ပလက်ဝ - ကျောက်တော် ကားလမ်း စီမံကိန်း အတွက် ကျေးရွာ အနည်းဆုံး ၅ ရွာ ပြောင်းရွေး ခံရဘွယ်ရှိ ကြောင်း ကျောက်တော်မြို့ အာဏာပိုင်များနှင့် နီးစပ်သူတဦး က ပြောပြသည်။
စစ်အစိုးရ၏ နယ်စပ် တိုးတက် ဖွံ့ဖြိုးရေး စီမံကိန်း အရ ယခု နှစ်တွင် ဆေက်လုပ်မည် ချင်းပြည်နယ် ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့ကားလမ်စီမံကိန်းတွင် ကျောက်တော်မြို့နယ်ပိုင် ခမီးအမျိုးသားကျေးရွာ(၂)ရွာ ၊ ရခိုုင်အမျိုးသားကျေးရွာ(၁)ရွာ နှင့် ပလက်ဝမြို့နယ်ပို်င် ချင်းအမျိုးသားကျေးရွာ(၂)ရွာအနည်းဆုံးရွေးပြောင်းခံရမည့်အပြင် ပြည်သူများ လုပ်ကိုင်စားသောက် နေသော မြေဧကပေါင်း တစ်ထောင်ကျော်ခန့် သိမ်း ဆည်း ခံရမည်ဟု ၎င်းကပင် ပြောပြသည်။
ကားလမ်ဖေါက်လုပ်မည်နေရာများကို ယခုနှစ် မေလမှာ သက်မှတ် တိုင်းထွာ လိမ္မည်ဟု လည်း ၄င်းမှပြောပြခဲ့သည်။
၎င်းကားလမ်း ဖေါက်လုပ်ပါက ဆင်းရဲသား တောင်သူလယ်သမား အများအပြား အိုးမဲ့ အိမ် မဲ့ ဖြစ်နိုင်ကြောင်းပလက်သမြို့ခံတဦး၏ပြောပြချက်အရ သိရသည်။
စစ်အစိုးရသည် ဒေသခံပြည်သူများအား ပြန်လည် နေရာချထားမည်နေရာသည့် ပြည်သူ လူထု အတွက် အဆင်ပြေမပြေကို ၎င်း၊ အကယ်၍ ပြန်လည်နေရာ ချထားမှုများမရှိပါ ၎င်း ကျေးရွာပြည်သူများ အတိဒုက္ခရောက်နိုင်ကြောင်း ကျောက်တော်မြို့မှ နိုင်ငံရေး သမား တဦး၏ ပြောပြချက်အရ သိရသည်။
ပြောင်းရွေးခံရမည်ကျေးရွာအမည်များမှာ လောင်ရှည် (ရခိုင်ရွာ)၊ ပြိုင်ထိုင် (ချင်းရွာ)၊ သဲမှှုန်းဝ (ခမီရွာ)နှင့် တခြား ကျေးရွာ နှစ်ရွာ တို့ဖြစ်ကြောင်း ပြောပြသည် ။