အသက် ၁၀ နှစ်အောက် ကလေးငယ်များ ၀မ်းပျော့ ၀မ်ရောင်းရောဂါ ဖြစ်ပွါးနေ

အသက် ၁၀ နှစ်အောက် ကလေးငယ်များ ၀မ်းပျော့ ၀မ်ရောင်းရောဂါ ဖြစ်ပွါးနေ
by -
ခိုင်သော်က
အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်(နပခ) လက်အောက်ခံ ချင်းပြည်နယ် ပလက်ဝမြို့နယ် တောင်ပေါ်ဒေသ ချောင်းဖျားနေ ကျေးရွာတချို့တွင် အသက် ၁၀ အောက် ကလေးငယ်များ ၀မ်းဖော ၀မ်းရောင် ရောဂါဖြစ်ပွါးလျှက်ရှိ...

အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်(နပခ) လက်အောက်ခံ ချင်းပြည်နယ် ပလက်ဝမြို့နယ် တောင်ပေါ်ဒေသ ချောင်းဖျားနေ ကျေးရွာတချို့တွင် အသက် ၁၀ အောက် ကလေးငယ်များ ၀မ်းဖော ၀မ်းရောင် ရောဂါဖြစ်ပွါးလျှက်ရှိသည်ဟုသိရသည်။

ရောဂါဖြစ်ပွါးနေသော တောင်းပေါ်ကျေးရွာများမှာ မရိ၀ ၊ လပဝ ၊နှုံးဘူး ၊ ငွေလဝ ၊ လောင်းချိုင်် ၊ စတင်ဝ ၊ ပုန်ညှင်းဝ ကျေးရွာတို့ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွါးနေသော ကလေးငယ်များမှာ ၈၀ ကျော်ခန့်ရှိပြီး မည်သည့်ဆေးဝါးကုသ စောင့်ရှောက်မှုမခံယူရဘဲ ရောဂါခံစားနေကြရသည်ဟု ၎င်းဒေသမှ ဒေသခံတဦး၏ ပြောပြချက်အရ သိရသည်။

“လွန်ခဲ့သည့် ရက် ၁၀ ကျော်ခန့်ကပင် လောင်းချိုင် ကျေးရွာက စဖြစ်ပွါးနေတာပါ ဒီဒေသက မြို့ပြ နဲ့ တော်တော့ဝေးလွန်ပြီး လမ်ပန်း ဆက်သွယ်သွားလာရေးကလည်း ရေးလမ်းကြောင်းတခုကသာရှိပြီး ၊၀ါးဖေါင် ၊လှေ တို့ကိုအသုံးပြုသွားလာရတယ်။ မြို့ကိုတခါ ဆင်းရင် ၅ ရက်ခန့်ကြာတယ်ဆိုတော့ အစားအသောက်ကလည်းရှားပါးတယ်၊ ကလေးတွေဆို မုန်ပဲသရည်စာမမြင်ဖူးဘူး၊ မိဘ တို့ကလည်း ကလေးတွေကို အချိန်ပြည့် စောင့်ရှောက်ဖို့ အချိန်မရကြဘူး၊ မိုးလင်းကနေဝင်ထိ တောင်ယာမှာဘဲ အချိန်ပေးလုပ်ကိုင် နေကြရတယ်၊ကလေးတွေမှာ ဖြစ်သလိုနေ ဖြစ်သလိုစားနေကြရပြီး၊ အာဟာရချို့တဲ့၍ ဒီလိုရောဂါ၀င်ရောက်ဖြစ်ပွါးနေကြရသည်”ဟု ၎င်းဒေသမှ ကျောင်းထိုင် ဘုန်တော်ကြီး တပါး၏ ပြောပြချက်အရ သိရသည်။

“လက်ရှိဆေးခမ်းမှာရောဂါသည်ကလေးငယ် ၁၆ ဦးကျန်နေသေးတယ်၊  ရောဂါ ကောင်းသွားလို့ု ပြန်သွားတဲ့ ကလေးက စာရင်းအရဆိုရင် ကျမတို့ဆီကိုရောက်တာက ရောဂါသည်ကလေးငယ် ၆၈ ဦးရောက်ပါတယ်၊ အခုထက်ထိတော ့သေဆုံးတာမရှိပါဘူး။ တချို့ကျေးရွာမှာဆို နှီးစပ်ရာ စစ်စခန်းတွေမှာ ဆေးဝါး အကူညီ တောင်းခံပြီး သုံးစွဲနေ ကြတယ်လို့ သိရတယ်၊ ကျမ တို့မှာဆေးက ပြည့်ပြည်စုံစုံမရှိပေမဲ့ ရှိသလိုကြိုးစားပြီး ကုသရတာပေါ့နော်၊ ဒီရောဂါဖြစ်ရတာက ရာသီဥတုနဲ့လည်း ဆိုင်တယ်၊ ကလေးတွေက နေပူမရှောင် မိုးရွာမရှောင် အပြင်ထွက် ကစားကြတယ်။ ပြီးတော့ အမှည့်လွန် သစ်သီး တွေကို စားသုံးမှုကြောင်း ဒီရောဂါဖြစ်ပွါးတယ်လို့” တရွန်အိုင် ကျေးရွာမှ ကျေးလက်ဆေးခမ်းက သူနာပြုဆာရာဝန်မတဦးကပြောပြချက်ဖြင့်သိရှိရသည်။