နအဖ စစ်တပ်၏ ဖြတ်လေးဖြတ် စစ်ဆင်ရေးကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင် ပျက်

နအဖ စစ်တပ်၏ ဖြတ်လေးဖြတ် စစ်ဆင်ရေးကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင် ပျက်
by -
ခိုင်သော်က

နအဖ စစ်တပ်၏ ဖြတ်လေးဖြတ် စစ်ဆင်ရေးကြောင့် ဒေသခံ တောင်ပေါ်သားများ အလုပ်အကိုင်ပျက်ကာ စစ်တပ်မှ စေခိုင်းရာကို နေ့စဉ် ရွာအလိုက် လုပ်ပေးနေကြရသည်ဟု သိရ ...

နအဖ စစ်တပ်၏ ဖြတ်လေးဖြတ် စစ်ဆင်ရေးကြောင့် ဒေသခံ တောင်ပေါ်သားများ အလုပ်အကိုင်ပျက်ကာ စစ်တပ်မှ စေခိုင်းရာကို နေ့စဉ် ရွာအလိုက် လုပ်ပေးနေကြရသည်ဟု သိရသည်။

နအဖ စစ်တပ်၏ ဖြတ်လေးဖြတ် စစ်ဆင်ရေးလုပ်နေသောဒေသမှာ မြန်မာနိုင်ငံအနောက်ဖက်  ကုလားတန်မြစ် ဖျား ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း အိန္ဒိယ နှင့် မြန်မာနယ်စပ် တလျှောက် ဖြစ်သော  တောတောင် အလွန်ထူထက်ပြီး လမ်းပန်း ဆက်သွယ် သွားလာမှု အလွန်ခက််ခဲ့သော ဒေသဖြစ်သည့်အပြင် ၎င်းဒေသရှိ ပြည်သူများမှာလည်း အလွန်ဆင်းရဲပြီး ရာသီအလိုက် တပြေးညီ တောတောင်ကို အမှီပြု၍ လုပ်ကိုင် စားသောက်နေကြသူများဖြစ်ကြောင်း၊ ယခုအချိန်သည် ၄င်းဒေသခံပြည်သူများမှာ တနှစ်တာ စားသောက်ရေး အတွက် တောင်ယာခုတ်ခြင်း ၊မီးရှိုးခြင်း ၊ရှင်းလင်းခြင်းစသည့် လုပ်ငန်များကို အချိန်မှီမလုပ်ရဘဲ ဖြစ်လေးဖြစ် နအဖ စစ်တပ်စစ်ဆင်ရေးတွင် ပေါ်တာအဖြစ် အလုပ်ခိုင်းခံနေရသဖြင့် မိမိတို့၏ အလုပ်အကိုင် ပျက်နေကြရသည်ဟု အမည်မဖေါ်လိုသူ ဒေသခံတဦး၏ ပြောပြချက် အရ သိရသည်။

အဆိုပါ ဖြတ်လေးဖြတ် စစ်ဆင်ရေးတွင် ခလရ ၃၄၊ ခလရ ၂၃၂၊ ခလရ ၂၈၉၊ ခလရ ၅၅ နှင့် ခမရ ၅၈၀ တပ်ရင်းတို့ပါ၀င်ကြောင်း၊ တပ်ရင်းတရင်အတွက် ဒေသခံပြည်သူများကို ပေါ်တာအဖြစ် ၅၀ မှ ရ၀ ထိ ခေါ်ယူ ထားပြီး ခိုင်းလိုရာကို စေခိုင်းခံနေကြရသည်ဟု ဒေသခံနောက်တဦးကလည်း ပြောပြသည်။

“ဒီ စစ်ဆင်ရေးဟာ ဘယ်လောက်ကြာမည်ကို ဘယ်သူမှမပြောနိုင်ဘူး ဘယ်အချိန်ထိ ပေါ်တာအဆွဲခံ နေရမည်ကိုလည်းမသိ၊ ဒီစစ်ဆင်ရေးဟာ နောက်ထက် တလလောက်ကြာမည်ဆိုရင် ဒေသခံ တောင်ပေါ် သားများမှာ နောက်နှစ် စားသောက်ရေးအတွက် အလွန်စိုးရိမ်းနေရကြောင်း သူကဆက်ပြောပြခဲသည်။

စစ်ဆင်ရေးကို ဖေဖါ၀ါရီလ နောက်ဆုံးပတ် မှ စ၍ ပြုလုပ်နေတာဖြစ်ကြောင်း၊ ပေါ်တာ အဆွဲခံနေရသော ကျေးရွာများမှာ လက်ပါ၀ ၊ ငွေလက်ဝ ၊ အုန်းသီးဝ ၊ မရိ၀ ၊ဖွယ်လက်ဝ ၊ နှံုးဘူး ၊ လောင်းချိုင်ဝ ကျေးရွာ အပါအဝင် ကျေးရွာ ၂၀ ခန့်စေခိုင်းခံနေရကြောင်း သိရသည်။