နစက အရာရှိတဦးအား အိမ်ထဲမဝင်ရန် ရိုဟင်ဂျာ အမျိုးသမီး တားဆီး

နစက အရာရှိတဦးအား အိမ်ထဲမဝင်ရန် ရိုဟင်ဂျာ အမျိုးသမီး တားဆီး
ရခုုိင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ် မောင်နီကျေးရွာတွင် သြဂုတ်လ ၁၈ ရက် နေ့၌ ရိုဟင်ဂျာအမျိုးသမီးသုံးဦးသည် နယ်စပ်လုံခြံုရေးတပ်ဖွဲ့ဝင် အရာရှိတဦးအား ရှာဖွေ ၀ရမ်းမပါ၍သူတို့အိမ်ထဲသို့ဝင်ခြင်းမပြုခဲ့ ...

ရခုုိင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ် မောင်နီကျေးရွာတွင် သြဂုတ်လ ၁၈ ရက် နေ့၌ ရိုဟင်ဂျာအမျိုးသမီးသုံးဦးသည် နယ်စပ်လုံခြံုရေးတပ်ဖွဲ့ဝင် အရာရှိတဦးအား ရှာဖွေ ၀ရမ်းမပါ၍သူတို့အိမ်ထဲသို့ဝင်ခြင်းမပြုခဲ့ကြောင်း ၎င်းကျေးရွာမှ သက်ကြီးအရွယ် တဦး၏ ပြောပြချက်အရ သိရှိရသည်။

မောင်နီကျေးရွာ၊ နစက ကင်းစခန်းအမှတ် ၁ မှ ဗိုလ်ကြီး အောင်မျိုးသန်း ဦးဆောင်သော တပ်ဖွဲ့ဝင် ၁၅ ဦးသည် ၎င်းတို့၏ သတင်းပေး မိုဟာမတ် အာလောမ် နှင့် အတူ ၎င်းကျေးရွာနေ ဦးတာဟဲရ်ဟူဆောင်းသည် တရားမဝင် ဘင်္ဂါလာဒေရှ် မိုလ်ဘိုလ်ဖုံး သုံးစွဲ နေသည့်ဟု စွဲဆိုပြီး ၎င်းဖုံးကိုရှာရန်အိမ်ထဲသို့ဝင်ခြင်းကို ဦးတာဟဲရ်၏သမီး သုံးဦးက တားမြစ်သည့်အတွက်စကားများကြကြောင်း၎င်းသက်ကြီးကပင် ဆက်လက်ပြောဆိုသည်။

စကားများရာမှ အမျိုးသမီးးမျာက အရာရှိ အား တွန်းလိုက်သည့်အတွက် တာဝန်ကျအရာရှိ
အား နှောက်ယှက်မှုဖြင့် ၎င်းတို့မိသားစု အားလုံးအားဖမ်းဆီးခြင်း၊ ၎င်းအချိန်တွင် အိမ်တွင် မရှိသောဦးတာဟဲရ်ဟူဆောင်းအာလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျေးရွာ ရယက အဖွဲဝင်တဦးမှ ပြောပြသည်။

နစက အဖွဲ့ဝင်များသည် အိမ်ထဲသို့ဝင်ပြီး ရှာဖွေခဲ့သော်လည် တရားမဝင် ဘာတခုမျှ မတွေ့ခဲ့ကြောင်း၊ သို့တော် သတင်းပေး မိုဟာမတ်အာလောမ် က အိမ်ထဲတွင် ပြတင်း ပေါက်၏အထက်ဘောင်တွင် မိုလ်ဘိုလ်ဖုံးတခုတွေ့ရှိကြောင်း နောက်ဆုံးတွင်အော်ပြောပြီး ဖုံးကို ယူဆောင်လာကြောင်း ၎င်းရယကမှပင် ဆက်လက် ပြောပြသည်။

နောက်ဆုံးတွင် အိမ်ရှင် ဦးတာဟဲရ်မှအပါး ကျန်မိသားစုများကို ငွေ ကျပ် ၅ သိန်းပေးပြီး လွှတ်ပေးရန် ရယက မှ ဆောင်ရွက်ပေးကြောင်း ၎င်းဦိးတာဟဲရ်၏ ဆွေမျိုးတဦးက ပြောပြသည်။

မိုဟာမတ်အာလောမ်သည် အရက်သမားနှင့် ဖဲသမားတဦးဖြစ်သည်အပြင် နစကများ၏ သြဇာအာဏာများကို အသုံးပြုပြီးကျေးရွာ ပြည်သူများအားငွေညှစ်နိုင်ရန်အတွက် နှိပ်စက် ဖိနှိပ် ချုပ်ချယ်နေသူတဦးဖြစ်သည်။ ဗိုလ်ကြီး အောင်မျိုးသန်းသည် ကျေးရွာ ပြည်သူများ အား ဘင်္ဂါလာဒေရှ် နိုင်ငံသုံး မိုလ်ဘိုလ်ဖုံး ကို ေငွေယူပြီးအသုံးပြုခွင့်ပေးနေသူတဦး ဖြစ်ကြောင်း မောင်တောမြိုမှ ကျောင်းဆရာတဦးမှ ပြောပြသည်။