၄၄ နှစ်မြောက် စစ်တွေမြို့ဆန်ပြသာနာ နေ့ အခမ်းအနား ကျင်းပပြီးဆုံး

၄၄ နှစ်မြောက် စစ်တွေမြို့ဆန်ပြသာနာ နေ့ အခမ်းအနား ကျင်းပပြီးဆုံး
by -
ခိုင်သော်က

၄၄ နှစ်မြောက် စစ်တွေ မြို့ဆန်ပြသာနာ အထိမ်း အမှတ် အခမ်းအနားကို ရခိုင် နိုင်ငံရေးသမားတို့မှ ပူးပေါင်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြန်မာနဲ့အနီးစပ် ဆုံး ကော့ဘာဇာခရိုင် ကော့ဘာဇာမြို့ တော ကျောင်း ဘုန်းတော်ကြီး ကျောင်းတိုက်၌ သြဂုတ်လ ၁၃ ရက်နေ့က ကျင်းပပြီးဆုံးသွားသည်ဟုသိရ သည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ကျောင်းထိုင် ဆရာတော် ဦးစန္ဒာဝရ ၊ ဦးခေမာ ၊ ဦးမောင်းဟန် ၊ ဦးထွန်းရဲ တို့မှဆောင်းရွက်ပြီး  အခမ်းအနားမှူးအဖြစ် ဦးနီကျော်မှတာဝန်ယူကာ အခမ်းအနားကို နံနက် ၉ နာရီမှ  ၁၁ နာရီအထိကျင်းပခဲသည်ဟုသိရသည်။

အခမ်းအနားသို့ ရခိုင်နိုင်ငံရေးအဖွဲအစည်းအသီးသီးမှစုံ ညီစွာတက်ရောက်ခဲကြီပြီး ၊ အခမ်းအနားကို သဘာပတိ ဦးစန္ဒာဝရမှ အဖွင် မေးခွန်း စတင်ပြောကြားပြီးနောက် တက်ရောက်လာသော ရခိုင် နိုင်ငံရေး သမားတချို့က စစ်တွေမြို့ဆန်ပြသာနာ နှင့် ပတ်သက်၍ အတွေ့အကြံုများကို အသီးသီး တင်ပြဆွေးနွေးခဲ့ ကြပြီး အမေရိက နိုင်ငံအခြေစိုက် WRFA  ကမ္ဘာရခိုင်ဖေါင်တေးချင်း ဥက္ကဌ ဦးခိုင်အောင်ကျော် ပေးပို့သော သဝဏ်လွှာ တစောင်ကိုလည်း ဖတ်ပြခဲကြသည်ဟုလည်း သိရသည်။