ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကမ်စောက်ကျေးရွာ၏ အနောက်ဖက်ရှိ နွားစားကွင်းများကို တပ်ပိုင်လယ်မြေအဖြစ် ဖေါ်ထုတ်လျျှက် ရှိရာတွင်ဒေသခံပြည်သူများအား အတင်းအားဓမ္မ အခမဲ့စေခိုင်းနေသည်ဟု သတင်းရရှိသည်။
ကျောက်တော်မြို့နယ် ဒေါင်းတောင်ယိုး အခြေစိုက် စစ်ဗျူဟာ ကွပ်ကဲရေးဌာနချုပ် စခက(၉)၏ လက်အောက်ခံ ခမရ(၅၃၉) ပိုင်လယ်မြေဧက (၁၂၀)ကို ယခုနှစ်ဖေဖါ၀ါရီလ(၁၃)ရက်နေ့မှစ၍ ရတနာပုံ အလေရွာ နှင့် ခေါင်းဒုတ် မူဆလင်ကျေးရွာတို့မှ ရွာသူရွာသား(၈၀) မှ(၁၀၀)ထိ နေ့စဉ့်် အတင်းအားဓမ္မခေါ်ယူပြီး နံနက်(၉)နာရီမှ ညနေ(၄)နာရီအချိန်ထိ ကိုယ်ထမင်းထုတ် ကိုယ်စီ ဖြင့် လုပ်အားပေးစေခိုင်းခံနေရကြောင်း လူသားချင်း စာနာထောက်ထားသူ ဒေသခံ အမည် မဖေါ်လိုသူတဦးမှ ပြောပြသည်။
ကျောက်တော်မြို့နယ် ဒေါင်းတောင်ယိုးအခြေစိုတ် စစ်ဗျူဟာကွပ်ရေးဌာနချုပ် စကခ(၉) ၏လက်အောက်ခံ တပ်များဖြစ်သော ခမရ (၅၃၉ ၃၇၇ ၃၇၄ ၃၇၅ ၃၇၆) တို့ကို တပ်ပိုင် အဖြစ်မြေရိုင်းများရှာဖွယ်၍တပ်တွင်းတပိုင်တနိုင်လယ်မြေဖေါ်ထုတ်ကြရန်ညွှန်ကြားထားသ ဖြင့် သရက်အုတ် ကျောက်တလုံး ပြင်လှနှင့်အလေကျွန်ရွာသားများ ပိုင်ဆိုင်သော နွားစားကွင်း တို့ကို တပ်ရင်းအလိုက်တိုင်းထွာပြီး လူအား စက်အားများကို အသုံးပြုကာ အပြိုင်အဆိုင်လယ် မြေ ဖေါ်ထုတ်လျှက် ရှိကြောင်းကျောက်တော်မြို့ခံ အမည်မပြောလိုသူ ကျောင်းဆရာဦးက ပြောပြသည်။
ဒေသအတွင်း ကြက်ဆူခင်း ရော်ဘာခင်း ကားလမ်း တံတားနှင့်တပ်ပိုင်သီးနှံစိုက်ပျိုးခင်းများ အနီးတဝိုတ်တွင် ကျွဲ နွားဖြတ်သန််းသွားလာခွင်းမပြုရ၊ ဖြတ်သန်း သွားလာနေကြောင်း တွေ့ရှိပါက ကျွဲ နွား ပိုင်ရှင်များကို ဒါဏ်ခတ်ခံရမည်ဟု ဆိုင်းပုဒ်များ စိုတ်ထူထားပြီး နေ့စဉ် ကျွဲနွားအကောင် နှစ်ဆယ်ခန့် ကို ဖမ်းဆီး၍ တကောင်လျှင်(၁၅၀၀ မှ ၂၀၀၀) ကျပ်ထိ ဒါဏ်ခတ်ခံနေကြရသဖြင့် ကျွဲ နွားများကိုအားထားကာ လယ်လုပ်ကိုင် စားသောက်နေကြသော လယ်သမားများတို့မှာ ကျွဲနွား ထိန်းကျောင်းရန် အလွန်အခတ်ကြံုနေကြရသည်ဟု ဆက်လက်စုံ စမ်းသိရှိရပါသည်။