တံတားကျိုး၍ မောင်တော - ဘူးသီးတောင် အဆက်ဖြတ်

တံတားကျိုး၍ မောင်တော - ဘူးသီးတောင် အဆက်ဖြတ်
by -
ကုုလားတန်

ဇူလိုင်လ ၉ ရက်နေ့ ၅ နာရီခန့်တွင်ကျောက်စရစ် ခဲများ သယ်ယူလာသော တရပ်ကား တစီးမောင် တော-ဘူးသီးတောင် ကားလမ်းမပေါ်ရှိ တံတား တခုကို ဖြတ်ကျော်နေစဉ် ကျိုးကျ သွားသဖြင့်

ဇူလိုင်လ ၉ ရက်နေ့ ၅ နာရီခန့်တွင် ကျောက်စရစ်ခဲများ သယ်ယူလာသော တရပ်ကား တစီး မောင်တော-ဘူးသီးတောင် ကားလမ်းမပေါ်ရှိ တံတား တခုကို ဖြတ်ကျော်နေစဉ် ကျိုးကျ သွားသဖြင့် မောင်တော-ဘူးသီးတောင် အဆက်အသွယ် ဖြတ်ထောက် သွားကြောင်း မောင်တောမြို့မှ ကုန်သည် တဦး၏ ပြောပြချက်အရ သိရသည်။

“လမ်းပြုပြင်ရန် ကျောက်စရစ်ခဲများ သယ်ဆောင် လာသော တရစ်ကားကြီး ဖြတ်သွားစဉ် ကျိုးကျ တာပါ။”

“တံတား ကျိုးပေါ်တွင် ကားရှိနေသဖြင့် သွားလာ ကူးသွားရန် မလွယ်ကူးဘူး၊ ရှိတဲ့ လမ်းကလည်း ကျဉ်းမြောင်းတဲ့။”

လမ်းလုပ်ငန်းကော်ပို့ရေးရှင်းမှ အရာရှိတဦး၏ ပြောပြချက်အရ  တံတား ကျိုးကျ သည့်နေရာမှာ ဘူးသီးတောင်မှ ရ မိုင် ရှိပြီး၊ တောင်ခေါင်ငယ်အနီး နှင့် က ကြိးကွေအနီးတွင် ဖြစ်သည်။ ၎င်းနေရာသည် ကျဉ်းမြောင်းပြီး သွားလာရန် ခက်ခဲ့သော နေရာလည်း ဖြစ်သည်။

မောင်တော-ဘူးသီးတောင် ကားလမ်းမပေါ်ရှိ တံတားများမှာ ၃ တန်ကားများသာ ဖြတ်ကျော်ခွင့် ရှိသော်လည်း သစ်လုပ်ငန်းကို လပ်ကိုင်နေသော မိကို ကုမ္ပဏီ၏ ဆယ်ဘီး ကားကြီးများ သွားလာ နေသောကြောင်း လက်ရှိ လမ်း၏ ခံနိုင်ရည်မှာလည်း လျှော့ကျလာပြီး၊ အချိန်မရွေး ကျိုးကျနိုင်သည်။ မိုးရာသီဖြစ်နေ၍ လမ်းနှင့် တံတားများမှာ ပိုမို ပျက်စီးနိုင်သည်။ အစီုးရ၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင် နေသဖြင့် ၎င်း ကုမ္ပဏီ၏ကားမျာကို သွားလာခွင့် ပေးနေရကြောင်း ပြောပြသည်။

ဤလမ်းပေါ်တွင် သွားလာနေသော ကားများအား ၎င်းတို့ကြောင်း တံတား ကျိုးကျပါက ပြုပြင်စရိတ် များ ပေးရမည် ဖြစ်ကြောင်း အမိန့်ထုတ်ထား သော်လည်း များသောအားဖြင့် တံတားများမှာ မိကို ကုမ္ပဏီ ကားများကြောင်း ဖြစ်နေကြောင်း ပြောပြသည်။

မောင်တော-ဘူးသီးတောင် ကားလမ်းပေါ် မှိခိုပြီး စီးပွါးရှာစားနေသော ပြည်သူများမှာ တံတားကျိုးကျမှု ကြောင်း ကုန်ပစ္စည်းများ သယ်ဆောင်ရာတွင် များစွာ ခက်ခဲ့နေသဖြင့် ၎င်းတို့၏ စီးပွားရေးများကျဆင်း နေကြောင်း မောင်တောမြို့မှ ကုန်သည် မိုဟာမတ် အီလီယာစ်၏ ပြောပြချက်အရ  သိရသည်။

ကျောက်သယ်တဲ့ ကားဟာ လမ်းကော်ပို့ရေးရှင်း မှ ဖြစ်သည့်အပြင် တံတားပေါ်တွင် ကားကလည်း ရှိနေသဖြင့် လမ်းကော်ပို့ရေးရှင်းမှ ဘယ်လောက် အချိန်အထိ အချိန်ယူဖြေရှင်းပေးမယ်ဆိုဒါ မသိဘူး။

အကယ်၍ တံတားပြုပြင်ရန် အချိန်ကြာယင် နှစ်ဘက်ရှိ ပြည်သူများ (ကုန်သည်များ)၏ ဘဝ ရပ်တည်ရန် ခက်ခဲမယ် ဟုပြောပြသည်။