ရခိုင်ပြည် မြောက်ပိုင်းတွင် စစ်ထောက်လှမ်းရေးများ ပိုမို နေရာယူ

ရခိုင်ပြည် မြောက်ပိုင်းတွင် စစ်ထောက်လှမ်းရေးများ ပိုမို နေရာယူ
by -
ကုလားတန် သတင်းဌာန
ရခိုင်ပြည် မြောက်ပိုင်း နယ်စပ် တလျှောက်ရှိ နယ်စပ် လုံခြံုရေးတပ် (နစက) စခန်းများတွင် ဧပြလ ၅ ရက်နေ့မှ စ၍ စစ်ထောက်လှမ်းရေးများ ပိုမို နေရာ ယူထား ကြောင်း မောင်တောမြို့မှ နစက နှင့် နီးစပ်သူတဦး၏ပြောပြချက်အရ...

ရခိုင်ပြည် မြောက်ပိုင်း နယ်စပ် တလျှောက်ရှိ နယ်စပ် လုံခြံုရေးတပ် (နစက) စခန်းများတွင် ဧပြလ ၅ ရက်နေ့မှ စ၍ စစ်ထောက်လှမ်းရေးများ ပိုမို နေရာ ယူထား ကြောင်း မောင်တောမြို့မှ နစက နှင့် နီးစပ်သူတဦး၏ပြောပြချက်အရ သိရသည်။

စစ်ထောက်လှမ်းရေး သုံးယောက်စီကို မြန်မာ ဘင်္ဂါလာဒေးရှ်နယ်စပ် တလျှောက်ရှိ နစက စခန်းများတွင် နေရာချထားကြောင်း ၎င်းကပင် ဆက်လက်ပြောဆိုသည်။

“ယခင်က ကျွန်တော်တို့စခန်းတွင် စစ်ထောက်လှမ်းရေး တယောက် ဘဲရှိခဲ့တယ်၊ ယခု သုံးယောက်ထားတယ်၊ ၎င်းတို့ကား တပ်ကြပ်ကြီး တဦး၊ ဒုတပ်ကြပ် တဦး နှင့် ရဲဘော် တဦး စီကို ထားတယ်၊” ဟု နစက အရာရှိ တဦး၏ပြောပြချက်အရ သိရသည်။

စစ်ထောက်လှမ်းရေးများ နေရာယူထားသည့်နေရာများတွင် လာမည့် ရွှေကောက်ပွဲ အတွက် ပြည်သူလူထု၏ ဆန္ဒများကို အထူးလေ့လာရန် လာရောက် တာဝန် ထမ်းဆောင်ခြင်း်ဖြစ်ကြောင်း ၎င်း အရာရှိကပင် ပြောဆိုသည်။

“ယခင်က စစ်ထောက်လှမ်းရေး တဦး၏ နှိပ်စက်မှုကို ရင်ဆိုင်နေရပြီး၊ ယခု စစ်ထောက်လှမ်းရေး သုံးဦး်၏ နှိပ်စက်မှု နှင့် ငွေညှစ်မှု များကို ခံရမည်ဖြစ်ကြောင်း” တောင်ပြိုမြို့နယ်ခွဲမှ လူကြီးတဦး၏ ပြောပြချက်အရ သိရသည်။

စစ်ထောက်လှမ်းရေးနှင် နစက ကြားတွင် ကျွန်တော်တို့လုပ်နေသည့် နယ်စပ်ကုန်ကူးသ မားများအတွက် ပိုမို ခက်ခြဲ့့ပီး၊ အလုပ် လုပ်ရာတွင်လည်း တွင်ကျယ်လိမ့်မည် မဟုတ်ကြောင်း တရားမဝင် နယ်စပ် ကုန်ကူးသူတဦး၏ ပြောပြချက်အရ သိရသည်၊