ကျောင်းအပ်ရာတွင် ကျောင်းသားမိဘများကို ကြံ့ဖွံ့အဖွဲ့ဝင် လက်မှတ်ထိုးခိုင်းနေ

ကျောင်းအပ်ရာတွင် ကျောင်းသားမိဘများကို ကြံ့ဖွံ့အဖွဲ့ဝင် လက်မှတ်ထိုးခိုင်းနေ
by -
ခိုင်သော်က
ရခိုင်ပြည်နယ်တွင် မေလ ၂၉ ရက်နေ့က စတင်၍ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများအသီးသီးဖွင့်လှစ်ပြီး၊  ကျောင်းအပ်ရာတွင် ကျောင်းသားမိဘများ ကို ကြံ့ဖွံ့အဖွဲ့ဝင်အဖြစ် ၀င်ခိုင်းနေသည်ဟု....

ရခိုင်ပြည်နယ်တွင် မေလ ၂၉ ရက်နေ့က စတင်၍ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများအသီးသီးဖွင့်လှစ်ပြီး၊  ကျောင်းအပ်ရာတွင် ကျောင်းသားမိဘများ ကို ကြံ့ဖွံ့အဖွဲ့ဝင်အဖြစ် ၀င်ခိုင်းနေသည်ဟုသိရသည်။

အခြေခံပညာ မူလတန်း ကျောင်းသူ /သားတဦးကို တစ်ထောင် ၊အလယ်တန်း ကျောင်းသူ /သား တဦးကို နှစ်ထောင်၊ အထက်တန်း ကျောင်း သူ /သားတဦးကို သုံးထောင် ကျောင်း ၀င်ကြေး သွင်းရပြီး ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတန်၊ ဘောပင််စသည့် ကျောင်းသုံးပစ္စည်းများကို အပြင်ကဝယ်ယူသုံးရမည်ဟု သိရသည်။

မောင်တောမြို့က ကျောင်းသူ /သားမိဘတဦးအဆိုရ “ကျမ သမီးက ၃ တန်းဆိုတော မူလတန်း အဆင့်ပေါ့၊ ကျောင်းဝင်ကြေးက တစ်ထောင် သက်မှတ်ထားတဲ့ အတိုင်း သွင်းရတယ်၊ ကျောင်း သူ /သားမိဘတယောက်အဖြစ် လက်မှတ်ထိုးရတယ်၊ပီးရင် ကြံ့ဖွံ့ လျှောက်လွှာတစောင်ထုတ်ပေးတယ်၊ ကြံ့ဖွံ့အဖွဲ့ဝင်တယောက်အဖြစ်ပါ လက်မှတ် ထိုးခဲ့ရ တယ်လို့”ပြောပြသည်။

ဘူးသီးတောင်မြျိ့မှ ကျောင်း သူ/သားမိဘတဦးကလည်း “ ဒီနှစ် ကျောင်းသွားအပ်ရတာ ထူးဆန်းတယ်၊  ကျမ ကနှစ်တိုင်းလိုဘဲ ဘာကြေးညာကြေး သွင်းရမည်ထင်လို့ ငွေသုံး သိန်း ယူသွားတယ်၊ဘာကြေးမှမသွင်းခဲ့ရဘူး၊  ကျမသားက အထက်တန်း ကျောင်းသား ဆိုတော့ ကျောင်းဝင်ကြေး သုံးထောင်ဘဲသွင်းရတယ်၊ ဒါပေမယ့် နာမည်ဘယ်လို ခေါ် တယ်၊ အသက်ဘယ်လောက်လဲ၊ကျောင်းဘယ်နှစ်တန်းသင်ဘူးလဲ၊ ဘာအသင်းအဖွဲ့ တွေမှာ ၀င်ထားလဲ၊ အသေးစိတ်မေးတယ်၊ ပြီးရင်ကြံ့ဖွံ့ လျှောက်လွှာ တစောင်ထုတ်ပေးပြီး ကြံ့ဖွံ့အဖွဲဝင်တယောက်အဖြစ်လက်မှတ်ထိုးခိုင်းသည်” ဟုပြောပြသည်။

ယခင်နှစ်စဉ် ကျောင်းသွားအပ်ရင် ကျောင်းသားမိဘတယောက်အဖြစ်သာ လက်မှတ်တခါ ထိုးရတယ်၊ ယခုတော  ကိုယ်ရေးအကျဉ်းမေးတယ်၊ လျှောက်လွှာ တစောင်စီ ထုတ်ပေး တယ်၊ လျှောက်လွှာတွင် လက်မှတ်ထိုးခိုင်တယ်၊ စာအုပ်ကြီးမှာလက်မှတ်ထိုးခိုင်းတယ်၊ ဘာကြောင့် လက်မှတ်များများ ထိုးရတယ်လို့ ကျောင်းသားမိဘ တွေကိုမပြောပြဘူး၊  မြို့ပေါ်ကျောင်းသားကျောင်းသူမိဘများကတော  ကြံ့ဖွံ့ပါတီကို မဲပါပေးခဲ့ကြရပြီးဟု တီးတိုးပြောနေကြသည်ဟုအမည်မဖေါ်လိုသူ မိဘတဦးက ပြောပြသည်။