တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည ) အတွွက် နစက စည်းရုံးမဲဆွယ်နေ

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည ) အတွွက် နစက စည်းရုံးမဲဆွယ်နေ
by -
ခိုင်သော်က
ရခိုင်ပြည် မောင်တောမြို့နယ် နစကနယ်မြေအတွင်းရှိ ကျေးရွာရယကဥက္ကဌများ၊ အတွင်း ရေးမှူးများ၊  ပြည်သူ့စစ်ခေါင်းဆောင်များ၊  ကြံ့ဖွက်ခေါင်းဆောင်တို့နှင့် စီးပွွါးရေးသမား များကို သက်ဆိုင်ရာနယ်မြေမှူးတို့မှ နယ်ရုံးသို့ခေါ်ယူ၍တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီအတွက်...

ရခိုင်ပြည် မောင်တောမြို့နယ် နစကနယ်မြေအတွင်းရှိ ကျေးရွာရယကဥက္ကဌများ၊ အတွင်း ရေးမှူးများ၊  ပြည်သူ့စစ်ခေါင်းဆောင်များ၊  ကြံ့ဖွက်ခေါင်းဆောင်တို့နှင့် စီးပွွါးရေးသမား များကို သက်ဆိုင်ရာနယ်မြေမှူးတို့မှ နယ်ရုံးသို့ခေါ်ယူ၍တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ပါတီအတွက် စည်ရုံးမဲဆွယ်လျှက်ရှိသည်ဟုသိရသည်။

နယ်မြေမှူးက ကျွန်တော်တို့ကိုခေါ်ယူပြီး ထုတ်ပြန်ထားသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ များကိုဖက်ပြပါတယ်၊ ဒီဥပဒေတွေဟာ တနိုင်ငံလုံးရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံမှအတည် ပြုထောက်ခံထားသည့်် ဥပဒေဖြစ်တယ်၊ ပြီးတော် တိုင်းရင်းသား လူမျိုးပေါင်းစုံကိုိ ကိုယ်စား ပြုထားသော တိုင်းရင်းသားစည်လုံးညီညွတ်ရေးပါတီကို ထောက်ခံကြရမယ်၊ လူမျိုးမခွဲ ဘာသာမရွေး တန်တူအခွင်းရေးပေးမယ်၊ စသဖြင့် တစညအတွက် မဲဆွယ်ဟော ပြောပြပြီး စာရွက်ဖြူတွင် လက်မှက်ထိုးခိုင်း၍ ပြန်လွှက်လိုက်ကြောင်း အမည်မဖေါ်လိုသူ ဒေသခံ စီးပွါးရေးသမားတဦးမှ ပြောပြသည်။

ယခုလို နစက နယ်မြေမှူးတွေက ရပ်ရွာလူကြီးများကို ခေါ်ယူ၍(တစည) အတွက် မဲဆွယ် စည်းရုံးနေဒါဟာ နအဖဝန်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန် ၏ ရခိုင်ပြည် ဘူးသီးတောင်မြို့ ခရီးစဉ်နောက်ပိုင်းတွင်ဖြစ်ကြောင်း ၎င်းစီးပွါးရေးသမားမှ ပင် ဆက်လက်ပြောပြသည်။

မတ်လ(၁၆)ရက်နေ့တွင် နယ်မြေ(၁)နှင့်နယ်မြေ(၂) မှာ၎င်း၊  မတ်လ(၁၇)ရက်နေ့တွင် နယ်မြေ(၃)တောင်ပြိုမြို့သစ် မှာ၎င်း၊ မတ်လ(၁၈)ရက်နေ့တွင် နယ်မြေ(၄) နှင့်နယ်မြေ(၅) တို့တွင်အသီးသီးပြုလုပ်ခဲ့ကြသည်ဟုလည်းအမည်မဖေါ်လိုသူပြည့်သူ့စစ်ခေါင်းဆောင်တဦးမှ ပြောပြသည်။