ရိုဟင်ဂျာ လူမျိုးများအား အဖြူရောင် စီစစ်ရေးကဒ်ပြား ထုတ်ပေး

ရိုဟင်ဂျာ လူမျိုးများအား အဖြူရောင် စီစစ်ရေးကဒ်ပြား ထုတ်ပေး
by -
ကုလားတန် သတင်းဌာန
ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်တွင် စစ်အစိုးရမှ ရိုဟင်ဂျာလူမျိုးများအားအဖြူရောင် စီစစ်ရေးကဒ်ပြားများကို သြဂုတ်လနောက်ဆုံးပတ်မှစ၍ထုတ်ပေးနေကြောင်း ဒေသခံ လူကြီးတဦး၏ ပြောပြချက်အရ သိရ ...

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်တွင် စစ်အစိုးရမှ ရိုဟင်ဂျာလူမျိုးများအားအဖြူရောင် စီစစ်ရေးကဒ်ပြားများကို သြဂုတ်လနောက်ဆုံးပတ်မှစ၍ထုတ်ပေးနေကြောင်း ဒေသခံ လူကြီးတဦး၏ ပြောပြချက်အရ သိရသည်။

အဖြူရောင်စီစစ်ရေးကဒ်ပြားများကို မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စုတွင် သြဂုတ်လ ၂၂ ရက်နေ့မှစတင်ပြီး၊ အသက်အရွယ် ၁၀ နှစ်အထက်ရှိသူများအား ထုတ်ပေးနေကြောင်း ၎င်းကပင် ပြောဆိုသည်။

“သို့သော် သက်ဆိုင်ရာ အာဏာပိုင်များက အဖြူရောင် စီစစ်ရေးကဒ်ပြားပေါ်တွင် ဘင်္ဂါလီ လူမျိုး ဟူ၍ ရေးသားပြီး၊ ကာယကံရှင်ပြောဆိုသည့် ရိုဟင်ဂျာ လူမျိုးဟူ၍ မရေးသားခဲ့ ကြောင်း၊ ကျနော်တို့သည် ရိုဟင်ဂျာလူမျိုးသာဖြစ်ကြောင်း” ရွှေဇားကျေးရွာမှ ကျောင်းသား လူငယ်တဦးက ပြောခဲ့ကြောင်း သိရသည်။

အာဏာပိုင်များသည် ကဒ််ပြားတခုအတွက် ကျပ်ငွေ ၃၀၀၀ စီ ကောက်ခံနေသည့်အတွက် ဆင်းရဲသားများ မတတ်နိုင််၍ အခက်အခဲ နှင့် ရိုင်ဆိုင်နေကြောင်း၊ သို့သော် အစိုးရ သတ်မှတ်ကြေးမှာ ၎င်းကဒ်ပြားတခုလျှင် ကျပ် ၅၀၀ သာ ဖြစ်ကြောင်း သိရသည်။

ရွှေဇားအုပ်စုတွင် ကဒ်ပြား ၁၀၀၀ ထုတ်ပေးခဲ့သော်လည်း ၊ ငွေမတတ်နိုင်သည့် ဆင်းရဲသား များအား ထုတ်ပေးခြင်း မရှိကြောင်း သိရသည်။

ရိုဟင်ဂျာလူမျိုးများအား တခြား မြန်မာတိုင်းရင်းသားများကို ထုတ်ပေးသည့် နိုင်ငံသား ကဒ် (၀ါ)နိုင်ငံသားစီစစ်ရေးကဒ်ပြားများအား ထုတ်ပေးခြင်းမရှိ ၊ အဖြူရောင် စီစစ်ရေး ကဒ်ပြားများကိုသာ ထုတ်ပေးခြင်းသာဖြစ်သည်။

“အဘယ့်ကြောင်း ကျနော်တို့အား နိုင်ငံသားကဒ်ပြား (၀ါ) နိုင်ငံသား စီစစ်ရေး ကဒ်ပြား ပေး ရန် ငြင်းဆန်ခဲ့သနည်း။ ကျနော်တို့သည် ဤမြေတွင်မွေးပြီး၊ ဤမြေတွင် ကြီးပြင်းလာခဲ့ပြီး၊ ဤမြေတွင်သာ သေရမည်ဖြစ်သည်။ကျနော််တို့တွင် ခိုင်မာသော သမိုင်းအထောက် အ ထား ရှိသည်။၎င်းသမိုင်းအဖောက်အထားအရ ကျနော်တို့သည် တိုင်းရင်းသားလူမျိုးများ ဖြစ်သည်။ကျနော်တိုကို ယ္ခင် ဒီမိုကရေစီ အစိုးရ က အသိအမှတ်ပြုခဲ့ကြောင်း” အမည်မဖေါ် လိုသူ မောင်တောမှ ကျောင်းဆရာတဦးက ပြောပြသည်။