်းမ မှတဆင့်သီရီမင်္ဂလာ ခန်းမဆောင် ထိ စောင့်ဆိုင်းနေကြောင်း သိရသည်။

ပွဲတော် ကျင်းရေးကော်မတီ မှ ပွဲတော်ကို ညနေ ၄ နာရီမှ စတင်ပြီး ကျင်းပမည်ဖြစ်ပြီး၊ ဘုန်းတော်ကြီးများ သီရီမင်္ဂလာ ခန်းမဆောင် သို့ ပြန်လည် ၀င်လာသည့်အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

မြို့ခံ ဗုဒ္ဓဘာသာဝင်များအတူ ဌာနဆိုင်ရာ ရုံးဝန်းထမ်းများလည်ပါ၀င်နေကြောင်း သိရသည်။