ရခိုင်ပြည်မြောက်ပိုင်းဖြစ်သော မောင်တော၊ ဘူသီးတောင်မြို့နယ်များတွင် မြန်မာ ကျပ်ငွေ တထောင်တန် အတုများကို ဤလဆန်းပိုင်မှစ၍ တွေ့ရှိရကြောင်း အမည်မဖေါ်လိုသူ မောင်တောမြို့နယ်မှ အရာရှိတဦး၏ ပြောပြချက်အရ သိရှိရသည်။
မောင်တော နှင့် ဘူသီးတောင်မြို့နယ်ရှိ စျေးများတွင် ၎င်းငွေအတုများကို တွေ့ရှိရ ကြောင်း၊ သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များနှင့် အဝတ်ဖြူ လုံခြံုရေး တပ်ဖွဲ့ဝင်များတွင် သတင်းအချက်အလက်များရှိသော်လည် အမှန်တကယ် ကျူးလွန်သူကို ဖေါ်ထုတ်နိုင်ရန် အတွက် ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း၎င်းမှပင် ဆက်လက်ပြောဆိုပါသည်။
ရခိုင်ပြည်မြောက်ပိုင်းရှိ ငွေအပြောင်းအလွှဲ လုပ်ကိုင်သူများကလည် တထောင်တန်မြန်မာ ကျပ်ငွေ အတုများတွေ့ရ၍ သူတို့လုပ်ငန်းတွင် သေချာစွာ စစ်ဆေးပြီး လုပ်ကိုင်လျက်ရှိ
ကြောင်း ဘူသီးတောင်မြို့ မှ ကုန်သည်တဦး၏ပြောပြချက်အရ သိရှိရသည်။
စစ်တွေမြို့နှင့် တခြားဒေသများတွင် ဤငွေအတုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားမှုများရှိ သော်လည် သက်ဆိုင်ရာ အာဏာပိုင်များမှ ထုတ်ဖေါ် ပြောဆိုမှုများမရှိကြောင်း မောင် တောမြို့နယ် မယက အဖွဲ့ဝင်တဦးက ပြောပြသည်။
“ စျေးထဲတွင် ငွေစက္ကူများရောက်နေကြောင်း အာဏာပိုင်များ သိပေမယ်၊ ဘာကြောင် အရေးယူမဆောင်ရွက်သလဲ၊ ၎င်းနောက့်ွယ်တွင် အကြောင်းတခုခုရှိရမယ်” ဟု မောင်တောမြို့မှ ကျောင်းဆရာတဦးကပြောဆိုသည်။
၎င်းငွေအတု၏အွကြောင်းအရာများကို ဌာနဆိုင်ရာမှ ထုတ်ဖေါ်ပြောဆိုခြင်းမရှိသည့် အတွက် ဆင်းရဲသား နေ့စားအလုပ်သမားများသာ ဒုက္ခရောက်နိုင်ကြောင်း ကို၎င်း ကျောင်းဆရာမှပင် ဆက်လက်ပြောဆိုသည်။
“ငွေအတုတွေ ငါတို့ မြို့မှာ သုံးနေတယ်ဆိုဒါ ငါအတွက် ပထမဦးဆုံးဘဲ၊ ငါအထင်တော့ ဒီဟာက ငါတို့မြို့ကို ပျက်စီးဖို အစီစဉ်တခုလို ငါထင်တယ််” ဟု သက်ကြီး ကုန်သည်တဦးက သူ့ခံစားချက်ကို ပြောပြသည်။