နယ်စပ် ကုန်သွယ်ရေးဂိတ်သစ် တခု အပူတပြင်း တည်ဆောက်နေ

နယ်စပ် ကုန်သွယ်ရေးဂိတ်သစ် တခု အပူတပြင်း တည်ဆောက်နေ
by -
ခိုင်သော်က
ရခိုင်ပြည်နယ်၊  မောင်တောမြို့နယ်အတွင်းရှိ  နစကနယ်မြေ(၅)တွင် နယ်စပ် ကုန်သွယ် ဂိတ်သစ်တခုကို ယခုအခါ အပူတပြင်းတည်ဆောက်လျှက်ရှိနေကြောင်း ဒေသခံကုန်သည် တဦး၏....

ရခိုင်ပြည်နယ်၊  မောင်တောမြို့နယ်အတွင်းရှိ  နစကနယ်မြေ(၅)တွင် နယ်စပ် ကုန်သွယ် ဂိတ်သစ်တခုကို ယခုအခါ အပူတပြင်းတည်ဆောက်လျှက်ရှိနေကြောင်း ဒေသခံကုန်သည် တဦး၏ သတင်း ပေးပို့ချက်အရ သိရှိရသည်။

အဆိုပါ နယ်စပ် ကုန်သွယ်ရေး ဂိတ်သစ်ကို နစကနယ်မြေ(၅)ပိုင် ငခူရကျေးရွာအုပ်စု ငခူရ ကျေးရွာ၏ ဗလီကျောင်းအနောက်ဖက် ရှိ သာသနာပိုင်မြေကွက်၌ မတ်လ(၁၈)ရက်နေ့မှ စ၍ နယ်မြေမှူး ဗိုလ်မှူးစံဝင်းခိုင် ကိုယ်တိုင်ဦးစီး ကြီးကြပ်၍ တည်ဆောက်နေကြောင်း အမည်မဖေါ်လိုသူ ငခူရကျေးသားတဦး၏ပြောပြချက်အရ သိရှိရသည်။

နယ်စပ် ကုန်သွယ်ရေး ဂိတ်သစ်ကို အချိန်တိုတို အတွင်း တည်ဆောက်ပြီးစီးရန် အထက်မှ ညွှန်ကြားထားသဖြင့် ငခူရကျေးရွာသား နေစဉ်(၅၀)မှ(ဂဝ)ဦးထိ အခမဲ့လုပ်အားပေး စေခိုင်ခံနေရကြောင်း ၎င်းကျေးရွာသားကပင် ဆက်လက် ပြောပြသည်။

နယ်စပ်ကုန်သွယ်ရေးဝန်ထမ်းတို့လည်း ယခုမတ်လ(၃၀)ရက်နေ့တွင် လာရောက် အခြေပြု နေထိုင်ကြမည်ဟု ဆက်လက်စုံစမ်သိရှိရပါသည်။

Most read this week