မောင်တောမြို့ရှိ ငါးလုပ်ငန်းအတွက် နစက မှ ငါးဖမ်း လက်မှတ် ထုတ်ပေး

မောင်တောမြို့ရှိ ငါးလုပ်ငန်းအတွက် နစက မှ ငါးဖမ်း လက်မှတ် ထုတ်ပေး
by -
ကုလားတန် သတင်းဌာန
မောင်တောမြို့ရှိ ငါးလုပ်ငန်းတွင် အလုပ်လုပ်နေသော ငါးဖမ်းသမားအတွက် ငါးဖမ်း လက်မှတ်ကို ဧပြီလ ၁၃ ရက်နေ့မှ စ၍ မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာရှိ နစက ဌာနချုပ်မှ ထုတ်ပေးနေကြောင်း ဒေသခံ ငါးဖမ်းသမားတဦးက....

မောင်တောမြို့ရှိ ငါးလုပ်ငန်းတွင် အလုပ်လုပ်နေသော ငါးဖမ်းသမားအတွက် ငါးဖမ်း လက်မှတ်ကို ဧပြီလ ၁၃ ရက်နေ့မှ စ၍ မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာရှိ နစက ဌာနချုပ်မှ ထုတ်ပေးနေကြောင်း ဒေသခံ ငါးဖမ်းသမားတဦးက ပြောပြသည်။

နစက ညွန်ကြားရေးမှူး ဒု ဗိုလ်မှူးကြီး အောင်ကြီးသည် ငါးဖမ်းသမားတဦးလျှင် ငွေ ၅၀၀ ကျပ်စီ ကောက် ခဲ့ပြီး ငါးဖမ်းလက်မှတ်ကို ထုတ်ပေးနေကြောင်း၊ ၎င်းသူသည် ပင်လယ်၊ မြစ်၊ ချောင်း၊ ပုဇွန်ကန် နှင့် ဆည်မြောင်းတို့တွင်အလုပ်လုပ်နေသူများ ဖြစ်ရမည်ဖြစ်ကြောင်း၊ ၎င်းအာလုံးကို နစက အကျိုးဆောင်တဦးမှ တဆင့် ပြုလုပ် ပေးနေကြောင်းသိရသည်။

၎င်းလက်မှတ်များမှ နစကများသည် ငွေမြောက်မြားစွာရရန် အခွင့်အရေးတခု ဖြစ်ကြောင်း စီးပွါးရေးသမား တဦးက ပြောပြသည်။

နစက၊ ရဲ ၊ စစ်ထောက်လှမ်းရေး ၊ စစ်တပ်နှင့် တခြား ဌာန ဆိုင်ရာတို့သည် ရိုဟင်ဂျာလူမျိုးများဆီမှ မည်ကဲ့ သို့ ငွေညှစ်နိုင်မည့် နည်းလမ်းရှာဖွေ့လေ့ ရှိနေ တတ်ကြောင်း၊ အထူးသဖြင့် စစ်တပ်နှင့် နစကများသည် လတ်ပေးပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်နိုင်ရန် အမြဲကြီုးစားလျှက် ရှိနေ တတ်ကြောင်း၊ ရခိုင်ပြည်မြောက်ပိုင်းရှိ ရိုဟင်ဂျာလူမျိုးဆီမှ နည်းမျိုးစုံ သုံးပြီး အလွယ်ဆုံးနည်းဖြင့် ငွေကို ရအောင်ပြုလုပ်ပြီး၊ တချို့သော နစက နှင့် စစ်ထောက် လှမ်းရေး များသည် သူတို့၏အဆက်အသွယ်ဖြင့် မိမိ နေရပ်သို့ ရွှေ နှင့် ငွေများပေးပို့လျက်ရှိကြောင်း မောင်တောမြို့မှ ကုန်သည်တဦး၏ ပြောပြချပ်အရ သိရ သည်။

ငါးဖမ်းလက်မှတ်တွင်  တိုင်းရင်းသားနေရာတွင် ရိုဟင်ဂျာ မသုံးဘဲ ဘင်္ဂါလီဟု သုံးထားကြောင်း သိရသည်။

ဤကဲ့သို့ ငါးဖမ်းလက်မှတ်ထုတ်ပေးပြီး ငွေရလမ်းရှာရန် ၎င်း၏အကျိုးဆောင်းများ၏ တိုက်တွန်းမှုကြောင်း သိရသည်။

ထို့အပြင် နစက ညွန်ကြားရေးမှူးသည် ကျေးရွာများတွင် ရိုဟင်ဂျာ မင်္ဂလာစုံတွဲအတွက်မင်္ဂလာဆောင်ခွင့် လက်မှတ်ကို သက်ဆိုင်ရာ ရယက ဥက္ကဌဆီမှ ထုတ်ယူ နိုင်ကြောင်း၊ ဗလီကျောင်းမွန်းမံပြင်ဆင်ရန် နှင့် အသစ် ဆောက်ခွင့်ကိုလည်း ပေးမည်ဖြစ်ကြောင်း၊ ရိုဟင်ဂျာများအား အနီရောင် နိုင်ငံသား စီစစ်ရေးကပ်ပြား များ ထုတ်ပေးမည်ဖြစ်ကြောင်း၊၎င်းစီစစ်ရေးကပ်ပြားပေါ်တွင် ဘင်္ဂါလီ မူဆလင် သို့မဟုတ် မြန်မာ မူဆလင်ဟု ရေးမည်ဖြစ်ပြောဆိုနေကြောင်း ကျောင်းဆရာတဦးက ပြောပြသည်။