ဘူးသီးတောင်မြို့တွင် ရိုဟင်ဂျာ အမျိုးသမီးတဦးအား အတင်းအားဓမ္မပြုကျင့်

ဘူးသီးတောင်မြို့တွင် ရိုဟင်ဂျာ အမျိုးသမီးတဦးအား အတင်းအားဓမ္မပြုကျင့်
by -
မင်းဦး
ဘူးသီးတောင်မြို ့အခြေစိုက် စစ်ဗျူဟာ ကွက်ကဲရေးဌာနချုပ် စကခ ၁၅ မှ တပ်ကြပ် မျိုးနိုင် နှင့် ရဲဘော်နှစ်ဦးတို့သည် ဖုံညိုလိပ်ကျေးရွာနေ ရိုဟင်ဂျာ အမျိုးသမီး တဦးအား ဖေဖေါ်ဝါရလ ၂၂ ရက်နေ့ ညနေ တွင် အတင်း အဓမ္မပြုကျင့်ခဲ့ကြောင်း ၎င်းကျေးရွာမှ ကျေးရွာသား တဦး၏...

ဘူးသီးတောင်မြို ့အခြေစိုက် စစ်ဗျူဟာ ကွက်ကဲရေးဌာနချုပ် စကခ ၁၅ မှ တပ်ကြပ် မျိုးနိုင် နှင့် ရဲဘော်နှစ်ဦးတို့သည် ဖုံညိုလိပ်ကျေးရွာနေ ရိုဟင်ဂျာ အမျိုးသမီး တဦးအား ဖေဖေါ်ဝါရလ ၂၂ ရက်နေ့ ညနေ တွင် အတင်း အဓမ္မပြုကျင့်ခဲ့ကြောင်း ၎င်းကျေးရွာမှ ကျေးရွာသား တဦး၏ ပြောပြချက်အရ သိရသည်။

တပ်ကြပ် မျိုးနိုင် နှင့်ရဲဘော်နှစ်ဦးတို့သည် ဘူးသီးတောင်မြို့အခြေစိုက် စကခ ၁၅ ဌာနချုပ် စခန်းအား ပြန်လည် မွန်းမံ တည်ဆောက်ရန်် အသုံးပြုမည့် အလုပ်သမားများရှာဖွေ စုဆောင်း ရန် နစက နယ်မြေ ၉ ရှိ ဖုံညိုလိပ် စခန်းသို့  ရောက်ရှိနေသည့် စကခ ၁၅ မှှ ဗိုလ် ကျော်လင်း မောင်ဦးစီးသည့် တပ်စု မှ ဖြစ်ကြောင်း  အဆိုပါ ကျေးရွာသားမှ ပြောပြသည်။်

၎င်း ရိုဟင်ဂျာ အမျိုးသမီးမှာ ဖုံညိုလိပ်ကျေးရွာနေ ဦးဆော်လိမ််မူလာ၊ အသက် ၅၃ နှစ်၏သမီး မုစ်တာဖါေဘေဂေါမ် အသက် ၂၁ ဖြစ်သည်။

မုစ်တာဖါေဘေဂေါ မှာ ဖေဖေါ်ဝါရလီ ၂၂ ရက်နေ့ ညနေ ၆ နာရီခန့်တွင် နေအိမ်မှရေခတ် ထွက်လာစဉ် လမ်းတွင် တပ်ကြပ် မျိုးနိုင်နှင့်ရဲဘော်နှစ်ဦးက အတင်းအဓမ္မဆွဲငင််ပြီး ပြုကျင့်နေသည်ကိုတွေ့ခဲ့သူ တရွာတည်းနေ ကျေးရွာသားမျက်မြင်တဦးက အဖေဖြစ်သူ ဦးဆော်လိမ််မူလာကို သွားရောက် ပြောပြကြောင်း ၎င်းဒေသခံမှ ဆက်လက် ပြောဆိုသည်။

ဦးဆော်လိမ််မူလာ နှင့် အတူ ကျေးရွာလူကြီးများ၊ ကျေးရွာကောင်စီဝင်များ က စစ်တပ် တာဝန်ခံ ဗိုလ်ကျော်လင်းမောင်ထံ သွားရောက်တိုင်ကြားရာတွင်စစ်ဆေးခြင်းမပြုသည့် အပြင် ခြိမ်းခြောက်၍ ရိုက်နှိက်ခဲ့ကြောင်း ကျေးရွာ ကောင်စီဝင်တဦး၏ပြောပြချက််အရ သိရသည်။

“ တို့တပ်ဖွဲ့မှ ဒီအချိန်တွင် ရဲဘော်တွေ်အပြင်ကိုထွက်၍မရှိဘူး၊ စစ်တပ််ကို စော်ကားတယ်” ဆိုပြီး ဒုတ်ဖြင့်ရိုက်နှိက််သည့်အပြင် နောက်တခါဆိုရင် စစ်တပ်ကိုမတရားစွတ်စွဲတဲ့ ပုဒ်မဖြင့် ထောင်ထဲထည့်ပေးမည်ဟုခြိမ်းခြောက်လွှတ်လိုက်ကြောင်း အမည်မဖေါ်လိုသူ ရွားသားတဦးမှ ပြောသည်။

Most read this week